Ni July ကဗျာ

နီဇူလိုင် ● အရောင်နဲ့ အလှ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 နီဇူလိုင် ● အရောင်နဲ့ အလှ  
(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၁၆


အရောင်နဲ့ အလှ
လူကလေးရေ
ကြည့်လေ……။

တော၊ တောင် ၊ရေ၊ မြေ။
တောဆိုလည်း၊ တောအရောင်
တောင်ဆိုလည်း၊ တောင်အရောင်နဲ့။

ပင်လယ်ပြာ မြစ်ပြင်ပြာ
ဝဲဂယက်ဖြာ ရောင်စုံတောက်ပ
လှမှလှပဲလေ။
မြေပြင် အလုံးစုံမက
သဘာဝနေရောင်ဝယ်
ခုနစ်သွယ်ရောင်စဉ်ရှိတယ်။

လူလေးရင်ထဲကနှလုံးသား
လှပစွာအရောင်များခြယ်
လွတ်လပ်စွာ ခြယ်စမ်းကွယ်။

အရောင်အသွေးကင်းပျောက်
မွဲခြောက်ခြောက်ဖြူလျော်လျော်
ခပ်လျှော်လျှော်
ဘ၀ထက်စာရင်

နီချင်နီ၊
စိမ်းချင်စိမ်း။
နုချင်နု၊ ရင့်ချင်ရင့်။
အရောင်တိုင်းလှ
အလှတိုင်းမှာ အရောင်ရှိတယ်။

နီဇူလိုင်

ပန်းချီ မောင်ရဲမိုး၊ ၂၀၀၃


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts