ကဗျာ ခင်လွန်း

ခင်လွန်း – ပိတောက်ပန်းကို ဘယ်သူရွှေရောင်ဆိုးထားသလဲ

ခင်လွန်း – ပိတောက်ပန်းကို ဘယ်သူရွှေရောင်ဆိုးထားသလဲ

(မိုးမခ) ဧပြီ ၁၆၊ ၂၀၁၆

ဇာတ်ရည်လည်လာပေါ့
ငါကိုယ်တိုင်က သိကြားမင်းပဲ….
အပျော်နဲ့ အမော်ကို ငါဟာ ဖန်ဆင်းပေးခဲ့
ကောင်းခြင်းနဲ့ ဆိုးခြင်းဟာလဲ ငါ့အစီအမံတွေပါပဲ
ကုသိုလ်နဲ့ အကုသိုလ်တရားကိုလဲ ငါဟာ ထိန်းကွပ်လို့ပေါ့
သိကြားမင်းဟာ
လူ့ပြည်အပေါ်
မဟာဂရုဏာနဲ့ သူ့ရဲ့သင်္ကြန်မှတ်တမ်းကို
တနှစ်တခါ ထုတ်ပြန်လို့ပေါ့။

သေချာပါတယ်ပန်းကလေးရေ
မင်းကိုရနံ့တွေနဲ့စီခြယ်ပေးခဲ့သူကို
မင်းဒီဘဝပါရမီမျှနဲ့ မသိနိုင်သေးဘူး
သေချာတယ်
တောင်းဆုခြွေပါလေဦး
နောက်နောင် ဘဝအဆက်ဆက်များ
ပန်းကလေးရဲ့နောင်ဘဝအဆက်ဆက်များ။ ။

ခင်လွန်း
ဧပြီ ၁၆ ၊ ၂၀၁၆
နံနက် ၀၄း၁၅ နာရီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts