ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ – အိမ်မက်


ဆောင်းယွန်းလ – အိမ်မက်
(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၁၆

အိမ်မက်ကို
အိပ်မက်နဲ့ မျှားနေခဲ့ရင်း
အိမ်မက်ဟာ
အိပ်မက်နဲ့ နံရံတဖက်ခြားသွားခဲ့တယ်…

အိမ်မက်ကို အိပ်မက်ထဲမှာ
နဖူးတွေ့ ဒူးတွေ့ မတွေ့နိုင်တဲ့အခါ
အိမ်မက်ဟာ
ငါတို့ကမ္ဘာနဲ့ တဖြေးဖြေးဝေး
သွေးအေးလာခဲ့ပေါ့…

အချစ်ရေ
နင့်ကေသာဦးမှာ ပန်ပေးဖို့ရာအတွက်
ဟောဒီ မြေကမ္ဘာမှာ
ရေရာသေချာတဲ့ အိပ်မက်တပွင့်ဖူးပွင့်လိမ့်ဦးမယ်…
တနေ့နေ့မှာတော့…
ဘုရားတဆူပွင့်သလိုမျိုး…။

ဆောင်းယွန်းလ (ဖေဖော်ဝါရီ ၂၂၊ ၂၀၁၆)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts