ကဗျာ အောင်ဝေး

အောင်ဝေး –ေ ဘ ဘီ နီ လာ သိ န်း ဧ ချ င်း သ စ်

အောင်ဝေး –ေ ဘ ဘီ နီ လာ သိ န်း ဧ ချ င်း သ စ်

(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆

ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးလေး
တော်လှန်ရေးလေ တော်လှန်ရေး။

အမေ မပါတဲ့
သမီးရဲ့ စာမျက်နှာ
ရာဇ၀င်မှတ်တမ်း
ဇာတ်ဝင်ခန်းသစ်
အလွမ်းတွေကို
အင်အားအဖြစ် ပြောင်းပစ်ရမယ်။

အမေ မပါတဲ့
သမီးရဲ့ နံနက်ခင်း
နှင်းရည်စက်လက်
ငှက်ကလေးနဲ့ အတူ
အိပ်တန်းထ
လွမ်းနေသူ ကူပေးရမယ်။

ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးလေး
တော်လှန်ရေးလေ တော်လှန်ရေး။

အမေ မပါတဲ့
သမီးရဲ့ ညအိပ်ရာဝင်
“ဟိန်း” တို့ ”ဆန်း” တို့ 
လွမ်းပုံပြင်
ရင်ထဲအမြဲ
သူရဲကောင်းတွေ မွေးရမယ်။

အမေ မပါတဲ့
သမီးရဲ့ ကျောင်းအိမ်စာ
ဒေါင်းအလံပါမယ်
မောင်းပြန်ပါမယ်
ကမ္ဘာမကျေတစ်ခေတ်
အိုးဝေတေး ဟစ်ရမယ်။

ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးလေး
တော်လှန်ရေးလေ တော်လှန်ရေး။

အမေ မပါတဲ့
သမီးရဲ့ ပန်းဥယျာဉ်
သပြေပင်နဲ့ 
သစ်ခွစင်
ရှင်သန်အောင်မွေး
နှင်းဆီရဲရဲ မွှေးရမယ်။

အမေ မပါတဲ့
သမီးရဲ့ တိုက်ပွဲ
ပြည်သူထဲ
မီးခဲလေးတစ်စက
မီးတောက်ကြီးတစ်ခုဖြစ်
ဟောဒီခေတ်ကြီးကို ရှို့ ပစ်ရမယ်။

ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးလေး
တော်လှန်ရေးလေ တော်လှန်ရေး။

အမေ မပါတဲ့
သမီးရဲ့ ရထား
မောင်းနှင်သွားမယ်
တရားတဲ့လမ်း
(ခွေးသရမ်းတွေ လွတ်နေသတဲ့)
ဓားထမ်းခဲ့ မြားထမ်းခဲ့ရမယ်။

အမေ မပါတဲ့
သမီးရဲ့ ကျောင်းလွှတ်ချိန်
တိမ်မစုံတော့
ပန်းလေးတွေ ငုံချင်ငုံနေမယ်
ဒါပေမဲ့ ကလေးရယ်
အရေးတော်ပုံ မုချအောင်ရမယ်။

ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးလေး
တော်လှန်ရေးလေ တော်လှန်ရေး။ ။

(သမီးငယ်လေး ၀ှိုက်တီ သို့ )
ေ အ ာ င္ ေ ၀ း
ဖေဖော်ဝါရီ ၂၄- ၂၀၁၆
——————————
(ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်းက၊ ၂၉- ၉- ၂၀၀၇ ရက်စွဲနဲ့  ကျနော် ဘေဘီနီလာသိန်းဧချင်း ဆိုပြီးကဗျာတစ်ပုဒ် ရေးခဲ့ဖူးပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts