ဇော်အောင် (မုံရွာ)

ဇော်အောင် (မုံရွာ) – ကမ္ဘာသစ်ဆီသို့

ကမ္ဘာသစ်ဆီသို့ 
ဇော်အောင် (မုံရွာ)
အောက်တိုဘာ ၁၅၊ ၂၀၁၃


မြန်မာနိုင်ငံ စက်မှုလက်မှုအထက်တန်းကျောင်းသည် အထက်တန်းပညာ၊ တက္ကသိုလ်ကောလိပ်များသို့ မသွားနိုင်သူ၊ မသွားချင်သူ၊ အလုပ်ခွင်မြန်မြန်ဝင်လိုသူ လူငယ်များအတွက် ၁၀တန်းပြီးသည်နှင့် စက်မှုလက်မှုအလုပ်ခွင့်ဝင်စေသည့် ကျောင်းဖြစ်သည်။ အသက်၁၇နှစ်အရွယ်တွင် သင်တန်းဆင်းလက်မှတ်ရသည်နှင့် မြန်မာနိုင်ငံရှိစက်ရုံများသို့ အလုပ်လုပ်ရသည်။ အချို့ ပညာရေးကိုစိတ်အားထက်သန်သွားပါက ဂျီတီအိုင် ဟူသော ဒီပလိုမာ၃နှစ်သင်တန်းဆက်တက်ပြီး၊ ရမှတ်ကောင်းသူများ အာအိုင်တီ ခေါ်သော ရန်ကုန်စက်မှုတက္ကသိုလ်ဆက်တက်ရသည်။ ယခင်က စက်ရုံအလုပ်ရုံများစွာ နိုင်ငံပိုင်လည်ပတ်နေသဖြင့် စက်မှုလက်မှုအထက်တန်းကျောင်းသည် နာမည်ကြီးပါသည်။ ယခုမြန်မာနိုင်ငံပညာရေးတွင် ၂နှစ် ဂျီတီစီ စက်မှုကောလိပ်မှ ဒီပလိုမာ၊ နောက်၂နှစ် နည်းပညာတက္ကသိုလ်မှ ဒီဂရီဘွဲ့၊ အဆင့်မီသူများ ဘီအီးဘွဲ့ဆက်တက်ရသည့် စနစ်ဖြစ်သည်။ စက်မှုလက်မှုအထက်တန်းကျောင်း THS ဆိုသည်မှာ ဘယ်ရောက်နေမှန်းမသိအောင်ဖြစ်နေသည်။
စင်ကာပူ ITE (Institute of Technical Education, Ang Mo Kio City) သို့ခေတ္တရောက်သွားစဉ်တွင် အထက်ပါ လေယာဉ်ကြီးတစ်ခုကို ကြီးမားလှသော ITE ကျောင်းဆောင်များကြားတွင် တွေ့လိုက်ရသည်။ အပြာရောင်ဝတ်ထားသော ကျောင်းသား ၂၅ယောက်ခန့် အုပ်စုကိုလည်း ထိုလေယာဉ်အနားတွင် တွေ့ရသည်။ စင်ကာပူ၏ ကြီးမားလှသော လေဆိပ်ကြီးတွင် ရပ်နားသည့်လေယာဉ်ပေါင်းမှာ နေ့စဉ် ထောင်ဂဏန်းအရေအတွက်ရှိသည်။ ထိုလေယာဉ်များကို ပြုပြင်ထိန်းသိမ်းရန် ၂နှစ်သင်တန်းဖြင့် တက်ကနီရှင်များ အမြန်မွေးထုတ်နေခြင်းဖြစ်သည်။ စင်ကာပူသည် ပညာရေးအတွက် နှစ်စဉ် ဒေါ်လာသန်းပေါင်း ၃၀၀၀ကျော် သုံးစွဲပါသည်။ အခြေခံစက်မှုလုပ်ငန်းကျောင်းများ ITE college ၃ခုကို ဖွင့်လစ်ပြီး ၂နှစ်သင်တန်းပေးပါသည်။ ၂နှစ်ပညာသင်စရိတ်ကို ကုမ္ပဏီများက စပွန်စာပေးကာ၊ ကျောင်းပြီးသည်နှင့် အလုပ်ခွင်တန်းဝင်ရပါသည်။ ကျနော် ဆီးမီးကွန်ဒက်တာကုမ္ပဏီတွင် အလုပ်လုပ်ခဲ့စဉ်က ပိုလီ Poly Diploma Graduate များကို တစ်လ ဒေါ်လာ ၁၈၀၀နှုန်းဖြင့် အလုပ်ခန့်ရာတွင် အခြေခံစက်မှုအလုပ်များကို သိပ်မကြွမ်းကျင်ပဲ Paper Work အလုပ်များသာလုပ်ချင်ကြသည်ကို တွေ့ရသည်။ မကြာမီ လစာပိုကောင်းသောအလုပ်များသို့ ပြောင်းရွှေ့သွားသဖြင့် ITE Graduate ၆ဦးကို စပွန်စာပေးပြီး အလုပ်ခန့်ခဲ့ရသည်။ လစာ ဒေါ်လာ၁၅၀၀ ပေးရာ၊ ထိုလူငယ်များမှာ တကယ်ပင် စက်များကို အားတက်သရော၊ ပြင်ဆင်၊ လေ့လာ၊ လုပ်ကိုင်နိုင်ကြသည်။ အောက်ခြေပိုင်းဆိုင်ရာ Component Level Trouble Shooting အဆင့်ကို မငြီးမငြူ၊ စိတ်ဝင်တစား လုပ်ကိုင်နိုင်ကြသည်။ အချိန်ပိုင်း ဒီပလိုမာသင်တန်းများကို ဌာနလူကြီးဖြစ်သူ ကျနော်တို့က အားပေး၊ တက်ခိုင်းရာ ၄နှစ်အကြာတွင် အားလုံး ဒီပလိုမာရရှိသွားကြသည်။ ပညာရေးစိတ်ဝင်စားသူများ ဒီဂရီသင်တန်း ၅နှစ်ပြီးလျှင် ထိုလူငယ်များ အင်ဂျင်နီယာကြီးများအဆင့်သို့ ရောက်ရှိတော့မည်ဖြစ်သည်။ လစာငွေလည်း တရိပ်ရိပ်တက်လာပြီး၊ လုပ်ငန်းရှင်လဲအကျိုးရှိ၊ အလုပ်သမားလည်း အကျိုးရှိဖြစ်သည်။ လက်ရှိစင်ကာပူတွင် ITE ၃ခုရှိရာ စင်ကာပူရှိစက်မှု၊စီးပွားလုပ်ငန်းများအတွက် အခြေခံကျွမ်းကျင်သူလူငယ်များစွာကို ထုတ်လုပ်ပေးနေပါသည်။ Applied & Health Science, Business & Services, Engineering, Electronic & IT လုပ်ငန်းများအတွက် နှစ်စဉ် သောင်းနှင့်ချီသော ကျွမ်းကျင်သူများစွာ ပညာသင်ကြားလျှက်ရှိသည်။ http://ce.ite.edu.sg/college_east/cIndex38.aspx
ထိုအဆင့်သို့ရောက်ရန်အတွက် စင်ကာပူအစိုးမှ မည်ကဲ့သို့ကြိုးစားလုပ်ဆောင်သွားသည်ကို ရေးရလျှင် ဆုံးမည်မဟုတ်ပါ။ ၁၉၆၇ခုနှစ် လီကွမ်းယူဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ယူစဉ်က ပထမဆုံး လာဘ်စားမှုကို တိုက်ဖျက်ခြင်းမှ စတင်ခဲ့သည်။ စီးပွားရေးမလုပ်သော အမျိုးသားစိတ်ရှိသူ (စင်ကာပူကိုသံယောဇဉ်ရှိသူ)၊ ပညာတတ်များကို ရအောင်ခေါ်ယူပြီး Singapore Good Attitude To Reform Country စတင်ခဲ့ပါသည်။ လူသာလျှင် နံပါတ်တစ်ဖြစ်ပါသည်။ လူသားအရင်းအမြစ် Human Resource မှန်ကန်လျှင် ဂျပန်၊ကိုးရီးယား၊ ဟောင်ကောင်၊ အမေရိကန်၊ စင်ကာပူ စသဖြင့် တိုးတက်လာသော နိုင်ငံများကို မျက်ဝါးထင်ထင် လေ့လာနိုင်ပါသည်။ ထိုသူများကို ယုံကြည်စွာ ပုံအပ်၊ နာခံလုပ်ဆောင်ရန် လိုပါသည်။ 
မြန်မာပြည်တွင် သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ ကွယ်လွန်သူများဖြစ်သော ဦးသန့် (ကုလသမဂ္ဂအကြီးကဲ)၊ ဦးအောင်ဆန်း (ဗိုလ်ချုပ်)၊ ယောမင်းကြီးဦးဖိုးလှိုင် (သိပ္ပံပညာရှင်)၊ ကင်းဝန်မင်းကြီး၊ သူဌေးကြီးဦးနာအောက်၊  စာပေပညာရှင် ပထမဆုံးမြန်မာလူမျိုးပါမေက္ခဦးဖေမောင်တင်၊ နိုင်ငံခြားသားဖြစ်သော်လည်း မြန်မာလိုဝတ်ဆင်နေထိုင်သွားသူများစွာရှိပါသည်။ စာရေသူ သန်းဝင်းလှိုင်မှ ထိုပုဂ္ဂိုလ်ထူးများအထုပတ္တိအကျဉ်းရေးသားချက်များကို မိုးမခ စာမျက်နှာများတွင် မှတ်ရှု၊ မှတ်သား၊ လိုက်နာနိုင်ပါသည်။ 
ကျနော်ငယ်စဉ် ၁၉၈၀ခန့်တွင် ယောက်ဖဖြစ်သူ ကိုစိန်ထွေးဦး သံလျှက်စွန်းရေတပ်အရာခံဗိုလ်ထံသို့ သွားရောက်လည်ပတ်စဉ်က မေယုစစ်သင်္ဘောကြီးသို့ တက်ရောက်လေ့လာခဲ့ဖူးပါသည်။ တကယ့်သင်္ဘောပေါ်တွင် ရေတပ်၊ စက်မှုလက်မှုသင်တန်းကျောင်းသားများ သင်ကြားခွင့်ရပါသည်။ အလားတူ လေကြောင်းပညာ၊ ရေကြောင်းပညာ အရပ်ဘက်ကျောင်းများတွင်လည်း လေယဉ်၊သင်္ဘော၊ မော်တော်ကား အဟောင်းများဖြင့် သင်ကြားပေးနိုင်ပါက လက်တွေ့ပိုတတ်ကျွမ်းပါသည်။ သို့သော် အဟောင်းများကို ဈေးကောင်းကောင်းဖြင့် သံထည်သံပျက်လုပ်ငန်းရှင်များက ငွေပေးဝယ်ယူသွားသောကြောင့် ကျောင်းသားများအတွက် လက်တွေ့ဗလာပညာရေး ဖြစ်နေသည်မှာ နှစ်ပေါင်း၅၀ခန့်ရှိပြီဖြစ်သည်။ 
● Myanmar Public Instituion မြန်မာအဖွဲ့အစည်းများ
မြန်မာ့စက်မှုလုပ်ငန်းများ အလွန်နိုမ့်ကျနေခြင်းသည် ခေါင်းဆောင်များ၏ စိတ်နေစိတ်ထား Attitude အဆင့်မမြင့်သေးသောကြောင့်ဖြစ်သည်။ နောက်ကြောင်းပြန်လိုသူများဟုခေါ်သော လူတန်းစားတစ်ရပ်သည် အင်အားကြီးမားစွာဖြင့် ပိတ်ဆို့နေဆဲဖြစ်ပါသည်။ မင်းဒင်သက်ခိုင် ရေးသားသော နောက်ကွယ်မှကြိုးကိုင်သူများအနေဖြင့် မိမိတို့ပိုင်ဆိုင်မှု၊ အာဏာ၊ငွေကြေးများကို စွန့်လွှတ်ရန် ရေးဆွဲထားသော ဥပဒေများ အသက်ဝင်လာဖို့ အရေးကြီးပါသည်။ အစိုးရသစ်မှ လုပ်ဆောင်နေသော အထူးသဖြင့် အခွန်ကောက်ခြင်းဥပဒေ အသက်ဝင်လာဖို့လိုပါသည်။ အခွန်ဌာနကို အနည်းဆုံး စင်ကာပူနမူနာဖြင့် ရှောင်မရနိုင်အောင် နိုင်ငံခြားမှ စာရင်းစစ်များကို လုပ်ပိုင်ခွင့်အပြည့်ပေးက စာရင်းစစ်၊ အခွန်ကောက်ရမည်။ ထိုသို့အခွန်ကောက်ရာတွင် သယံဇာတအခွန်များမှာ နံပါတ်တစ် ဖြစ်သောကြောင့် သဘာဝဓါတ်ငွေ့၊ ပုလဲ၊ ကျောက်စိမ်း၊ ကျွန်းသစ်နှင့်သစ်မာများ၊ ရွှေ၊ငွေ၊အဖြိုက်နက်၊ကြေးနီ၊နီကယ် စသည့်တွင်းထွက်ပစ္စည်းများကို Export လုပ်စားနေသော ဝိသမစီးပွား၊ လာဘ်ပေးကုမ္ပဏီကြီးများကို နိုင်ငံခြားစာရင်းစစ်များဖြင့် အခွန်မှန်ကန်စွာပေးအောင် လုပ်နိုင်ရမည်။ သူတို့မတရားချုပ်ဆိုထားသော စာချုပ်များကို နိုင်ငံတကာ၊ UN, World Bank, IMF စသည့် ဥပဒေပညာရှင်များနှင့်မြန်မာပညာရှင်များက မှန်ကန်သောစာချုပ်ဖြစ်အောင် ပြုလုပ်ရမည်။ ဥပမာ ..ဒေါ်အောင်ဆန်းစုကြည်အားဖြင့် တဖက်သတ် လက်ပတောင်းတောင်ကြေးနီစာချုပ်ကို နမူနာယူပြီးလုပ်ရပါမည်။ 
http://www.mindin.info/2013/10/blog-post_8.html
အခွန်ကောက်ခြင်းမှ လာဘ်စားမှုကြီးများကို တိုက်ဖြတ်ရာတွင် အိမ်မြေအရောင်းဝယ်လုပ်ခြင်းတွင်၊ ရာဖြက်များက လာဘ်စားရောင်းဝယ် နေခြင်းကို ပြက်သားစွာအရေးယူ တိုက်ဖျက်ရမည်။ သိန်း၁၀၀၀ အရောင်းအဝယ်ကို ၃ဦးကော်မတီမှ သိန်း၃၀၀ဖြင့် ရာဖြတ်ပေးပြီး၊ အရောင်းဝယ်စာချုပ်လုပ်ပေးခြင်းကဲ့သို့သော အိမ်မြေဈေးကွက် ကိုးယိုးကားယားများ၊ အဆောက်ဦကန်ထရိုက်များ၊ အိုးအိမ်၊ ဂရမ်၊ ဆောက်လုပ်ရေး ဌာနဆိုင်ရာများ၏ ရှုပ်ထွေးပွေလီမှုများတွင် အလွန်ကြီးများသော လာဘ်စားမှုများ မြင်မကောင်းအောင် ဖြစ်နေပါသည်။ 
အခွန်ကောက်ခြင်းနှင့်တပြိုင်တည်းလုပ်ရမည်မှာ အခွန်သုံးစွဲခြင်းဖြစ်သည်။ ပွင့်လင်းမြင်သာမှု လုံးဝမရှိသော မြန်မာနိုင်ငံတော်ဘတ် ဂျတ်များကို မီဒီယာအားဖြင့်ဖွင့်ချနိုင်ရန်၊ စွမ်းအားထက်မြတ်သော အင်စတီကျုရှင်း Institution အဖွဲ့အစည်းများ အင်အားကြီးစွာပေါ်ထွက်လာဖို့လိုသည်။ ယခုနှစ် ၂၀၁၃ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ဥရောပအခြေစိုက် OPCW ဓါတုလက်နက်များဖြက်သိမ်း၊ ရှာဖွေပေးသည့် အဖွဲ့က ရရှိသွားသည်။ ဆီးရီးယားနိုင်ငံတွင်လုပ်ဆောင်ပေးမှုများကြောင့် ဖြစ်သည်။ ထိုသို့သော အဖွဲ့အစည်းများကို ပြည်တွင်းရှိမြန်မာများက လုပ်ရန်ခက်ခဲပါသည်။ အဘယ့်ကြောင့်ဆိုသော နောက်ကွယ်မှကြိုးကိုင်လိုသူအုပ်စုက အစွမ်းထက်လှသောကြောင့်ဖြစ်သည်။
မည်သူများက အဖွဲ့အစည်းများဖြင့် အခွန်ကောက်ခြင်း၊ အခွန်ငွေသုံးစွဲခြင်းများကို တည့်မတ်ပေးနိုင်ပါသနည်း….။ အဖြေမှာ စင်ကာပူရှိမြန်မာလူမျိုးများက ငြိမ်မနေပဲ အထူးသဖြင့်လာဘ်စားမှုများနည်းပါးစေရေးအတွက် လုပ်ဆောင်ပေးရမည်ဖြစ်သည်။ မြန်မာပြည်သို့ ကိုယ်တိုင်ပြန်ပြီး လုပ်နေစရာမလိုပါ။ မြန်မာနိုင်ငံရှိ နိုင်ငံခြားကုမ္ပဏီကြီးများကလည်း စင်ကာပူရောက် မြန်မာတတ်သိပညာရှင်များကို စင်ကာပူလစာငွေ တစ်ဝက်ပင်ပေးမည်မဟုတ်ပါ။ ထို့ကြောင့် စင်ကာပူရောက်မြန်မာများ လုပ်ကိုင်နိုင်သည်မှာ အဖွဲ့အစည်းများဖွဲ့ပြီး အပတ်စဉ်မှန်မှန် တွေ့ဆုံဆွေးနွေးကြရန်ဖြစ်သည်။ မြန်မာပြည်မှ ပညာရှင်များနှင့် ပေါင်းကူးလုပ်ဆောင် အပြန်အလှန်တွေ့ဆုံပွဲများ ပြုလုပ်ရပါမည်။ အစိုးရက အလုပ်အရမ်းများပြီး မလုပ်နိုင်သည့် အလုပ်များကို၊ ပြည်ပရောက်မြန်မာများက ၀ါသနာနှင့်အနစ်နာခံပြီး ကိုယ်ပိုင်ချိန်များမှ တစ်ပတ်လျှင် ၂နာရီခန့် အချိန်ပေး၊ ဆွေးနွေးခြင်း၊ နားထောင်ခြင်းများ လုပ်ဆောင်ရန် တိုက်တွန်းအားပေးပါသည်။ တရားဝင်မှတ်ပုံတင်မှ စင်ကာပူတွင်အဖွဲ့အစည်းအဖြစ် ရပ်တည်မည်ဟုယုံကြည်ပြီး၊ မှတ်ပုံတင်ရန်အားစိုက်မှုမလုပ်ကြရန်လိုသည်။ မှတ်ပုံတင်ပါက ဥက္ကဌ၊ အတွင်းရေးမှု၊ ဘဏ္ဍာရေးမှုး ၃ဦးနှင့်လက်ထောက်၃ဦး ၆ဦး နေရာများအတွက် အခြေတင်ပြောဆိုရင်း အချိန်ကုန်မည်။ မှတ်ပုံတင်ပါက စင်ကာပူနိုင်ငံသား ၅ယောက်ခန့်လိုမည်ဖြစ်ရာ …မှတ်ပုံတင်ရေးမကြိုးစားသင့်ပါ။ စင်ကာပူတွင် မှတ်ပုံမတင်ပဲ လူထောင်နှင်ချီပြီး လုပ်ကိုင်နေသော မြန်မာလူမှုရေးအဖွဲ့စည်းများရှိသည်။ ဥပမာ လမ်းပြကြယ်စာကြည့်တိုက်၊ ပညာဒါနအဖွဲ့တို့ဖြစ်သည်။ 
● စင်ကာပူမှလုပ်ပေးနိုင်သော မြန်မာအဖွဲ့အစည်းများ
ဒေါ်အောင်ဆန်းစုကြည် စင်္ကာပူလာရောက်စဉ် ၂၂-စက်တင်ဘာ-၂၀၁၃ အခန်းအနားအတွက် တက်ရောက်ဆွေးနွေးသော အသင်းများနှင့် ကိုယ်စားလှယ်များများမှာ အလွန်များပြားပါသည်။ ၆ခုမျှသာ မှတ်ပုံတင်ထားသော အဖွဲ့အစည်းဖြစ်သည်။ ဥပမာ မြန်မာကလပ်၊ ကုန်သည်ကြီးများအသင်း၊ ဘူမိဗေဒအသင်း၊ Engineering Safety အသင်း၊ ဘာသာရေးအသင်းဖွဲ့၃ခုခန့် စသည်တို့ဖြစ်သည်။ ထိုမှတ်ပုံတင်ထားသော အသင်းများသည် လစဉ်ဆွေးနွေးပွဲပင် မနည်းလုပ်နေရသည်ဟု သိရသည်။ မြန်မာများ အသင်းအဖွဲ့လုပ်မှု အလွန်အားနည်းလှသည်။ အဆိုပါအသင်းဖွဲ့များတွင် အမှတ်စဉ်၄၃ Myanmar MTP မှ ဒေါက်တာသိန်းသန်းဝင်း အဖွဲ့သည် ၂၀၁၃ ဝန်ကြီးဦးစိုးသိမ်းနှင့်သမ္မတအကြံပေး ဦးလှမောင်ရွှေတို့ အမေးအဖြေပွဲ ပြုလုပ်ပေးသည့်အဖွဲ့ဖြစ်သည်။ ယခု၆လကြာသော်လည်း နောက်တစ်ပွဲ ဖြစ်မလာသေးပါ။ မြန်မာများသည် ကောက်ရိုးမီးကဲ့သို့ ဝုန်းကနဲတောက်ပြီး၊ နှေးသွားလေ့ရှိသည်။ အပတ်စဉ်ဆွေးနွေးမှုကို လုပ်ရန် ပုဂ္ဂိုလ်ရေး ရှေ့တန်းတင်များကြောင့် ခက်နေသည်။ မြန်မာပြည်ငြိမ်းခြမ်းရေးအတွက် နောက်ကွယ်မှကြိုးကိုင်သူများရှိသလို စင်ကာပူမြန်မာအဖွဲ့အစည်းများတွင်လည်း ထိုစရိုက်များ (ဥပမာ ကြောက်တတ်ခြင်း၊ အလုပ်ပြုတ်မှာစိုးခြင်း၊ မိမိမနှစ်သက်သူ ပါနေခြင်း၊ မိမိအကြံ စည်နှင့်မကိုက်ညီခြင်း စသည့် နောက်ကွယ်မှကြိုးကိုင်ခံရသော စစ်အာဏာရှင်စရိုက်များဖြစ်သည်)။ အောက်ပါမြန်မာအဖွဲ့အ စည်းများ ဆက် လက်လှုပ်ရှားကြရန် တိုက်တွန်းအားပေးပါသည်။ 
Sr. No. Society Name Representative Name
1 ချင်း Phoe Be Nguan Bang
2 မွန် Wint War War Tun
3 ရခိုင်အသင်း(စင်ကာပူ) Aung Bo Myint
4 ရှမ်း Nang Phyu Thwe Aung
5 ပအို့ Khun Maung Maung
6 Myanmar Business Association U Myint Soe Thein
7 Myanmar Geologists Society U Kar Winn
8 Myanmar Karuna Foundation Wai Mar Pearl
9 Myanmar Marinetime Asso Min Thein Htike
10 Myanmar Civil Engg Singapore Kyaw Thet Oo
11 Mechanical (RIT) Zaw Tun Naing
12 Electrical (RIT) Shwe Zin Ma
13 Chemical (RIT) Khin Myo Latt
14 Computer University(UCSY) Ei Ei Zin
15 CPA (Myr), Commence Aye Thandar
16 အိုးဝေ U Tin Maung Win
17 One Dollar Fund – Myanmar Nyein Chan Htwe
18 Myanmar Muslim Club U Myint Naing
19 MON GTI/GTC Family Min Thu
20 မြေလတ်မိသားစု (စင်္ကာပူ) Hein Latt Win
21 Youth Donor Club Nyan Minn Aung
22 ဓမ္မဒါင်းလုပ် မိသားစု Kyaw Lwin
23 Lotus Foundation Aung Pyi Sone Aye
24 Network For Green Myanmar Kyaw Zin
25 ကုသိုလ်အဖွဲ့ Maung Maung Thet
26 မိုးကုတ်အသင်း Myo Thaw Tun
27 စနေဓမ္မမိတ်ဆွေ Thaung Tan
28 ဗုဒ္မအလင်းရောင် ပါရမီအဖြည့် Nay Lin Oo
29 စလင်းမိသားစု Kyaw Naing Min
30 အောင်လံသုခိတာ Saw Win Than
31 CGTI Family Myo Win
32 PSA FAMILY Hla Soe Oo
33 ဓမ္မပန်းခင်း Soe Lin
34 ထားဝယ်မိသားစု Aye Thet
35 Save the Aged (sg) Min Min Oo
36 တောင်ကုပ် Kyaw Moe Naing
37 Lan Pya Kyal Yan Naing
38 TP Myanmar Helping Hands Yan Linn Aung
39 Work Safety Development Association Aye Nyein
40 ဘ၀ပါရမီ သံ သရာခရီးဖော် အသင်း Phoe Aung
41 Peninsula Plaza Group Dr Thuzar
42 Thomson Baptis Church Paw Dae
43 MTP(Myanmar Transactional Platform) Thein Than Win
44 နိုင်ငံရေးအကျဉ်းသားများလွှတ်မြောက်ရေးအဖွဲ့ Kitty Aye Mar Mar
45 UCSM (Computer University Mandalay) Zaw Min Tun
● နေရာရချင်သော လူ့သဘာဝ
အထက်ပါစာရင်းသည် မြန်မာကလပ်ဖေ့စ်ဘုတ်တွင် တင်ပြထားခြင်းမှ ရယူထားပါသည်။ မြန်မာကလပ်သည် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူခရီးစဉ်အတွက် မြန်မာ၅ထောင်ကျော် လာရောက်နားထောင်ရန် စည်းရုံးပေးမှုကို မှတ်တမ်းတင်ပါသည်။ အထူးသဖြင့် လက်မှတ်ရောင်းသူများ၊ လုပ်အားပေးသူများ အလွန်ပင်ပမ်းပါသည်။ မြန်မာကလပ်နှင့်အတူ အနီးကပ်ပူပေါင်းလုပ်ဆောင်သော မြန်မာအဖွဲ့အစည်းများရှိသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးလေးစားကြည်ညိုလွန်းသောကြောင့် နောက်ကွယ်မှ တံပျက်စီးလှဲပေးပြီး၊ အခမ်းအနားခမ်းမတွင် မဝင်လိုက်ရသူများစွာ ရှိပါသည်။ ထိုသူများကိုလည်း မှတ်တမ်းတင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အနားကပ်ရန် အပြိုင်ဆိုင်နည်းမျိုးစုံကြိုးစားသူများကိုလည်း အပြစ်မတင်စေလိုပါ။ လူ့သဘာဝဖြစ်ပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ပွဲအတွက် ထိုင်ခုံ၅ထောင်ကျော်တွင် ရှေ့ဆုံးတန်း ဗွီအိုင်ပီ ထိုင်ခုံများစွာကို နေရာယူထားပြီး၊ မိမိနှင့်သက်ဆိုင်သူများ၊ ကြောက်ရသူများကို နေရာပေးသော နောက်ကွယ်မှကြိုးကိုင်သူများကို ပြောလိုပါသည်။ မည်သူသည် နောက်ကွယ်က ကြိုးကိုင်သူဖြစ်သည်ဟု လက်ညိုးမထိုးပဲ မြန်မာကလပ်က နေရာဦးယူထားသည်ဟု ပြောလိုပါသည်။ အထက်ပါ ၄၅သင်းတွင် တရားဝင်မှတ်ပုံတင်ထားသော၊ အဖွဲ့ဝင် ထောင်နှင့်ချီရှိသည် အဖွဲ့အစည်းများရှိသည်။ ထိုအဖွဲ့များသည် နေရာမယူလို၊ နေရာလုပွဲတွင်လဲမပါလို၊ ရှေ့ဆုံးတန်းထိုင်ခံများတစ်ခုကိုပင် မပေးသောကြောင့် ကိစ္စမရှိပါ။ ဒေါ်လာ၃၀ပေးပြီး ဝင်ခွင့်ရ၊ နားထောင်ရလျှင် ကျေနပ်နေသော လူအများစုဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ပွဲ ရှေ့ဆုံးနေရာထိုင်ခုံ ခွဲဝေခြင်းများကိစ္စကို လူများမသိကြပါ။ ထိုထိုင်ခုံနေရာထက် ပိုအရေးကြီးသည့် နေရာလုပွဲများလည်း ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံပွဲ စီစဉ်သူများ စိတ်ပျက်စွာလုပ်ဆောင်ခဲ့ရပါသည်။ အောင်မြင်စွာပြီးစီးသွားခြင်းသည် စင်ကာပူရောက်မြန်မာများ၏ သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့မြင့်မြတ်စိတ်ထားရှိရန် စံပြပုဂ္ဂိုလ်ထူး တစ်ဦးဖြစ်ပါသည်။ နောက်တက်မည့်သမ္မတ အဆက်ဆက်မှာ ယခုစာဖတ်သူပါဝင်နေလျှင်လဲ ဒေါ်အောင်ဆန်းစုကြည်၏ ပေါ်လစီများကို အကောင်ထည်ဖေါ်နိုင်သူဖြစ်ရန် မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးပါသည်။
အဖွဲ့အစည်းနှင့်လုပ်ရသည်မှာ ခက်ခဲပါသည်။ မြန်မာလူကြီးများ မလုပ်နိုင်ခြင်းကို မြန်မာလူငယ်သွေးသစ်များက လုပ်ပြတော့မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာလူငယ်သွေးသစ်များကို မြန်မာပြည်ပြန်လာကြပါရန် အနူးအညွတ်ဖိတ်ခေါ်သွားပါသည်။
ကမ္ဘာသစ်ဆီသို့ ချီတက်ရာတွင် မြန်မာအဖွဲ့အစည်းများ လှုပ်ရှားကြရန်၊ အနည်းဆုံး ပုံမှန် တစ်လတစ်ခါ တွေ့ဆုံကြရန် တိုက်တွန်းလိုသဖြင့် အနည်းငယ်ရေးပါသည်။ အထူးသဖြင့် စက်မှုလုပ်ငန်းများတွင် လယ်ယာ၊စက်ရုံအသုံးဆောင်များ မြန်မာပြည်သို့တင်ပို့ရာတွင် အသေးစား၊ အလတ်စားလုပ်ငန်းရှင်များအတွက် သွင်း/ထုတ် လိုင်စင်နှင့်အခွန်ကောက်များမှာ အလွန်ဈေးကြီးနေခြင်းကို နိုင်ငံတော်မှဖြေရှင်းပေးရန်လိုသည်။ ခရိုနီကုမ္ပဏီများသာ ပြည်တွင်းတွင် လောင်စာဆီတင်သွင်းခွင့်ရခြင်း၊ လျှပ်စစ်အခမဲ့နီးပါးရရှိခြင်း၊ ပို/ဆက်အဆင်ပြေခြင်းအပြင် သွင်း/ထုတ်ကုန်တွင်လည်း မြန်ဆန်၊ အခွန်မပေးရသလောက်ဖြစ်နေခြင်းသည် အရုပ်ဆိုးပါသည်။ ဝိသမစီးပွားရေးလုပ်ငန်းရှင်များ၊ တချိန်က ဘိန်း၊မူးယစ်လုပ်ငန်းရှင်များကြီးစိုးနေမှုကို ထိမ်းချုပ်ပေးရန်လိုပါသည်။
ITE Singapore လူငယ်များ၏ ပညာရေးအခန်းဖြင့် အဆုံးသပ်လိုပါသည်။ 
ပညာရေးဌာနကို မြင့်မြတ်သောစိတ်ထားဖြင့် လုပ်ကိုင်သူများအတွက် လစာငွေမလုံလောက်မှုမှာ နံပါတ်တစ်ဖြစ်နေပါသည်။ ပညာရေးဌာနတွင် လာဘ်စားမှု (လက်ဆောင်ပေးမှမိမိကလေးဂရုစိုက်ခံရမှု) သည် အလွန်အရုပ်ဆိုးသည်။ တစ်နိုင်ငံလုံး ဆရာ၊ဆရာမ ၃သိန်းကျော်အတွက် မည်သို့ စီမံကိန်းချမည်ဆိုသည်မှ အခွန်ကောက်ခြင်း၊ အခွန်ရငွေသုံးစွဲခြင်းတို့တွင် မြင့်မြတ်သောလူတော်၊လူကောင်းများကို ရှာဖွေခန့်ထားရန်ဖြစ်သည်။ မြန်မာနိုင်ငံအခြေခံပညာရေးတွင် စတင်သင်ကြားမည့် ပြည်သူနီတိ မြင့်မြတ်သောစိတ်နေသဘောထားကို ဆယ်ကျော်သက်လူငယ်တိုင်း သိပါသည်။ လက်တွေ့လေ့ကျင့်ရန် လိုပါသည်။ မိမိအိမ်တွင်း၊ မိမိနေထိုင်သောအိမ်အတွင်း လေ့ကျင့်ခြင်းမှာ နံပါတ်တစ် ဖြစ်ပါသည်။ နောက်တစ်နေရာမှာ စာသင်ကျောင်းများ၊ အလုပ်ခွင်များဖြစ်သည်။ မိမိယုံကြည်သက်ဝင်သော ဘာသာရေး၊ ဘုရားကျောင်း၊ဘုန်းကြီးကျောင်းများတွင် လေ့ကျင့်ရန်ဖြစ်သည်။ ထိုလွယ်ကူသော နေရာ၃ခုတွင် မြင့်မြတ်သောစိတ်ထားများကို လေ့ကျင့်ယူနိုင်သည်။ စီးပွားရေးလုပ်ငန်းတွင် မြင့်မြတ်သော စိတ်ထားများ လေ့ကျင့်ရန် အင်မတန်ခဲယင်းပါသည်။ တရုပ်ပြည်တွင် နိုင်ငံခေါင်းဆောင်များကို စီးပွားရေးလုပ်ငန်းတခုမျှ ဒါရိုက်တာ၊အဖွဲ့ဝင်မလုပ်ရဟု ဥပဒေဖြင့်တားမြစ်ထားပါသည်။

မြန်မာစက်မှုအတတ်သင်ကျောင်းများ၊ ကောလိပ်များအတွက် ရံပုံငွေများ၊ ကုမ္ပဏီကြီးများ၏ စပွန်စာများ ရရှိရန်ဖြစ်သည်။ စင်ကာပူမှလူငယ်၊ စက်မှုအထက်တန်း၊ကောလိပ်ကျောင်းသားများနှင့်လည်း နည်းပညာဖလှယ်သည့်အနေနှင့် မြန်မာကျောင်းသားများစွာ ITE Singapore  သို့ပညာသင်ခွင့်ရရေးကိုလည်း မြန်မာပညာရေးတာဝန်ရှိသူများ ကြိုးစားပေးကြမည်ဟုလည်း မျှော်လင့်ပါသည်။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts