News Yan Naung (Bo Ta Htaung)

စာရေးဆရာ မုံရွာအောင်ရှင် စာအုပ်သစ် မိတ်ဆက်

စာရေးဆရာ မုံရွာအောင်ရှင် စာအုပ်သစ် မိတ်ဆက်
 
ရန်နောင်(ဗိုလ်တထောင်)   မိုးမခ
ဧပြီ ၄ – ၂၀၁၆
 
 
          အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏
ဗဟိုကော်မတီ ဝင်၊ ဗဟိုပြန်ကြားရေးကော်မတီ အဖွဲ့ ဝင်၊ ဒီလှိုင်းစာစောင်တာ
ဝန်ခံ အယ်ဒီတာ ၊စာရေးဆရာမုံရွာအောင်ရှင်
ရေးသားပြုစုသော ` အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မှတ်တမ်း (၁၉၈၈- ၂၀၁၀)
စာအုပ် မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ၊ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ
တော် ဝင်နှင်းဆီ စားသောက်ဆိုင်တွင်  ဧပြီလ ၃
ရက်နေ့  နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
 
          အဆိုပါစာအုပ်မိတ်ဆက်ပွဲတွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက သူရဦးတင်ဦး နှင့် စာရေးဆရာ မောင်မိုးသူ (ဘကြီးမိုး)
တို့က အမှတ်တရစကားများ ပြောကြားခဲ့ကြပြီး စာရေးဆရာမုံရွာအောင်ရှင် က စာအုပ်ရေးဖြစ်ရခြင်း
အကြောင်းကို ပြောကြားခဲ့သည်။
 
          ထို စာအုပ်အား
ဦးဆန်းအောင်သူ ပဉ္စဂံစာအုပ်တိုက်မှ တန်ဖိုး ၇၀၀၀ ကျပ်ဖြင့် ဖြန့်ချိလိုက်ပြီ ဖြစ်သည်။
 
          လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊
ဘဘဦးတင်ဦး၊ ဘဘဦး ဝင်းတင် နှင့် ဘကြီးမိုးတို့ ၏ အမှာစာများနှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အကြောင်း ဂဃနဏ မသိသေးသူများ အတွက် မိမိတို့၏ ကိုယ်ပိုင်စာအုပ်စင်တွင် ထားရှိရမည့် စာအုပ်တအုပ်ဖြစ်သည်။
 
          စာအုပ်
မိတ်ဆက်ပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ စာရေးဆရာ၊ ကဗျာဆရာများ၊ အခြားစိတ်
ဝင်စားသူများ၊တက်ရောက်ခဲ့သည်ကိုလည်း
တွေ့ရှိခဲ့ရသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts