ကဗျာ

ဒီလူည – လူပြိန်းတစ်ယောက်ရဲ့ ဒိုင်ယာလော့ခ်

ဒီလူည – လူပြိန်းတစ်ယောက်ရဲ့ ဒိုင်ယာလော့ခ်
(မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၀၁၆

“မင်း ဘယ်သူလဲ”
“ကျွန်တော်က ငါးမျှားရင်းသီချင်းဆိုနေပါတယ်”

“မင်းရဲ့အလုပ်အကိုင်”
“ကမ္ဘာကြီးကို ထမ်းထားသလိုမျိုးပေါ့”

“မင်း ဘယ်သွားမှာလဲ ”
“မုတ်သုံ အဝင်စောတဲ့ ရာသီကို မျိုချထားတယ်”

“မင်းရဲ့ ရည်မှန်းချက်ကရော ”
“သမုဒ္ဓရာထဲက ရေကို တစ်ဇွန်းချင်း ခပ်သောက်ပါတယ်”

“မင်းရဲ့လောကကြီးပေါ်အမြင် ”
“မြက်ရိုင်းတွေတောထနေတဲ့ ကျောက်သားတွေပေါ် ကျွန်တော် အိပ်နေပါတယ်”

“မင်းကိုယ် မင်း သုံးသပ်ကြည့်ပါဦး”
“နိုက်ကလပ်နဲ့ ဇရပ်ကို ညတိုင်းမှီဝဲပါတယ်”

“မေးတာနဲ့ ဖြေတာ မကိုက်ညီဘူး”
“ဟုတ်ကဲ့ ကျွန်တော့်ဂီတာ ကြိုးအားလုံးပြတ်နေတယ်”

“မင်းနဲ့ စကားပြောရတာ အဆင်မပြေဘူး”
“ကောင်းကင်မှာ ကြယ်တွေအိပ်နေပြီ ”

“တော်ပြီကွာ မင်းနဲ့ စကားမပြောတော့ဘူး”
“ဟုတ် ကျွန်တော့်ကဗျာလည်း ပြီးပါပြီ ”

ဒီလူည


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts