ဆောင်းယွန်းလ – ကိုယ့်လမင်းအကြောင်း
(မိုးမခ) ဧပြီ ၇၊ ၂၀၁၆
(မိုးမခ) ဧပြီ ၇၊ ၂၀၁၆
လင်းလင်းချင်းချင်း လင်းချင်ပြန်တော့လည်း
အရုဏ်မတက်ခင်ကတည်းက
လင်းခဲ့ကြပြီတဲ့လား
မိုးချုပ်နေသေးတဲ့ ညတွေရဲ့အကြောင်းကို
နတ်စောင်းသံလို နားထောင်နိုင်ရင်တော့လည်း
အကောင်းသားပေါ့
လပြည့်ညတွေကိုရောက်ပြီလို့ ပြောသည့်တိုင်အောင်
အောင်ခြင်းရှစ်ပါး
လက်ဖ၀ါးထဲထည့်ဆုပ်ထားသူတချို့ရဲ့
ဝမ်းသာခြင်းမျိုးတွေနဲ့
ဘယ်သူ့ရင်ထဲကလမင်း ရာနှုန်းပြည့် သာနိုင် လင်းနိုင်ခဲ့မှာလဲ
ခြောက်သွေ့အက်ကွဲနေတဲ့ မြေကမ္ဘာထဲကို
မိုးတစက်လောက် ပေါက်ကျရုံနဲ့တင်
တတောလုံးတတောင်လုံး ပန်းတွေပွင့်ပြန်သတဲ့
သစ်ခုတ်သမားပေါင်းတရာရဲ့တမ်းချင်းကို
ပန်းပုဆရာတယောက်လောက်ကတော့
နတ်သိကြားတွေရဲ့နားနဲ့ နားလည်နိုင်ကောင်းရဲ့…
သူငယ်ချင်းရေ….
ကောင်မလေးရဲ့
အကျဉ်းနဲ့အကျပ်ထဲမှာ အလင်းငတ်နေဆဲသူတချို့ရဲ့
တိမ်စွယ်တွေအောက်က လမင်းအကြောင်း
တခေတ်တခါကောင်းမှ
ဇာတ်ကြောင်းပြောကြတာပေါ့ကွဲ့….။
အရုဏ်မတက်ခင်ကတည်းက
လင်းခဲ့ကြပြီတဲ့လား
မိုးချုပ်နေသေးတဲ့ ညတွေရဲ့အကြောင်းကို
နတ်စောင်းသံလို နားထောင်နိုင်ရင်တော့လည်း
အကောင်းသားပေါ့
လပြည့်ညတွေကိုရောက်ပြီလို့ ပြောသည့်တိုင်အောင်
အောင်ခြင်းရှစ်ပါး
လက်ဖ၀ါးထဲထည့်ဆုပ်ထားသူတချို့ရဲ့
ဝမ်းသာခြင်းမျိုးတွေနဲ့
ဘယ်သူ့ရင်ထဲကလမင်း ရာနှုန်းပြည့် သာနိုင် လင်းနိုင်ခဲ့မှာလဲ
ခြောက်သွေ့အက်ကွဲနေတဲ့ မြေကမ္ဘာထဲကို
မိုးတစက်လောက် ပေါက်ကျရုံနဲ့တင်
တတောလုံးတတောင်လုံး ပန်းတွေပွင့်ပြန်သတဲ့
သစ်ခုတ်သမားပေါင်းတရာရဲ့တမ်းချင်းကို
ပန်းပုဆရာတယောက်လောက်ကတော့
နတ်သိကြားတွေရဲ့နားနဲ့ နားလည်နိုင်ကောင်းရဲ့…
သူငယ်ချင်းရေ….
ကောင်မလေးရဲ့
အကျဉ်းနဲ့အကျပ်ထဲမှာ အလင်းငတ်နေဆဲသူတချို့ရဲ့
တိမ်စွယ်တွေအောက်က လမင်းအကြောင်း
တခေတ်တခါကောင်းမှ
ဇာတ်ကြောင်းပြောကြတာပေါ့ကွဲ့….။
ဆောင်းယွန်းလ (ဧပရယ် ၆ ရက်၊ ၂၀၁၆)