သူတို့အာဘော် မောင်မောင်စိုး

မောင်မောင်စိုး – ပင်လုံ သို့ ၃ ရက်အလို စဉ်းစားဆင်ခြင်စရာများ

 

မောင်မောင်စိုး – ပင်လုံ သို့ ၃ ရက်အလို စဉ်းစားဆင်ခြင်စရာများ

(မိုးမခ) သြဂုတ် ၂၇၊ ၂၀၁၆

၁။ ၂၁ ရာစုပင်လုံ မစတင်မှီ ၃ ရက်အလိုတွင် TNLA/ MNDAA/ AA ၃ ဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းရန် အချိန်မလုံလောက်သဖြင့် ၂၁ ပင်လုံကို ယခုအကြိမ်ကို ဖိတ်ကြားတော့မည် မဟုတ်ကြောင်း သတင်းအတည်ပြုပါသည်။၂။ ၂၀၁၆ ဇန္နဝါရီ လဆန်းမှာ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့သာတက်ရောက်ခဲ့သော်လည်း ယခု အကြိမ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့တက်ရောက်မည်ဖြစ်သဖြင့် တိုးတက်မှု အဖြစ် ရှု မြင်၍ ရနိုင်ပါသည်။၃။ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးအစစ်အမှန်ရရှိနိုင်ရန်  ၃ ဖွဲ့ပေါင်း စုစုပေါင်း လက်နက်ကိုင်အင်အား သောင်းချီ ရှိနေသည့် TNLA/MNDAA/AA ၃ ဖွဲ့အား ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဆက်လက်ပါဝင်ရန် မုချလိုအပ် နေသေးပြီး ပါဝင်နိုင်ရေးအတွက် အားလုံး ဆက်လက်ကြိုးစားကြရန်လိုအပ်ပါ မည်။

၎။ ၂၁ ပင်လုံတွင် ၁၈ ဖွဲ့တက်ရောက်မည်ဆိုသော်လည်း NCA လက်မှတ်ထိုးထားသည့်အဖွဲ့မှာ ယမန်နှစ်ကအတိုင်း ၈ ဖွဲ့သာရှိသေးပြီး NCA လက်မှတ်မထိုးသည့် အဖွဲ့ ၁၃ ဖွဲ့ကျန်သေးရာ NCA စာချုပ်သည် ငြိမ်းချမ်းရေးလမ်းခရီး၌ ကျော်လွှားရအုံးမည့် အရာတခုအဖြစ် ရှိနေဆဲဖြစ်သည်။

၅။ ၂၁ ပင်လုံ မကျင်းပမှီ တလအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် လက်နက်ကြီးပစ်ကူ လေကြောင်းပစ်ကူများဖြင့် ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွါးနေရာ ၂၁ ပင်လုံသည် ကြိုးတန်းပေါ်လမ်းလျှောက်နေသကဲ့သို့ဟု ဆိုရမည်။

၆။ ကြံ့ခိုင်ရေးပါတီမှ ထုတ်ပယ်ခံထားရပြီး ကြံ့ခိုင်ရေးပါတီညီလာခံကျင်းပဖြေရှင်းရန် တောင်းဆိုထားသည့် ဦးရွှေမန်းက ယခုအကြိမ်ရွေးကောက်ပွဲတွင် တင်မြှောက်ခံရသည့် ကြံ့ခိုင်ရေးဥက္ကဌအသစ်အား ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခြင်းသည် ၎င်းတို့ယခင်တောင်းဆိုချက်များအား မျက်ကွယ်ပြု လိုက်ရာရောက်သည်ဟု အကဲခတ်များက ဆိုပါသည်။ ထို့အတူ ဦးရွှေမန်းနှင့် သူလူများအနေနှင့် ကြံ့ခိုင်ရေးပါတီ ပဋိပက္ခများတွင် ဆက်လက်ပါဝင်ရန် မလိုတော့ဟု အဓိပ္ပါယ်ရနေပါသည်။

၇။ ကြံခိုင်ရေး ထိပ်ပိုင်းအပြောင်းအလဲနှင့်အတူ မြန်မာစစ်ဖက်ခေါင်းဆောင်ပိုင်း တိုးမြှင့်ခန့်ထားမှုကိုတွေ့ရပြီး မြန်မာစစ်ဖက်ခေါင်းဆောင် ဆက်ခံမှု ကို သေချာစေခဲ့သည်ကိုတွေ့ရသည်။

၈။ အထက်ပါ ကြံ့ခိုင်ရေးနှင့် စစ်ဖက်ခေါင်းဆောင် အပြောင်းအလဲများတဆက်တည်းပေါ်လာခြင်း တရုတ်ကွန်မြူ နစ်ပါတီနိုင်ငံတကာဆက်ဆံရေးဌာနကြီးမှူးက သွားရောက်တွေ့ဆုံခြင်းတို့ကြောင့် မြန်မာနိုင်ငံရေးတွင် ဦးသန်းရွှေအခန်းကဏ္ဏနှင့် ပတ်သက်ပြီး ပို၍မေးခွန်းထုတ်ဘွယ်ဖြစ်လာစေခဲ့ပါသည်။

၉။ ရခိုင်အရေး အကြံပေးကော်မရှင်နှင့် ပတ်သက်ပြီး ဝေဖန်သံမျိုးစုံထွက်နေပါသည်။ အသုံးအနှုံး တခုမှာ ရခိုင်လူမျိုးများနှင့် မွတ်စလင်အဝန်းအဝိုင်းကြား ပြသနာဟုသုံးစွဲသည်ကို တွေ့ရပါသည်။ တဖက်ကစဉ်းစားကြည့်လျင် ဤပြသနာသည် ဤပြသနာသည် ရခိုင်လူမျိုးများသက်သက်ပြသနာ ဟုတ်ပါ၏လော။ တကယ်တော့ ထိုဘင်္ဂါလီများသည် ရခိုင်ပြည်နယ်တွင်သာ နေထိုင်ရန် ကန့်သတ်ခံထားရသူများဖြစ်သည်။ ပြည်မသို့လာခွင့်မပြု ပါ။ အဆိုပါ ဘင်္ဂလီများ ပြည်မသို့ အဝင်ခံနိုင်ပါမည်လော။ အဆိုပါဘင်္ဂလီ တသန်းခန့်အား ပြည်မတွင်း ဝင်ရောက်ခွင့်ပြု ပြီး မြန်မာလူမျိုးများနှင့် မွတ်စလင်အဝန်းအဝိုင်းကြား ပြသနာဟု ရှု မြင်ဖြေရှင်း
လျင်ကော မှန်ပါမည်လော။ ပြည်မသို့ ဝင်ရောက်ခွင့်ကန့်သတ်ထား၍ ရခိုင်ပြည်နယ်ရှိသူများ ထိပ်တိုက်ရင်ဆိုင်နေရသော ပြသနာမဟုတ်ပါလော။ ဤဘင်္ဂါလီ ပြသနာ သည် ရခိုင်ပြည်နယ်သက်သက် ပြသနာပါလော။ သို့မလုတ် မြန်မာပြည်တခုလုံး ပြသနာပါလော။ ထိုဘင်္ဂါလီများကို မြန်မာပြည်မသို့ ဝင်ရောက်သွားလာ အခြေချခွင့်ပြု မည်ဆိုပါက မည်သို့ သဘောထားကြမည်နည်း။ ဤဘင်္ဂါလီများကို ရခိုင်ပြည်နယ်တွင်းသာ ဆက်လက်ပိတ်ဆို့ထားပြီး ရခိုင်တို့၏ပြသနာအဖြစ်သာထားကြမည်လော။ ဤပြသနာသည် ရခိုင်ပြသနာသက်သက်လော မြန်မာပြည်အားလုံးနှင့်ဆိုင်သော ပြသနာလော။ သေချာစွာ စဉ်းစားသုံးသပ်ကြရန်လိုပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စာရင်းကို  မိုးမခ၏ (မောင်အဉ္စန – မြန်မာ့နည်းမြန်မာ့ဟန် ငြိမ်းချမ်းရေး (မိုးမခ) ဇူလိုင် ၈၊ ၂၀၁၆) မှ အောက်ပါအတိုင်း ကူးယူဖော်ပြလိုက်ပါသည်။

ငြိမ်းချမ်းရေးဇာတ်ကောင်များ
စဉ် အဖွဲ့အစည်းအမည် ရပ်တည်ချက်
၁။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) UNFC အဖွဲ့ဝင်နှင့် အားလုံးပါဝင်ရေးမူ။
၂။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) UNFC အဖွဲ့ဝင်နှင့် အားလုံးပါဝင်ရေးမူ။
၃။ မွန်ပြည်သစ်ပါတီ (NMSP) UNFC အဖွဲ့ဝင်နှင့် အားလုံးပါဝင်ရေးမူ။
၎။ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) UNFC အဖွဲ့ဝင်နှင့် အားလုံးပါဝင်ရေးမူ။
၅။ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) UNFC အဖွဲ့ဝင်နှင့် အားလုံးပါဝင်ရေးမူ။
၆။ လားဟူဒီမိုကရက်တစ်သမဂ္ဂ (LDU) UNFC အဖွဲ့ဝင်နှင့် အားလုံးပါဝင်ရေးမူ။
၇။ “၀” အမျိုးသားအဖွဲ့ချုပ် (WNO) UNFC အဖွဲ့ဝင်နှင့် အားလုံးပါဝင်ရေးမူ။
၈။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) UNFC အဖွဲ့ဝင်နှင့် အားလုံးပါဝင်ရေးမူ။
၉။ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) UNFC အဖွဲ့ဝင်နှင့် အားလုံးပါဝင်ရေးမူ။
၁၀။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) အားလုံးပါဝင်ရေးမူ။
၁၁။ “၀” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ပြည်နယ်-ပြည်ထောင်စုအဆင့်
နှစ်ဘက်သဘောတူညီချက် Bilateral Agreement ရှိပြီး၊
ထိတွေ့ပစ်ခတ်တိုက်မှုလည်းမရှိတဲ့အတွက် NCA လက်မှတ်ရေးထိုးစရာမလို။
၁၂။ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) ပြည်နယ်-ပြည်ထောင်စုအဆင့်
နှစ်ဘက်သဘောတူညီချက် Bilateral Agreement ရှိပြီး၊
ထိတွေ့ပစ်ခတ်တိုက်မှုလည်းမရှိတဲ့အတွက် NCA လက်မှတ်ရေးထိုးစရာမလို။
၁၃။ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) ပြည်နယ်အဆင့်
နှစ်ဘက်သဘောတူညီချက် Bilateral Agreement ရှိပြီး၊ NCA လက်မှတ်
ရေးထိုးခြင်းမလုပ်ပဲ နိုင်ငံရေးဆွေးနွေးပွဲတွင် လေ့လာသူအဖြစ် တက်ရောက်ကာ
ဒေသဖွံ့ဖြိုးရေး လုပ်မည်။
၁၄။ ကရင်အမျိုးသားအစည်းအရုံး (KNU) NCA လက်မှတ်ရေးထိုးထားပြီး၊ အကောင်အထည်ဖော်နေသည်။
၁၅။ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA – ငြိမ်းချမ်းရေးကောင်စီ) NCA လက်မှတ်ရေးထိုးထားပြီး၊ အကောင်အထည်ဖော်နေသည်။
၁၆။ ကရင်မျိုးသားဒီမိုကရေစီအကျိုးပြုတပ်မတော် (DKBA) NCA လက်မှတ်ရေးထိုးထားပြီး၊ အကောင်အထည်ဖော်နေသည်။
၁၇။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) NCA လက်မှတ်ရေးထိုးထားပြီး၊ အကောင်အထည်ဖော်နေသည်။
၁၈။ ချင်းအမျိုးသားတပ်ဦး (CNF) NCA လက်မှတ်ရေးထိုးထားပြီး၊ အကောင်အထည်ဖော်နေသည်။
၁၉။ ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) NCA လက်မှတ်ရေးထိုးထားပြီး၊ အကောင်အထည်ဖော်နေသည်။
၂၀။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) NCA လက်မှတ်ရေးထိုးထားပြီး၊ အကောင်အထည်ဖော်နေသည်။
၂၁။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) NCA လက်မှတ်ရေးထိုးထားပြီး၊ အကောင်အထည်ဖော်နေသည်။
စဉ် ထိတွေ့ပစ်ခတ်တိုက်ခိုက်မမှုရှိသောအဖွဲ့အစည်းများ (Non-combatant Forces) ထိတွေ့ပစ်ခတ်တိုက်ခိုက်မှုရှိသောအဖွဲ့အစည်းများ (Combatant Forces)
၁။ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)
၂။ လားဟူဒီမိုကရက်တစ်သမဂ္ဂ (LDU) မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)
၃။ “၀” အမျိုးသားအဖွဲ့ချုပ် (WNO) ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts

One thought on “မောင်မောင်စိုး – ပင်လုံ သို့ ၃ ရက်အလို စဉ်းစားဆင်ခြင်စရာများ

Comments are closed.