Uncategorized

ဟန်ဇော်ဝင်း – ဆင်အကောင် (၂၀) ကျော် အကြောင်းမဲ့ သတ်ဖြတ်ခံနေရ

ဆင်အကောင် (၂၀) ကျော် အကြောင်းမဲ့ သတ်ဖြတ်ခံနေရ
ဟန်ဇော်ဝင်း
အောက်တိုဘာ ၁၇၊ ၂၀၁၃

ပဲခူးရိုးမအတွင်း သတ်ဖြတ်ခံလိုက်ရသည့် ဆင်ငယ်တကောင်၏ ပုတ်ပွနေသည့် ခန္ဓာ
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် ဘောနီဆည် အနောက်ဘက် (၅) မိုင်အကွာ ပဲခူးရိုးမအတွင်း ဒေသခံ မုဆိုးအမည်ခံ လူတစ်စုတို့မှ ဆင် များအား သတ်ဖြတ်လာသည်မှာ ယခုအခါတွင် အကောင် (၂၀) ကျော်ပြီဟု သိရပါသည်။ 
ဒေသခံရွာသားများအနေဖြင့် တာဝန်ရှိသည့် သစ်တော၊ ရဲစခန်းများကို သွားရောက်အကြောင်းကြား တိုင်တန်းခဲ့ခြင်းများ ပြုလုပ်ခဲ့သော်လည်း ယခုအချိန်အထိ တစုံတရာ အရေးယူမှု မရှိဟု သိရသည်။ 
အဆိုပါဆင်များအနေဖြင့် ယင်းဒေသတောင်ယာစိုက်ခင်းများအားလည်း လာရောက်ဖျက်ဆီးမှုမရှိပဲ ၎င်းတို့ဘာသာ ပဲခူးရိုးမထဲတွင်ပင် ကျင်လည်ကျက်စားနေသည့် ဆင်များဖြစ်ပြီး သတ်ဖြတ်သူတို့အနေဖြင့် မည်သည့်ရည်ရွယ်ချက်ဖြင့် ယခုလိုသတ်ဖြတ်နေရသည်ကိုတော့ သိရှိရခြင်း မရှိသေးပါ။ 

ယင်း ဆင်မုဆိုးတို့သည် ဆင်များအား ကျင်းတူး၍ ဆူးငြောင့်ထောင် ဖမ်းနည်းများဖြင့် သတ်ဖြတ်လျှက်ရှိနေပြီး ယခုအခါတွင်းလည်း ထပ်မံ၍ သတ်ဖြတ်ရန်ကြိုးစားနေကြပါသဖြင့် တိုင်းပြည်တွင်း တောရိုင်းတိရိစ္ဆာန်များ မျိုးသုဉ်းပျောက်ကွယ်မည့်အရေးအား ဒေသခံများမှ စိုးရိမ်နေကြပါသည်။ ဤသို့ ဆင်များအား အကြောင်းမဲ့သတ်ဖြတ်နေခြင်းအား အချိန်မှီထိန်းသိမ်းပေးစေလိုကြောင်းလည်း သိရပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts