ကဗျာ

ပိုင်သစ်နွယ် – မှီခို

Art – Than Htay Maung


ပိုင်သစ်နွယ် – မှီခို
(မိုးမခ) မေ ၅၊ ၂၀၁၆

ဘယ်လူလွန်မသားရဲ့လက်ချက်လည်း မသိဘူး။
ဘုတ်ကနဲ ပြုတ်ကျလာလို့ ကြည့်လိုက်တော့ ထော့နဲ ထော့နဲ့
စာကလေးတစ်ကောင် ။သူ့ခြေထောက်ဒဏ်ရာကို
ငါ ဆေးထည့် ပတ်တီးစည်းပြီး သူ့ကို လွှတ်ပေးလိုက်တယ်။
ထော့နဲ့ ထော့နဲ့ ငါ့ ချိုင်းထောက်ကို အားပြုရင်း. . . . ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts