ကဗျာ ရဲရင့်သက်ဇွဲ

ရဲရင့်သက်ဇွဲ ● သွေးသစ္စာနဲ့ ရေးတဲ့သမိုင်း

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 ရဲရင့်သက်ဇွဲ ● သွေးသစ္စာနဲ့ ရေးတဲ့သမိုင်း
(မိုးမခ) သြဂတ်စ် ၂၊ ၂၀၁၆

ကောင်းကင်တခုလုံး မှုန်မှိုင်းရီ ဝေ
၂၈နှစ်တာ ငြိမ်းချမ်းမှုကို ရှာမတွေ့ ဘူး

မလိုမုန်းတီးမှုတွေဟာ
အရိပ်လိုထပ်ကြပ်မကွာ

အလိုတူခြင်းမတူခြင်းတွေကို
ကျော်လွှား ခေတ်တိုင်းကို ထုဆစ်သွားကြ
လမ်းမများပေါ်မှ အတုန်းအရုန်း
ဖိနပ်များအားလုံး သက်သေ …….

တစိုက်မတ်မတ် နံရံပေါ်ကသွေးမှာတမ်း

မိတ်ဆွေ တဆိတ်ကျေးဇူးပြု၍
ကိုယ့်လိပ်ပြာ ကိုယ်မလုံက
မျက်လုံးလွှဲသွားပါ လမ်းခွဲသွားပါ

ဟောဒီမှာ
၂၈နှစ်ေ မြာက် ဗကသ အဖွဲ့ ချုပ်ပြန်လည်ဖွဲ့ စည်းခဲ့တဲ့ ပွဲဟာ
တိုက်ပွဲကို နိုင်အောင် မတိုက်နိုင်ခဲ့ကြတဲ့
စစ်သားဟောင်းကြီးတွေ ပြန်လည်တွေ့ ဆုံကြတဲ့ပွဲ

ကြေကွဲဘွယ်အဖြစ်ဆိုးကြီးက (၁၉၆၂)
အလဲထိုးလိုက်ပြီလား
အလဲထိုးခံလိုက်ရတာလား

ဘာပဲဖြစ်ဖြစ် ဗကသစိတ်ဓါတ် အဓွန့် ရှည်စေသောဝ်
သောင်းသောင်းဖျဖျကြွေးကြော်
သြော် …. နှစ်တွေကို ဒီလိုပဲ ဖြတ်သန်း
နေကြတော့မှာလား
ဒီ့ထက်ပိုပြီး ဘာကိုမှ
မမျှော်လင့်နိုင်တော့ဘူးလား

သွေးစွန်းဝိညာဉ်တို့ ရဲ့  ယုံကြည်ချက်ကို
ခုံဖိနပ်လို ဖင်ခုထိုင်
ဗကသကို
ငါတို့ သာပိုင်တယ်အချိုးမျိုး နဲ့ 
စင်ပြိုင်ဘို့ ကြိုးစားသူများလဲသိကြစေ

ငါတို့ ဗမာပြည်မှာကွယ်
လွန်ခဲ့တဲ့ ၂၈နှစ်ကဖွဲ့ စည်းခဲ့တဲ့ ဗကသသာ
ဗမာနိုင်ငံရဲ့  တခုတည်းသော
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ ချုပ်ဖြစ်ပေတယ်

ဗကသအဖွဲ့ ချုပ်ဟာ သူတို့ ရဲ့ ရည်မှန်းချက်ပန်းတိုင်
ပိုင်ပိုင်နိုင်နိုင် မကိုင်နိုင်သေးသမျှ
အသက်ပေးသွားသော ရဲဘော်များရဲ့ 
သွေးသစ္စာနဲ့ ငါတို့ ရဲ့ ကြေကွဲမှုတွေကို
ရောစပ် ချုပ်သီ
သမဂ္ဂအလံကို လွှင့်ထူခဲ့ကြပြီပဲ …။

ရဲရင့်သက်ဇွဲ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts