ကဗျာ ခင်လွန်း

ခင်လွန်း – အသံတိတ်ဇာတ်လမ်း အစ အဆုံး

tumblr_ne74xlWoTn1rktvico1_1280
ခင်လွန်း – အသံတိတ်ဇာတ်လမ်း အစ အဆုံး
(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆

လွဲသွားပြီ ကိုစောခိုင်
လွဲသွားပြီ…

လူတယောက် ကားတစီးနဲ့
မိုးတညလား
ကိုးပွင့်ဖူးစာလား မသဲကွဲ
မြန်မာ့အသံလွှင့်ဇာတ်လမ်းထဲက
မင်းသားကြီးကောလိပ်ဂျင်နေ၀င်းရဲ့
ထေ့ထေ့ငေါ့ငေါ့ ပြောသွားတဲ့စကား
လူတိုင်းနှုတ်ဖျားစွဲခဲ့
လွဲသွားပြီ ကိုစောခိုင်
လွဲသွားပြီ …တဲ့
သေနတ်သမား ကိုစောခိုင် လွဲသွားပြီတဲ့။

သြော်
မြန်မာ့အသံအနှစ် (၇၀) ပြည့်အထိမ်းအမှတ်
စနေည ဇာတ်လမ်းတွေ
လွမ်းသေးတော့…။

ခုများတော့
မင်းသားကြီးရေ
ကိုစောခိုင်တို့များရဲ့သေနတ်အောက်
ပျောက်ရှသွားတဲ့အသံတွေ
ညတာရှည်လျား
တခုခုများ လွဲသွားခဲ့ပြီလား
ကျနော်တို့များ လွဲသွားကြပြီလား ။ ။

ခင်လွန်း
ဖေဖော်ဝါရီ၊ ၁၃၊ ၂၀၁၆
နေ့ -၁၃း၄၀
– (မြန်မာ့အသံ  အနှစ် (၇၀) ပြည့် အထိမ်းအမှတ်အမှတ်တရ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts