ကဗျာ

လင်းသက်ငြိမ် ● လှ​တော့ လှ​နေပြီ

 လင်းသက်ငြိမ် ● လှတော့ လှနေပြီ
(မိုးမခ) မေ ၂၀၊ ၂၀၁၆

အကကိုကျော်ပြီး ပြက်လုံးချည်း
ရွေးရွေးကြည့်နေကြတဲ့ခေတ်မှာ
ဖန်ချောင်းကပြုတ်ကျတာနဲ့ တန်းကွဲတာပဲ
ငြိမ်းချမ်းရေးကဗျာကို
ဒေါသသံတွေနဲ့ ရွတ်ခဲ့ကြပြီးပြီ
ငြိမ်သက်ခြင်းကို ဘယ်သူတွေ
ကြောက်ရွံ့နေကြသလဲ
အရှိန်လျော့နေတဲ့မီးကို ဘယ်သူတွေ
ရေနံဆီလောင်းသလဲ
ယုံကြည်ချက် မျဉ်းယိုင်များ
မယုံကြည်မှုမျဉ်းကွေးများ
အဖြစ်အပျက်မှာ ငိုသူတို့ငိုနေကြပြီး
ရယ်သူတို့ရယ်မောနေ
ယားနာပျောက်သွားသူရဲ့
ယောင်ယမ်းကုတ်မိနေတဲ့ အလေ့အကျင့်
အလင်းကိုလိုချင်လို့တံခါးတွေ
အကုန်ဖွင့်ခဲ့ပြီးတော့လည်း
နေရောင်ခြည်ရဲ့ဒဏ်ကျ ခံစားလို့မရပြန်ဘူး ။

လင်းသက်ငြိမ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts