သတင်းပဒေသာ

ကလေးတက္ကသိုလ်မှာ ရေပေးဝေမှု အခက်အခဲများနှင့် ကြုံတွေ့ဟု ဆို

ကလေးတက္ကသိုလ်မှာ ရေပေးဝေမှု အခက်အခဲများနှင့် ကြုံတွေ့ဟု ဆို
(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၆

နွေအကုန် မိုးဦးရာသီကာလအတွင်း စစ်ကိုင်းတိုင်း ကလေးတက္ကသိုလ်အတွင်း သုံးရေ၊ သောက်ရေ အလုံအလောက် မရရှိဟု ဆိုသည်။ ရေအလှူရှင်များက လာရောက်လှူဒါန်းပေးဝေကြသော်လည်း ရေလှူခွင့်ကို အကန့်အသတ်နှင့် လက်ခံနေသည့်အတွက် ကျောင်းဝင်းတွင်းရှိ ကျောင်းသား၊ ဆရာ၊ မိသားစုများ၊ ၀န်ထမ်းများ အခက်ကြုံသည်ဟု ပြောကြသည်။

စာသင်ဆောင်များ ဆောက်လုပ်ထားသော်လည်း ရေလှောင်ကန် ရေပေးကန် အလုံအလောက်မရှိဟု ဆိုသည်။  စာသင်ဆောင်တွေမှာ ရေမပေးတော့ အခုလို ဌာနမှာ ရေကန်ဖြစ်အောင်လုပ်ပြီး မိုးရေခံ သုံးနေကြရပါတယ်လို့ ဆရာတဦး၏ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားသည်။

ကလေးတက္ကသိုလ်က ကျောင်းဆောင်များ ဆောက်လုပ်မှု ကုန်ကျစာရိတ်များနှင့် စာသင်ခန်းအရေအတွက်မှာလည်း အချိုးမကျဟု ဝေဖန်ထားသည်ကို တွေ့ရသည်။ သုံးထပ်အဆောက်အဦ ၁၃ ဆောင်၊ တဆောင်ကို သိန်း ၅၃၂၀ (ဒေါ်လာ ၅ သိန်း နီးပါး)။ စာသင်ခန်း ၁၂ ခန်းသာရှိ၊ စာသင်ခန်းတဆောင်က တခန်းကို သိန်း ၄၄၃ (ဒေါ်လာ ၄ သောင်းခန့်) ကုန်ကျသည်ဟု တွက်ချက်ပြထားသည်။ သန့်စင်ခန်းများ အထပ်တိုင်း တွင်ထားရှိသော်လည်း ရေလှောင်ကန်မရ၀င်သဖြင့် သန့်စင်ခန်းများ မသန့်ရှင်းတော့ဟု ထောက်ပြထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts