မှတ်စုမှတ်တမ်း ဟံသာဝတီ ဦးဝင်းတင်

မုံရွာအောင်ရှင် – မြန်မာ့နိုင်ငံရေးနှင့် ဒေါ်အောင်ဆန်းစုကြည် – အပိုင်း (၁၉)


မုံရွာအောင်ရှင် – မြန်မာ့နိုင်ငံရေးနှင့် ဒေါ်အောင်ဆန်းစုကြည် – အပိုင်း (၁၉)
(ဒီလှိုင်းဂျာနယ်) မိုးမခ၊ ဧပြီ ၇၊ ၂၀၁၆

(၁)

၁၈.၉.၁၉၉၈ ရက် ညနေပိုင်းတွင် မြန်မာ့အသံမှ တရစပ်ထုတ်လွှင့်လျှက်ရှိသော စစ်ချီတေးများ ရုတ် တရက်ရပ်တန့်သွားပြီး နိုင်ငံတော်တစ်ဝန်းလုံးတွင် အဘက်ဘက်မှယိုယွင်းနေသော အခြေအနေကို အချိန်မှီ ထိန်းသိမ်းနိုင့်ရန်အတွက် ၊ ပြည်သူအားလုံး အကျိုးအတွက် ၊ တပ်မတော်သည် နိုင်ငံတော်အာဏာ အရပ်ရပ်ကို တာဝန်ယူလိုက်ကြောင်း ကြေညာချက် ထွက်ပေါ်လာခဲ့သည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ကြေညာချက်အမှတ် ၁/၈၈ ကိုလည်း ထုတ်ပြန်ခဲ့သည်။ တစ်နည်းအားဖြင့် ဒေါက်တာမောင်မောင် အစိုးရထံမှ တပ်မတော်က အာဏာသိမ်းယူလိုက်ခြင်းဖြစ်သည်။

ဆက်လက်၍ အမိန့်အမှတ် ၂/၈၈ ကိုလည်း ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းအမိန့်တွင် ည ၂၀:၀၀ အချိန်မှ နံနက် ၀၄:၀၀ နာရီအချိန်အထိ မည်သူမဆို အမိန့်တစ်စုံတစ်ရာမရှိဘဲ လမ်းများပေါ်သို့ ထွက်ရောက် သွားလာမှုမရှိစေရ။ ဆူပူလိုသောရည်ရွယ်ချက်ဖြင့်ဖြစ်စေ ၊ လူငါးယောက်နှင့် ငါးယောက်ထက်ပို၍ လမ်းများအ ပေါ် စုဝေးခြင်း ၊ လမ်းလျှောက်ခြင်း ၊ စီတန်းလှည့်လည်ခြင်း ၊ ဟောပြောခြင်း ၊ ဟစ်အော်ကြွေးကြော်ခြင်း ၊ လှုံ့ ဆော်ခြင်း ၊ ရုန်းရင်းဆန်ခတ်ပြုခြင်း ၊ မည်သူမျှမပြုလုပ်စေရ။ မည်သည့်နေရာတွင်မှ သပိတ်စခန်းဖွင့်ခြင်း ၊ ဆူပူ လှုံ့ဆော်လိုသော ရည်ရွယ်ချက်ဖြင့်ဖြစ်စေ ၊ လူစုလူဝေးပြုလုပ်ခြင်း ၊ စုရုံးခြင်း ၊ မည်သူမျှမပြုလုပ်ရ။ လမ်းများ ပေါ်တွင် အတားအဆီးများ ပြုလုပ်ပိတ်ဆို့ခြင်း ၊ လမ်းများဘေးတွင် လူစုလူဝေးဖြင့်ဆန္ဒပြခြင်း ၊ မည်သူမျှမပြု လုပ်ရ။ လုံခြုံရေးတာဝန်ထမ်းဆောင်နေသူများကို မည်သည့်နည်းနှင့်မျှ နှောင့်ယှက်ခြင်း ၊ ဟန့်တားခြင်း မပြု လုပ်ရဟု ပါရှိသည်။

ထပ်မံ၍ ယင်း ၁၈.၉.၁၉၈၈ နေ့မှာပင် ကြေညာချက်အမှတ် ၂/၈၈ ကို ထုတ်ပြန်ကြေညာခဲ့သည်။ ယင်း ကြေညာချက်တွင် လက်ရှိတည်ဆဲဖြစ်သည့် ပြည်သူ့လွှတ်တော် ၊ နိုင်ငံတော်ကောင်စီ ၊ ဝန်ကြီးအဖွဲ့ ၊ ပြည်သူ့ တရားသူကြီးအဖွဲ့ ၊ ပြည်သူ့ဥပဒေအကျိုးတော်ဆောင်အဖွဲ့ ၊ ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ ၊ ပြည်နယ်/ တိုင်း/မြို့နယ်/ရပ်ကွက်/ကျေးရွာပြည်သူ့ကောင်စီအဆင့်ဆင့်ကို ဖျက်သိမ်း လိုက်ကြောင်းဖြစ်သည်။ ဒုတိယဝန် ကြီးများကိုလည်း တာဝန်မှရပ်စဲကြောင်း တစ်ဆက်တည်း ကြေညာသည်။

အာဏာသိမ်းစစ်ကောင်စီသည် အမိန့်အမှတ် ၃/၈၈ ဖြင့် ဝန်ထမ်းများမိမိဌာနအသီးသီးသို့ ၁၉.၉.၁၉၈၈ နေ့မှစ၍ ဆက်လက်တာဝန်ထမ်းဆောင်ကြရန် ၊ ၂၆.၉.၁၉၈၈ နေ့ နောက်ဆုံးထား၍ လုပ်ငန်းခွင်သို့ ဝင်ရောက် ခြင်းမရှိပါက တာဝန်မှရပ်စဲမည်ဟုလည်း ညွှန်ကြားထားသည်။ ကြေညာချက်အမှန် ၃/၈၈ ဖြင့်လည်း ပြည် ထောင်စုမြန်မာနိုင်ငံတော်သည် လွတ်လပ်၍တက်ကြွသော နိုင်ငံခြားရေးဝါဒကို ဆက်လက်ကျင့်သုံးရမည်ဟု ကြေငြာခဲ့သည်။

အမိန့်အမှတ် ၁/၈၈ ထုတ်ပြန်ပြီး ဖွဲ့စည်းခဲ့သော နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကို ဗိုလ်ချုပ်ကြီးစောမောင်က ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး အတွင်းရေးမှူး (၁)အဖြစ် ဗိုလ်မှူးချုပ်ခင်ညွှန့် ၊ အတွင်း ရေးမှူး (၂)အဖြစ် ဗိုလ်မှူးကြီးတင်ဦးကဆောင်ရွက်သည်။ ဒုတိယဗိုလ်ချုပ်ကြီးသန်းရွှေ ၊ ဗိုလ်ချုပ်မောင်မောင် ခင် ၊ ဗိုလ်ချုပ်တင်ထွန်း ၊ ဗိုလ်မှူးချုပ်အောင်ရဲကျော် ၊ ဗိုလ်ချုပ်ဘုန်းမြင့် ၊ ဗိုလ်ချုပ်စိန်အောင် ၊ ဗိုလ်ချုပ်ချစ်ဆွေ ၊ ဗိုလ်မှူးချုပ်ကျော်ဘ ၊ ဗိုလ်မှူးချုပ်မောင်အေး ၊ ဗိုလ်မှူးချုပ်ညဏ်လင်း ၊ ဗိုလ်မှူးချုပ်မောင်သင့် ၊ ဗိုလ်မှူးချုပ် မြင့်အောင် ၊ ဗိုလ်မှူးချုပ်ထွန်းကြည် ၊ ဗိုလ်မှူးချုပ်အေးသောင်း ၊ ဗိုလ်မှူးချုပ်မြသင်းတို့က အဖွဲ့ဝင်များအဖြစ် ပါ ဝင်ကြသည်။

(၂)

တပ်မတော်မှ အာဏာသိမ်းလိုက်သည့်သတင်းကို အရေးတော်ပုံအဖွဲ့များ မမျှော်လင့်ပဲ ကြားသိလိုက် ရသည့်အတွက် အံ့အားသင့်ကြရသည်။ ရှေ့လုပ်ငန်းစဉ်များချက်မှတ်ရန် တုံ့ဆိုင်းသွားကြသည်။ ဟံသာဝတီဦး ဝင်းတင်က တပ်မတော်မှ အာဏာသိမ်းယူခြင်းအပေါ် ဒေါသတကြီးဖြင့် ကန့်ကွက်သည့်ကြေညာချက်ကို ရေး သားခဲ့သည်။ ကြေညာချက်တွင် “ စစ်အစိုးရ၏ အာဏာသိမ်းခြင်းကို ပြည်သူလူထုက လုံးဝလက်မခံ ၊ ကန့် ကွက်ရှုတ်ချသည်။ အာဏာရှင်များအနေဖြင့် အာဏာသိမ်းမှုကို ပြန်လည်ရုတ်သိမ်းရန်တောင်းဆိုကြောင်း” ဖော် ပြထားသည်။

ထို့အတူ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကိုကြီးသည်လည်း ဦးဝင်းတင်ထံရောက်ရှိလာပြီး အာဏာသိမ်းမှုကို ကျောင်းသားသမဂ္ဂမှ ဆန့်ကျင်ကြောင်း ကြေညာချက်ကို ရေးသားထုတ်ပြန်ခဲ့သည်။ ကြေ ညာချက်များကို ရှေ့နေ ဦးသာဘန်းမှတစ်ဆင့် ဗြိတိန် ၊ ဆိုဗီယက် ၊ အမေရိကန်သံရုံးများသို့ ဘာသာပြန်၍ပေး ပို့သည်။ ဘီဘီစီ ဦးမောင်မောင်ထံသို့လည်း ထပ်မံပေးပို့ခဲ့သည်။

၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၅ ရက်လောက်တွင် ဦးမိုးသူမှတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ နေအိမ်၌ ဦးဝင်းတင်အား ခေါ်ယူတွေ့ဆုံသည်။ ဤသို့တွေ့ဆုံမှုကို ဦးဝင်းတင်က “ တွေ့ပြီတော့ ဒေါ်စုက ပြောတယ်။ ဆရာတို့ ကျွန်မတော့ ပါတီဖွဲ့တော့မယ်။ အဲဒီတော့ အောင်စုတင်က တွေ့ပြီးပြီ။ တွဲပြီးပြီ။ ဘာလို့တွဲ ပြီးလဲဆိုတော့ ကျွန်တော်လည်း မမေးဘူး။ ကျွန်တော်လည်း အမှန်အတိုင်းပြောရရင် ကျွန်တော်ခြံထဲ သိပ်မ ရောက်တော့ဘူး။ ဟိုရက်တွေတုန်းက သပိတ်ကိုအကြောင်းပြုပြီး အများကြီးရောက်ခဲ့တဲ့အနေအထားကနေ အဲဒီ အောင်စုတင်ဖွဲ့ထားတာ ကြားလည်းကြားရော ကျွန်တော် သိပ်ပြီးတော့ မသွားဖြစ်တော့ဘူး။ သွာတော့ ကျွန်တော်ကမေးတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်စုကလည်း ဆရာ ကျွန်မတို့လည်း ပါတီဖွဲ့မှဖြစ်တော့မယ် ၊ ပါတီဖွဲ့မယ်တဲ့။

ကောင်းပြီ။ ပါတီဖွဲ့မယ်ဆိုရင် ဘယ်လိုဖွဲ့မှာလည်းဆိုတော့ ဦးအောင်ကြီးရယ် ၊ ဗိုလ်ချုပ်ဦးတင်ဦးတို့နဲ့ သုံးဖွဲ့ပေါင်းပြီးတော့ ကျွန်မတို့ ပါတီဖွဲ့မှာပဲတဲ့။ ဆရာတို့လည်း ဝင်လုပ်ပါဆိုတော့ ကျွန်တော်ကပြောတယ် ၊ ကျွန်တော်မလုပ်ချင်ဘူး ၊ ကျွန်တော်က နိုင်ငံရေးလည်း လုပ်တက်တဲ့သူမဟုက်ဘူး။ နိုင်ငံရေးသမားလည်း မဟုက်ဘူး။ ကျွန်တော် သိပ်လည်း စိတ်မဝင်စားဘူး။ ကျွန်တော် သပိတ်တွေဘာတွေမှာ ပါဝင်လှုပ်ရှားတာက လိုအပ်တဲ့အနေအထားအရ လှုပ်ရှားတာပဲ။ ဒါကြောင့် နိုင်ငံရေးအနေနဲ့တော့ ကျွန်တော်မလုပ်ချင်ဘူးလို့ပြော လိုက်တယ်။

အဲဒီလိုဆိုတော့ ဒေါ်စုက ဘာပြောသလဲဆိုရင် ကျွန်တော်မှတ်မိနေသေးတယ်။ ဆရာ ဒီလိုတော့ပြော လို့မရဘူးလေတဲ့။ ကျွန်မကိုယ်တိုင်ပင်လျှင် ကျွန်မလည်း ဘယ်နိုင်ငံရေးလုပ်တက်မလဲ။ ဒါပေမယ့်လည်း လုပ်စ ရာလိုအပ်တဲ့အချိန်မှာတော့ လုပ်ရမှာတဲ့။ လုပ်ရမှာပဲတဲ့။ ဒီအချိန်မှာ အားလုံးရှိသမျှလူတွေ ၊ လုပ်လို့ရတဲ့သူတွေ ၊ တွဲလို့ရတဲ့သူတွေမှန်သမျှ တွဲပြီးတော့ အလုပ်လုပ်ရမယ့်အချိန်ပဲ။ကျွန်မ ဆရာ့ကို တုက်တွန်းပါတယ်။ ဝင်လုပ် ပါတဲ့” ။

(၃)

ဦးဝင်းတင်က နိုင်ငံရေးအရ လုပ်ရည်ကိုင်ရည်နှင့် အတွေ့အကြုံရှိသော ၊ သတ္တိရှိသော ၊ တည်တည် ငြိမ်ငြိမ်ရှိသော ကိုမိုးသူကို လေးစားသည်။ အထင်ကြီးသည်။ ထို့ကြောင့် “ အဲဒါနဲ့ ကျွန်တော်က ဒေါ်စုကိုပြော တယ်။ ဒေါ်စု ကိုမိုးသူကို လုပ်ခိုင်းဖို့ကောင်းတယ်၊ ကိုမိုးသူက စည်းရုံးရေးလည်းလုပ်တတ်ကိုင်တတ်၊ ပြော တတ်ဆိုတတ်တဲ့သူ၊ သတ္တိလည်းကောင်းတဲ့သူ၊ နောက်ပြီးတော့ တက်ထက်သန်သန်နဲ့ ငယ်ငယ်ရွယ်ရွယ်လည်း ရှိတဲ့သူဆိုပြီးတော့ ကျွန်တော်ကတိုက်တွန်းတယ်။

ဒေါ်စုက ဘာပြန်ပြောသလဲဆိုတော့ ဆရာပြောတာ ကျွန်မသဘောတူတယ်။ ကျွန်မ ဆရာကိုမိုးသူကို လည်း လုပ်ခိုင်းပါမယ်တဲ့။ ဒါပေမယ့် ဆရာကိုမိုးသူလုပ်ရုံနဲ့တင်မဟုက်ဘူး။ ဆရာလည်းလုပ်ပါဆိုတော့ ကျွန် တော်ငြင်းရခတ်နေတယ်ဗျ။ ဒီလိုဆိုရင် စဉ်းစားပါရစေဦးလို့ ကျွန်တော်ပြောတယ်။ မဟုက်ဘူး ၊ ကျွန်မတို့ စဉ်း စားနေဖို့ အချိန်မရှိဘူး။ အဲဒီတော့ ဆရာလုပ်မယ် ၊ မလုပ်ဘူးကိုပဲ ပြောမှဖြစ်မယ်။ ကျွန်မကတော့ လုပ်ဖို့တိုက် တွန်းတယ်။ ဆရာကိုမိုးသူကိုလည်း လုပ်ဖို့တိုက်တွန်းတယ်ဆိုတဲ့အခါ ကျွန်တော့်ကိုမိုးသူက ကျွန်တော်လုပ် မယ်တဲ့။ ကျွန်တော်က သုံယောက်ဆွေးနွေးတဲ့နေရာမှာ တစ်ယောက်တည်းပဲ့ပြီး သင်းကွဲ ၊ ဂိုဏ်းကွဲလည်း မ ဖြစ်ချင်တော့ဘူး။ အဲဒါဖြင့်ရင်လည်း လုပ်ရမှာပေါ့ဗျာ။

အတွဲ (၅) ၊ အမှတ် (၁၂) ၊ ဒီလှိုင်းဂျာနယ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts