Ni July ကဗျာ

နီဇူလိုင် – “ကျပ်မပြည့်တဲ့ခေတ်”

နီဇူလိုင် – “ကျပ်မပြည့်တဲ့ခေတ်”
(မိုးမခ) ဇွန် ၂၉၊ ၂၀၁၆

အရူးဘုံမြှောက်..
ခြေထောက်ပြီး  က..က.ပြနေတဲ့  ခေတ်..။

အရူး..အရူးနဲ့ အိမ်ဦးခန်းမှာ.
ချီးတက်..တက်ပါနေတဲ့  ခေတ်..။

အရူးအမဲသားကျွေးမိသလို
ရှိသမျှ  အသား
အရူးချည်း..စား.စား..သွားနေတဲ့  ခေတ်..။

အရူးမီးဝိုင်းသလို
လှံဖျားပုစဉ်းနား
ကျီးကန်းကြောက်ချီးပါ..ပါနေတဲ့ခေတ်..။

အရူးစုန်းပူးသလို
အရူးတီးတဲ့တီးလုံး..
ဝရုန်းသုန်းကား လိုက်..လိုက် ကရတဲ့ခေတ်..။

အရူးလင်တော်ရသလို
အရူးထင်ရာစိုင်းသမျှ
ဖာဖာထေးထေး
မျက်နှာချို သွေး..သွေးပြရတဲ့  ခေတ်..။

အရူးစိတ်ချမ်းသာရင်
တိုင်းပြည်အေးချမ်းတယ်ဆို..ဆို ပြီး
မေတ္တာရှင်မလေး ငြိမ်းငြိမ်းအိ ခမျာ
ပေါ်လီယာနာလုပ်..လုပ်ပြရတဲ့  ခေတ်..။

အရူးက တစ်မတ်သာ
ကျပ်မပြည့်တာကိုပဲ
ကျိတ်မှိတ် မျို..မျို..ချရတဲ့ခေတ်..။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts