အမေရိကန် နိုင်ငံ နယူးယောက်မြို့တော် ဂရင်းဝစ်ခ်ျမှာ တည်ရှိသည့် Stonewall စားပွဲရုံနှင့်တည်းခိုခန်း သည် အမေရိကား၏ လိင်တူချစ်သူ အခွင့်အရေး လှုပ်ရှားမှုများ မွေးဖွားခဲ့ရာ အဖြစ် ရှုမြင်ကြသည်။ ၁၉၆၉ ခုနှစ်တွင် လိင်တူနှစ်သက်ကြသူများ သွားလာကျက်စားလေ့ရှိသည့် အဆိုပါနေရာကို ရဲတပ်ဖွဲ့က စီးနင်းခဲ့သည့် ဖြစ်စဉ်တရပ် ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် လိင်တူချစ်သူတို့၏ အခွင့်အရေး တောင်းဆိုသည့် ဆန္ဒပြပွဲများ၊ အဓိကရုဏ်းများ၊ ဆက်လက် ဖြစ်ပွားခဲ့သည်။
ဓာတ်ပုံ- Wikipedia – ၁၉၆၉ ခုနှစ်တွင် ဆန္ဒပြသူများ စုရုံးခဲ့သည့် Stonewall အနီးရှိ Christopherပန်းခြံ
ပြင်းထန်ခါးသီးသည့် ငြင်းခုံ တိုက်ခိုက်မှုများစွာ ဖြစ်ပေါ်ခဲ့ပြီးနောက် မနှစ်ကစ၍ နိုင်ငံတဝှမ်း လိင်တူ စိတ်ဝင်စားသူများသည် ဥပဒေကြောင်းအရ လက်ထပ်ခွင့် တရားဝင်ရခဲ့ကြသည်။
အထိမ်းအမှတ် နေရာ သတ်မှတ်သည့် သမ္မတအိုဘားမား၏ မိန့်ခွန်းတွင် “အမျိုးသား ဥယျာဉ်ပန်းခြံတွေဟာ တိုင်းပြည်ရဲ့ ကြွယ်ဝမှု၊ မတူကွဲပြားမှုနဲ့ သီးခြားဖြစ်တည်တဲ့ အမေရိကန် စိတ်ဓာတ် တွေ ပြည့်ပြည့်စုံစုံ ထင်ဟပ်ဖို့လိုကြောင်း? ဒါတွေကပဲ အမေရိကန်တွေရဲ့ ဖြစ်တည်မှုကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်ကြောင်းနှင့် မတူညီတဲ့ လူအများ တစုတစည်းတည်း အတူတကွ တသားတည်းရပ်တည် အားကောင်းစေနိုင်ကြောင်း” ထည့်သွင်း ဆိုခဲ့သည်။ မိန့်ခွန်း ရုပ်သံကို နယူးယောက်မြို့လယ် တိုင်းမ်စကွဲ ရင်ပြင်တွင် ပိတ်ကားထောင်၍ ပြသရန်လည်း စီစဉ်ထားကြောင်း သမ္မတ အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ကြေညာထားသည်။
၁၉၆၉ ခုနှစ် ဇူလိုင်လ တွင် ဖြစ်ပွားခဲ့သည့် Stonewall အဓိကရုဏ်း ဖြစ်စဉ် တွင်ရဲက ၎င်းတို့ ဝင်ရောက်စီးနင်းရခြင်းမှာ လိင်တူချင်း ချစ်ကျွမ်းဝင်သူများကို အရက်ရောင်းချခြင်းသည်း တရားဥပဒေနှင့် ဆန့်ကျင်နေ၍ ဥပဒေအတိုင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။ Stonewall အုံကြွမှုဟု လူသိများခဲ့သည့် အဆိုပါ ပဋိပက္ခ ဖြစ်စဉ်နောက်ပိုင်း အမေရိကားတွင် ယောက်ျားချင်း၊ မိန်းမချင်း နှစ်သက်သူများ မိမိ လိင်တိမ်းညွတ်မှုကို တရားဝင် ကြေညာကာ စစ်မှုထမ်းနိုင်ခွင့် အပါအဝင် လူအချင်းချင်း ခွဲခြားဖိနှိပ်မှု ပပျောက်ရေး ဥပဒေများ ပြဋ္ဌာန်း နိုင်ခဲ့သည်။ ယမန်နှစ်က အမေရိကန်တရားလွှတ်တော်ရုံးချုပ်က နိုင်ငံအဝှမ်း လိင်တူလက်ခံခွင့်ကို တရားဝင်ပြုလုပ်ပေးခဲ့သည်။
မိုးမခ
သတင်းရင်းမြစ် – BBC World News