ရသဆောင်းပါးစုံ

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – နောက်ဆုံးအပြီးသတ် အဖြေတခု

Saw Ngo (2009)

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – နောက်ဆုံးအပြီးသတ် အဖြေတခု

(မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၁၆

တကယ်တော့  ဒီအချိန်ဒီအခါရောက်မှတော့  အရှည်အကျယ်ချဲ့ စရာမရှိ ၊ အခြေအနေအကျိုးအကြောင်း ပြန်ပြောင်းသုံးသပ်စရာမလိုတော့  ၊အရှိကို အရှိအတိုင်း ပကတိမျက်မြင်ကိုယ်မျက်စေ့ရှေ့ မှောက် အရှုံးအနိုင်အတွက် အဖြေထုတ်ပေးမဲ့ ပင်နယ်တီကန်သွင်းရမဲ့ အချိန်ပေမို့ မဟုတ်ပါလား…၊၊

ပထမပိုင်း၊ ဒုတိယပိုင်းသာမက လူကောစိတ်ပါအလုံးစုံနစ် အားစိုကိကစားရတဲ  နောက်ဆုံး အခွင့်အရေးဖြစ်တဲ့ အချိန်ပိုလဲပြီးသွားပြီဘဲလေ ၊ ကံကြမ္မာကိုဘဲ မျှော်လင့် ဆုတောင်းရမှာလား ပင်နယ်တီသွင်းမဲ့ သူရဲ့ အရည်အချင်းကိုဘဲ  ပုံအပ်လိုက်ရတော့ မှာလား။  ရွှေးချယ်စရာလမ်းကားမရှိ၊ တခြား အခြားသော အားကိုးစရာလဲမမြင်၊ နောက်ဆုတ်ဖို့ လဲ မဖြစ်နိုင် ၊ဆုဖလားကြီးက ကိုယ့် ရဲ့ အရှေ့ တည့် တည့်  …၊၊

ခံစစ်အနေအထား အားနည်းတဲ့ အခြေအနေကနေ တပွဲပြီးတပွဲ ခက်ခက်ခဲခဲ၊ကျိုးစားပမ်းစား ကျိုးစားတက်လာခဲ့ တဲ့ နောက် နောက်ဆုံး ဗိုလ်လုပွဲကြီးကို လွတ်လွတ်ကျွတ်ကျွတ် အနိုင်ပိုင်း မဖြတ်နိုင်တာကတော့  မချင့် မရဲ ၊ အသဲတယားယား…၊ရင်းနှီးမြှပ်နှံခဲ့ ရတဲ့  အဆုံးမဲ့ ပေးဆပ်မှုတွေ၊

ကျားကုတ်ကျားခဲ မိုးထဲလေထဲမုန်တိုင်းထဲ ကြံကြံခိုင်ဖြတ်ကျော်ခဲ့ရတာတွေ၊ တဦးချင်းကော အသင်းလိုက်ပါ ဟန်ချက်ညီညီ အပေးအယူမျှမျှ ကျောခြင်းကပ် ဘေးချင်းကပ် တိုက်စစ်ဆင်လာတဲ့ ကစားကွက်တွေကို သေသေကျေကျေခုခံကာကွယ်ရင်း ရှေ့ ကို တလှမ်းပြိး တလှမ်းတိုးလာတဲ့ 

ပြည်သူအချစ်တော် အသင်းကြီးအတွက် ဆုဖလားလှလှကြီးကို အသင်းခေါင်းဆောင်မှ လက်ခံကိုင်မြောက် အောင်ပန်းဆွတ်ခူးပုံကို ပရိတ်သတ်အားလုံးက မျှော်လင့် နေတာတော့  စာဖွဲ့ ဆိုရန်မရှိတော့ ။ ပုံပမာနှိုင်းပြမရတော့  ဥပမာအလကာင်္တွေနဲ့ လဲ ခိုင်းနှိုင်းမရနိုင်တော့ …၊၊

မစခင်ကထည်းက ပွဲစဉ်အနေအထား အခင်းအကျင်းက အရင်လို အရင်စံနစ်အတိုင်း ရွှေဂိုးအဆုံးအဖြတ် မဟုတ်မှန်း သိလျှက်နဲ့ ၊ ဝင်ပြိုင်ပြီးခါမှတော့  ပွဲပြီးမီးသေ ဆုံးဖြတ်ချက်ရတဲ့ အထိ အနိုင်အရှုံးမပေါ်မချင်း ပင်နယ်တီတွေ ဆက်တိုက်သွင်းနေမယ်ဆိုတော့  နောက်ဆုံးအဖြေအထိ ရင်ခုန်နေရ  ရင်ထိတ်နေရအုံးမှာပေါ့ လေ….၊၊

ဟုတ်ကဲ့  အရှုံး အနိုင် ၊အဖြူအမဲအတွက် မကြာခင် စတော့မဲ့ ပြည်ထောင်စုလွတ်တော်မှာ စပြီး ကန်ရတော့ မှာပါ ၊ ပွဲစဉ်တလျှောက် အင်တိုက်အားတိုက်ပုံအပ်အားစိုက် ၊ စိတ်ရော ကိုယ်ပါနှစ်ပြီး လည်ချောင်းကွဲလုမတတ်၊ လက်မောင်းပြုတ်လုမတတ် လက်ခုပ်တီးအားပေးခဲ့ တဲ့ ပရိသတ်ကြီးလဲ အမောကြီးမော အပမ်းကြီးပမ်းလှပါပြိလေ.၊ ပွဲအပြင်က အင်န်အယ်ဒီ ပရိသတ်တွေလဲ ခြေကုန်လက်ပန်းကျ ၊ ငေးမောကြည့်ယုံကလွဲပြီး ဘာမှမတတ်နိုင်တော့ … ၊၊

မြန်မာ့ သမိုင်းရာဇဝင်မှာလို တုတ်ထမ်းပြောရမဲ့ အဖြစ်တော့ မဟုတ် ၊ ဖြစ်ပျက်ကြုံ ခဲ့ သမျှ တိတိကျကျ မှန်မှန်ကန်ကန်သုံးသပ်ပြရရင်တော့  ဒီအရှုံးအနိုင် မှတ်တမ်းကြီးက တန်ဖိုးအကြီးဆုံး  ၊ နှစ်ဖက်စလုံးအတွက် အလှည့်အပြောင်း ပြောင်းလဲခြင်းစစ်စစ်အတွက် အဆုံးစွန် ပေးဆပ်မှုကြီး တခုပါလေ…..၊၊

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့  ရှေ့ က ခံနေတဲ့ ၅၉(စ) တုံးကို ဖြတ်ကျော်နိုင် မဖြတ်ကျော်နိုင်ဆိုတဲ့ အမေးရဲ့  ပကတိအဖြေက ကျော်ဖြတ်နိုင်ရင် အရှင်း ၊အလင်း ၊ အဖြူရောင်သက်သက် …..၊ မကျော်နိုင် ရှုံးနီမ့် ခဲ့ ရင်တော့  အရှုပ်အထွေး ၊ အမှောင်သက်သက် ၊ အမဲရောင်သက်သက် ..၊၊

ပြည်သူချစ်တဲ့  ပြည်သူမျှော်လင့် တဲ့  ပြည်သူတောင့်တတဲ့  လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ဆုဖလားကြီး ကိုင်မြောက် အောင်ပန်းဆွင်ခဲ့ရင်တော့ ပွဲကပြီးပြီ ၊ ဇာတ်လမ်းက ပြတ်ပြီ၊ သမိုင်းက တခန်းရပ်ပြီ ၊၊

အဲဒါနဲ့  ဆန့် ကျင်ဖက် တဖက်အသင်းက အနိုင်ရခဲ့ ရင်တော့  နောက်တပွဲ နောက်တကြီမ်အတွက်တော့ 

နောင်လာမဲ့  နှစ်ငါးဆယ်.. .နှစ်ငါးဆယ်ပေါ့ ဗျာ……၊၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts