News Yan Naung (Bo Ta Htaung)

ပုဂံဇုန် ဝင်ကြေးများ ကောက်ခံရရှိသော်လည်း ပုဂံဒေသဖွံဖြိုးတိုးတက်မှု အတွက် အသုံးပြုမှု နည်းပါး

ပုဂံဇုန် ဝင်ကြေးများ ကောက်ခံရရှိသော်လည်း  ပုဂံဒေသဖွံဖြိုးတိုးတက်မှု အတွက် အသုံးပြုမှု  နည်းပါး
ရန်နောင် (ဗိုလ်တထောင်)    မိုးမခ
မတ် ၂၀ – ၂၀၁၆
 
          ပုဂံဒေသသို့
လာရောက်သော နိုင်ငံခြားသားများသည် ရှေးဟောင်းယဉ်ကျေးမှုဇုန်
ဝင်ကြေးများ ပေးကာ လာရောက်ကြရပါသည်။
ထိုသို့ နိုင်ငံခြားသားများထံမှ ကောက်ခံရရှိငွေများကို ပုဂံဒေသ ဖွံ့ဖြိုးမှုအတွက်  အသုံးပြုခြင်းမရှိကြောင်း ဒေသခံပြည်သူများ၏ ရင်ဖွင့်သံ
သတင်းစာရှင်းလင်းပွဲကို ပုဂံမြို့သစ် မြို့လယ်ဓမ္မာရုံတွင်  ကျင်းပပြုလုပ်ခဲ့သည်။
ဦးသန်းဌေး
 
          ပုဂံဒေသ ဖွံ့ဖြိုးတိုးတက်ရေးအသင်း  မှ ဦးသန်းဌေး ကတင်ပြရာတွင်  ကမ္ဘာ့အလယ်တွင် တန်ဖိုးမြင့်မားစွာတည်ရှိနေသည့် ပုဂံဒေသရှိ
ဘုရားပုထိုးစေတီ ၊အဆောက်အဦးများကို ရေရှည်တည်တံ့ခိုင်မြဲစေရန် ၊ထိန်းသိမ်းစောင့်ရှောက်ရန်
အထူးပင် လိုအပ်လျက်ရှိကြောင်း၊ ခွဲေ ဝချပေးထားသော ဘတ်ဂျက် လုံလောက်မှု မရှိခြင်းကြောင့်
အဆောက်အဦးများ၏ အခြေအနေမှာ တနေ့ထက် တနေ့ ယိုယွင်းပျက်စီးလာကြောင်း၊ အကျယ်တ
ဝင့် ရှင်းလင်း ပြောကြားခဲ့သည်။
ဦးအောင်ရွှေ
 
          ထိုအသင်းမှ
ကိုအောင်ရွှေကလည်း ယခုကဲ့သို့ ပြောပြခဲ့သေးသည်။
          ` ကျနော်တို့  ပုဂံမှာ ဆေးရုံကောင်းကောင်းမရှိပါဘူး ၊ ဆေးရုံကောင်းကောင်း
မရှိတဲ့အတွက် မန္တလေး၊ရန်ကုန်ပြေးရတော့ လမ်းမှာတင် အဖိတ်အစင် ရှိပါတယ်။ ဒေသခံတွေအတွက်
အထောက်အကူ ဖြစ်မယ့် ဆေးရုံတို့ ၊ဆေးပေးခန်းတို့ ဆိုတာ  အထူး လိုအပ်ပါတယ် ´ ဟုပြောခဲ့သည်။
          ဇုန်ကြေးပေးပြီးသော
နိုင်ငံခြားသားသည် ပုဂံဒေသတွင် ၇ ရက်နေထိုင်ခွင့်ရှိသည်။ ဇုန်ကြေးများကို နိုင်ငံတော်
အစိုးရသို့ ၉၀ရာခိုင်နှုန်းပေးသွင်းပြီး ၁၀ ရာခိုင်နှုန်းကို MTF က ရရှိသည်။ ထိုရရှိသော
၁၀ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းကိုသာ ပုဂံဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုခြင်း ဖြစ်သည်။
          ပုဂံဇုန် ဝင်ကြေးသည် တနှစ်လျှင် ကျပ်သိန်းပေါင်း
၆သောင်းကျော် ရရှိနေသော်လည်း  ပုဂံဒေသ ဖွံ့ဖြိုးရေးအတွက်
၂ ရာခိုင်နှုန်းဟု ဆိုသော ကျပ်သိန်း ၁၂၀၀ကျော်မျှသာဖြစ်နေလေသည်။
ဒေါ်တင်တင်စိန်
 
          ` အဖွားရောက်ဖူးတဲ့
တခြားနိုင်ငံတွေမှာ ဒီလို ရှေးဟောင်းဇုန် ဝင်ကြေးတွေကို အစိုးရက တပြားတချပ်မျှ မယူဘူး။
ဒေသဖွံ့ဖြိုးရေးအတွက်ပဲ လုပ်ပေးတာ ´ဟု အသက် ၁၈ နှစ်သမီးအရွယ်ကတည်းက ဆိုင်ကယ်နှင့်ကမ္ဘာလှည့်ခဲ့သောဒေါ်တင်တင်စိန်မှ
ပြောပြခဲ့သည်။
          အခြားသော
အီဂျစ်၊အမေရိကန်၊ရှိ ရှေးဟောင်းဒေသများ နှင့် သမိုင်း ဝင်အဆောက်အဦးများတွင် ဇုန် ဝင်ကြေးများကို
နိုင်ငံတော်သို့ ပေးအပ်ရန် မလိုအပ်ကြောင်းလည်း ထပ်မံ၍  သိခဲ့ရသည်။
          ဒေသခံများဟာ
ရှေးဟောင်းဇုန်

ဝင်ကြေးများအား စနစ်တကျ
ပွင့်လင်းမြင်သာစွာ ရှေးဟောင်းအမွေအနှစ် ဒေသ်အတွက်  တောင်းဆိုပိုင်ခွင့်ရှိသောကြောင့် တောင်းဆိုလိုက်ရပါကြောင်း
ပုဂံဒေသဖွံ့ဖြိုးရေးအဖွဲ့မှ ပြောကြားခဲ့သည်။
          MTF သည်
မြန်မာ့ခရီးသွားလုပ်ငန်းအဖွဲ့ဖြစ်ပြီး  မည်သို့မည်ပုံ
လေလံအောင်ကာယခုကဲ့သို့ ဇုန်ကြေးကောက်ခံခွင့် ရရှိအောင် လုပ်ဆောင်ခဲ့သည်ကို သေချာ ကျနစွာ
မသိရှိခဲ့ရချေ။
          ပုဂံဇုန်ကြေးတွေ  ရာခိုင်နှုန်းပိုမိုကာ ရခဲ့လျှင် ပုဂံဒေသဘုရားများနှင့်
ဒေသ ဖွံ့ဖြိုးရေး ပိုမိုလုပ်လာနိုင်မှာဖြစ်ကြောင်းလည်း ကိုအောင်ရွှေမှ ထပ်လောင်းပြောကြားခဲ့သည်။
          အဆိုပါသတင်းစာရှင်းလင်းပွဲသို့
ပုဂံဒေသခံပြည်သူများ၊စီးပွားရေး လုပ်ငန်းရှင်များ၊ အရပ်ဘက် လူမှု အဖွ့အစည်းများ တက်ရောက်ခဲ့ကြသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts