(မိုးမခ) မေ ၂၅၊ ၂၀၁၆
သူတို့တွေပေါ့ …
အမြီးဆိုတော့လည်း အမြီး …
ခေါင်းဆိုတော့လည်း ခေါင်းမို့ …။
သူတို့တွေပေါ့ …
မီးဆိုတော့လည်း မီး မီး …
…. ဆိုတော့လည်း …. …. … ။
သူတို့တွေပဲလေ
ဟိတ်ကြီးကြီး ဟန်ကြီးကြီးတွေနဲ့ …
အုတ်ကြားမှာပေါက်တဲ့မြက်ကို အပြစ်လုပ် …
လူတတ်ကြီးတွေလုပ်လို့ …။
သူတို့တွေပဲလေ …
ဆင်ဖြူကြီးကိုလည်း မှီချင်ကြတယ် …
ခရုသင်းစွဲမှာလည်း ကြောက်ကြသေးတယ် …။
သူတို့တွေပဲလေ …
အကြံကုန်မှန်း သိပေမယ့် …
ဆားချက်ရမှတော့ ကြောက်ကြသေးတယ် …။
အယူသီးတာလည်း သူတို့
အယူကြီးတာလည်း သူတို့ ….။
ခုတော့လည်း ကြည့် …
….. …..
…… …..
……
သူတို့ဟာသူတို့ …
ဘုတ် ….. ကျီး မြှောက်ရင်း …
ကျီး ….. ဘုတ် မြှောက်ရင်း ….
ဘုတ်ယောင်ဆောင်လိုက် …
ကျီးယောင်ဆောင်လိုက်နဲ့ …
လွမ်းနာကိုကြလို့ ..။
မေ ၁၈၊ ၂၀၁၆