ထွန်းဝေမြင့် – ငါ့ငါ သူ့ငါ

Aung Htet

 

ထွန်းဝေမြင့်  – ငါ့ငါ သူ့ငါ

(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၆
လောကကြီးက
နင်ဘာလဲ၊ ငါဘာလဲ သံသရာလည်ကာ
မာရေကြောရေဖြစ်နေတတ်ပြန်တယ်။

မကောင်းပြောကြည့်တာပါ။
ငွေမရွှင်ငွေမထွက်တဲ့
ကဗျာကဗျက်လောကထဲမှာတောင်
ငါဘာလဲ၊ နင်ဘာလဲ ကိုလိုနီတွေ
တနေ့တခြားအထွက်တိုး
ဖွံ့ဖြိုးပြန့်ပွားနေလိုက်ပုံများ…

ဒီတော့…လောကဝတ်အရ
ငါဘာလဲ နဲ့ နင်ဘာလဲတွေ
တွေ့ကြလေသောအခါ
တွေ့ရတာ ဝမ်းသာပါတယ်
လက်ဆွဲနှုတ်ဆက်ကြ။
တကယ် ဝမ်းသာကြပါစေ….။

ထွန်းဝေမြင့်