မင်းတာရာ
မင်းတာရာ – ရုန်းကြွလာသော အာသီဿ (ကဗျာ)
ရုန်းကြွလာသော အာသီဿ
မင်းတာရာ
အောက်တိုဘာ ၁၇၊ ၂၀၁၃
ကပ်ကြီးလေးပါးထဲ စိမ့်ဝင်မြူးပျော်နေတဲ့
ဆေးအချယ်ခံ လောကဓံအရိုင်းရယ်……
ငါ တို့ ..ကျောမွဲတွေအတွက်သက်သက်များ
မင်း..ရက်စက်အားပြင်းနေရော့သလား..။
နေရေး..ထိုင်ရေး..ကပ်ဘေးဆိုက်သူတို့ 
သိက္ခာနဲ့ ရိက္ခာမစို့ မပို့ လဲလှယ်ဝတ်ဆင်သူတို့ 
ကျောက်ဖြစ်နှလုံးသားနဲ့ ဘောဂဗေဒသမားတချို့
နေ့ တဓူဝတွေနဲ့ နှီးနှောရင်း ပျားတွေပန်းခတ်ကြသလိုနဲ့ ။
အို……ငြိမ်းချမ်းရေး..အေးမြတဲ့တရားငဲ့
အခွန်ဆောင်သူများမှ မင်းဧရာဇ်အဆုံးတို့ အထံ
ညင်သာစွာ..ကွန်းခိုနားနေလှည့်ပါတော့…
ဒီမှာ..ဒုက္ခတွေနဲ့  နေသားတကျဖြစ်ရလွန်းလို့ ..။
ကြည့်လေ……
ဖြစ်ဆဲစစ်ပွဲတွေက စစ်ပွဲတွေဖြစ်နေဆဲ
တဖျောင်းဖျောင်းနဲ့ သောင်းသောင်းဖျဖျ
နုပျိုဆဲရောင်းကုန်တွေက ဈေးကွက်ဝင်နေ မစဲ
ရုပ်ဝတ္ထုတွေတင် ဘယ်မှာလာကပါ့မလဲ
အရှင်လောကပါလ နတ်မြတ်မင်းကြီးရယ်..
ကျိမ်းစက်နေ မှေးမပျော်.. စောင့်ရှောက်တော်..မူပါလော့။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
Similar Posts