Uncategorized
သတင်းပဒေသာ
ပျော်ရွင်ခြင်းအိမ်မက်ဆုံမှတ် ပျော်ပွဲရွင်ပွဲ တိုင်းရင်းသားပေါင်းစုံ ဆင်နွှဲမည်
မိုးမခအထောက်တော်
အောက်တိုဘာ ၁၄၊ ၂၀၁၃
ပျော်ရွင်ခြင်းအိမ်မက်ဆုံမှတ်အမည်ဖြင့် ပျော်ပွဲရွင်ပွဲ အခမ်းအနား အစီအစဉ်တရပ်ကို အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အမာရီလိုမြို့ ၌ အောက်တိုဘာလ ၁၉ ရက် စနေနေ့ တွင် စည်စည်ကားကား ကျင်းပပြုလုပ်သွားရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။
ပျော်ပွဲရွင်ပွဲတွင် ကာရာအိုကေ တေးသီချင်း သီဆိုခြင်းနှင့် တိုင်းရင်းသားညီအကိုမောင်နှမများ၏ ညီညာမြူးကြွသည့် ပဒေသာအကအလှ များဖြင့် ကပြ ဖြေဖျော်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
အမိမြေမှ မိုင်ပေါင်းထောင်ချီဝေးကွာသည့်အရပ်တွင် ရောက်ရှိနေထိုင်နေကြသည့် တိုင်းရင်းသားညီကိုမောင်နှများ၏ လုပ်ငန်းခွင် ပင်ပမ်းနွမ်းနယ်မှုများကို ဖြေပျောက်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ယခုလို ပျော်ပွဲရွင်ပွဲမျိုးကို ပြုလုပ်ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးစံမံခန့် ခွဲသူတစ်ဦးဖြစ်သည့် ဒီဇိုင်နာ ဦးမင်းလွင်က မိုးမခသို့ ပြောကြားသည်။
“ကျနော်တို့ မြန်မာတိုင်းရင်းသား ညီကိုမောင်နှတွေဟာ အမိုင်မြေမှ မိုင်ထောင်ချီဝေးကွာတဲ့ အရပ်ဒေသမှာ စားဝတ်နေရေးအတွက် နေ့ စဉ်ရက်ဆက်ဆိုသလို စိတ်ပန်းကိုယ်ပန်း အလုပ်လုပ်ကိုင်နေကြရပါတယ်။ လုပ်ငန်းခွင် ပင်ပမ်းနွမ်းနယ်မှုတွေကို အလုပ်အားလပ်ရက်မှာ အပန်းဖြေစေဖို့ ခုလို ပျော်ပွဲရွင်ပွဲ ကျင်းပပြုလုပ်ဖို့ စီစဉ်ရခြင်းဖြစ်ပါတယ်” ဟု ၄င်းက ပြောဆိုသည်။
ပွဲတော်သို့ အမာရီလိုမြို့ ရှိ တိုင်းရင်းသားအဖွဲ့ အစည်းပေါင်းစုံမှ ပူးပေါင်းပါဝင် အားပေးလာကြမည်ဖြစ်သောကြောင့် မြန်မာတိုင်းရင်းသား အချင်းချင်းကြားတွင် ယခင်ထက်ပိုမို ချစ်ကြည်ရင်းနှီးမူများ ရရှိလာနိုင်ကြောင်း သူက ဆက်လက်ပြောကြားသည်။
၎င်းပွဲတော်ကို ကြည့်ရူ့ အားပေးရန်တွက် တစ်စုံတရာ အခကြေးငွေ ပေးစရာမလိုပဲ ၀င်ကြေး အခမဲ့ သတ်မှတ်ထားသည်ဟု ဆိုသည်။
ပွဲလာသည့် ဧည့်ပရိတ်သတ်များအတွက် ကာရာအိုကေ တေးသီချင်း သီဆိုခွင့်နှင့် ကံစမ်းမဲနှိုက်ခွင့် လက်မှတ်တစ်စောင်လျင် ၁၅ ဒေါ်လာ နှုန်းထားဖြင့် ၀ယ်ယူအားပေးကာ ဗလာမပါသည့် ကံစမ်းမဲလက်မှတ်များကို ပျော်ရွင်စွာ နှိုက်ယူကံစမ်းနိုင်ကြောင်း ပွဲဖြစ်မြောက်ရေး စီမံခန့် ခွဲသူများက ဆိုသည်။ 
ကံစမ်းမဲဖောက်မည့် ပစ္စည်းများမှာ တီဗွီ၊ လျပ်စစ်ဂီတာ၊ ဆောင်းပေါက်၊ ကင်မရာ၊ အနွေးထည်ပုဆိုးများနှင့် တခြားအိမ်သုံးပစ္စည်းအမြောက်အမြား ပါဝင်သည်ဟု ပွဲဖြစ်မြောက်ရေး စီမံခန့် ခွဲသူများက ဆိုသည်။
ပွဲတော်တွင် တိုင်းရင်းသားရိုးရာ စားသောက်ဖွယ်ရာများဖြစ်သည့် ခေါင်ရည်၊ အသားလုံး ဆိုက်ကော့၊ ၀က်သားချဉ်၊ ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ ၀က်သားတုတ်ထိုးနှင့် အခြားစားဖွယ် သောက်ဖွယ်မျိုးစုံတို့ ကိုလည်း ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts