News Yan Naung (Bo Ta Htaung)

Colgate – Palmolive ၏ ဒုတိယမြောက် ၅၄ သိန်းတန်ဖိုးရှိ ပညာသင်ဆုကို ၇ နှစ်အရွယ်ကျောင်းသူကလေးမှ ဆွတ်ခူး

      Colgate –
Palmolive ၏ ဒုတိယမြောက် ၅၄ သိန်းတန်ဖိုးရှိ ပညာသင်ဆုကို ၇ နှစ်အရွယ်ကျောင်းသူကလေးမှ
ဆွတ်ခူး
 
ရန်နောင်(ဗိုလ်တထောင်)     မိုးမခ         မတ် ၁၇ – ၂၀၁၆
 
           Colgate- Palmolive မှ ၂၀၁၆ Colgate ပညာသင်ဆုအစီအစဉ်တွင်
ပထမဆုံး ဆုရရှိသူကို ကြေညာပြီးနောက် မကြာခင်အချိန်တွင် ဒုတိယအကြိမ်မြောက် ၅၄သိန်းတန်
Colgate ပညာသင်ဆုကို မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့တွင် နေထိုင်သည့် အသက် ၇ နှစ်အရွယ်
မထက်နွယ်လင်းက ဆွတ်ခူးရရှိခဲ့သည်။ မထက်နွယ်လင်း၏ မိခင် ဒေါ်ဝေမာလွင်က သူမ၏ သမီးအတွက်
ဖိနပ်အသစ်သွားဝယ် ပေးချိန်တွင် သူမ၏ အိမ်အနီးရှိ ` ဈ´ ဈေးတွင် Colgate Super
Strong သွားတိုက်ဆေးနှစ်ဘူးဝယ်ယူခဲ့ရာမှ
ထိုဆိုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။
          မထက်နွယ်လင်းသည်
မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၂) မူလတန်းကျောင်း ဒုတိယတန်းတွင် ပညာသင်ကြားနေသည့် ကျောင်းသူလေးတဦးဖြစ်ပြီး
ဆရာ၊ဆရာမများက ဥာဏ်ကောင်းသည်ဟု ချီးမွမ်းခံရသည့် ကျောင်းသူတဦးလည်းဖြစ်သည်။ မထက်နွယ်လင်း၏
မိဘများက သူမ၏ ပညာရေးအတွက် အကောင်းဆုံးဖြစ်စေရန် လုပ်ဆောင်သွားရန် စီစဉ်ထားပြီး အနာဂတ်အစီအစဉ်များကိုလည်း
ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။
          မထက်နွယ်လင်းအား
အင်္ဂလိပ်ဘာသာနှင့် ပန်းချီအနုပညာတွင် ထူးချွန်စေရန် သူမ၏ မိခင်က သူမအား အချိန်ပိုအင်္ဂလိပ်စာ
သင်တန်းနှင့် ပန်းချီနှင့်ပုံဆွဲသင်တန်းများတွင်အပ်နှံသွားမည်ဟု သိရသည်။ ယခု လက်ခံရရှိသည့်
ပညာသင်ဆု၏ တချို့တဝက်ကို အထက်ပါသင်တန်းများအတွက် အသုံးပြုသွားမည် ဖြစ်ပြီး ကျန်သည့်ပမာဏကိုမူ
သူမ၏ အနာဂတ်ပညာရေး အတွက် စုဆောင်းသွားမည်ဟု သိရသည်။
          Colgate
သည် မြန်မာနိုင်ငံရှိ မိသားစုများနှင့် ကလေးငယ်များ၏ ပညာရေး မျှော်မှန်းချက်များကို
အထောက်အကူပြုနိုင်ရန် အကူအညီပေးသည့်အနေဖြင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်မှ ဧပြီလ
၁၅ ရက်အထိ ကြာမြင့်မည့် ငွေကျပ်သိန်းပေါင်း ၅၄၀ တန်ဖိုးရှိသည့် Colgate ပညာသင်ဆုအစီအစဉ်ကို
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။
          Colgate
အင်ဒိုချိုင်းနား ၏ အထွေထွေမန်နေဂျာ Mr Kunal Chadha က ` Colgate ဟာ ကမ္ဘာ့နံပါတ် ၁
သွားတိုက်ဆေးဖြစ်တာနဲ့ အညီ လူငယ်တွေရဲ့ ပညာရေးကို မြှင့်တင်တဲ့နေရာမှာ အထောက်အပံ့တွေ
ပြုလုပ်သွားဖို့ ဆန္ဒရှိသလို အကူအညီအမှန်တကယ်လိုအပ်နေသူတိုင်းကိုလည်း အခွင့်အလမ်းတွေ
ပေးချင်ပါတယ်။ အခုလို ငယ်ရွယ်တဲ့ ကျောင်းသူကလေး တယောက်က ကျနော်တို့ရဲ့သွားတိုက်ဆေးနဲ့
ပညာသင်ဆု နှစ်ခုလုံးကို အသုံးပြုပြီး အကျိုးကျေးဇူးရရှိမှာ ဖြစ်လို့ အရမ်းပဲ ဝမ်းသာမိပါတယ်။
ကျနော်တို့ အနေနဲ့ မထက်နွယ်လင်းနဲ့ မိသားစုကို အထူးပဲ ဂုဏ်ပြုပါတယ်။ အခုဆိုရင် ၅၄သိန်းတန်
ပညာသင်ဆု နောက်တခုကျန်ရှိနေပါသေးတယ်။ ဒါကြောင့်မို့ အားလုံးပဲ ကံထူးကြပါစေ၊ ကိုးဂိတ်ကို
ပျော်ရွှင်စွာ သုံးစွဲနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ် ´ ဟုပြောခဲ့သည်။
          ကလေးများအတွက်
ပညာရေးဆိုင်ရာလိုအပ်ချက်များအား ကူညီထောက်ပံ့ပေးခြင်းသည် ကိုးဂိတ်၏ အဓိကကျသည့် လူမှုအကျိုးပြုလုပ်ငန်းဆိုင်ရာ
သနိ         ဌာန်တခုဖြစ်ပြီး ကိုးဂိတ်မှ ကမ္ဘာတစ်ဝှမ်းရှိ
အမှန်တကယ် လိုအပ်လျက်ရှိသည့်ကလေးငယ်များအတွက် လုပ်ဆောင်ပေးခြင်းအစီအစဉ်များ၏ တစိတ်တဒေသလည်း
ဖြစ်သည်။ ကလေးများအတွက်  နှစ်စဉ် လုပ်ဆောင်ပေးလျှက်ရှိသည့်
သွားနှင့်ခံတွင်းကျန်းမာရေးလနှင့် ` တောက်ပသောအပြုံး တောက်ပသောအနာဂတ်များ ´ အစီအစဉ်များမှတဆင့်
ယနေ့အချိန်အထိ ကလေးငယ်ပေါင်း သန်း ၈၀၀ ကျော်ကို အကူအညီပေးနိုင်ခဲ့ပြီး ဖြစ်သည်။
                             
          ယခု ပညာသင်ဆုအစီအစဉ်တွင်
ပညာသင်ဆု ဆွတ်ခူးရရှိသူများကို ပညာသင်ဆုအစီအစဉ်ကာလတလျှောက် ကြေညာပေးသွားမည်ဖြစ်ပြီး
ဆုရရှိသူများကို ပညာသင်ဆု အစီအစဉ် ပြီးဆုံးချိန် ဧပြီလ ၁၅ ရက်နေ့ နောက်ပိုင်းတွင် ဆုများအား
ချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည်။ ယခု အစီအစဉ်နှင့် ပတ်သက်သည့် အသေးစိတ်သတင်းအချက်အလက်များကို
အစီစဉ်ပြီးဆုံးချိန်တွင် ထပ်မံအသိပေး ကြေညာသွားမည်ဖြစ်သည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts