ကဗျာ

လင်းသက်ငြိမ် – ဆယ့်​တစ်​ကြောင်းကဗျာ

 

လင်းသက်ငြိမ် – ဆယ့်တစ်ကြောင်းကဗျာ
(မိုးမခ) ဇွန် ၇၊ ၂၀၁၆

စံပယ်ရုံကြီးမရှိတော့မှ
စံပယ်ပွင့်လေးတွေကို တမ်းတမိ။

ကျောက်တုံးဟာ ကိတ်မုန့်ထဲခုန်ဝင်ဖို့ကြိုးစား။

နေပူပူထဲလူတွေ အလုပ်ရှုပ် ဟိုဒီပြေးလွှား
အရူးဟာ သစ်ပင်ရိပ်အောက်ကနေ တဟားဟား ။

ခုန်နေတဲ့ဘောလုံးဟာ ငြိမ်သက်မှုဆီတွားသွား။

ယုံကြည်မှုမှာ ရေတစ်ခွက်လည်း
ဆေးဖက်ဝင်ခဲ့။

တစ်ရုပ်ကနေပြီး အရုပ်တွေအများကြီးအဆုံးမရှိ ။

ပန်ကာလည်တာ ငါမြင်ရပေမယ့်
ငါလည်နေတာ ငါမမြင်ရ ။

(Photo – Aung Htet)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts