ရသဆောင်းပါးစုံ

မောင်မောင်လတ် ( ရွှေအင်းလေးစာပေ) – တခါလာ မဲပြာပုဆိုး

A
photo released by Yangon police shows black bags of methamphetamine
pills spilling out of a cardboard box in a ditch in Thaketa township
yesterday. Photo: Supplied (13th Aug 2015)

 မောင်မောင်လတ် ( ရွှေအင်းလေးစာပေ) – တခါလာ မဲပြာပုဆိုး

(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၆

ထူးဆန်းတယ်ဆိုရလောက်အောင် ထူးထူးခြားခြားဆန်းပြားနေတာတော့  မငြင်းနိုင်၊ အတော်ကြီးကို ထူးဆန်းနေလား မေးရအောင်လဲ ထူးထူးခြားခြားဖြစ်နေတာကိုက  မဖျောက်ကွယ်နိုင် ၊အခြေအနေ ဖြစ်ရပ်တွေက ယုတ္တိမတန် အံဘွယ်အဖြစ်တခုပါ ၊၊

ထူးခြားလှို့ ဝှက်ဂမ္ဘိရလောကအဖြစ်လား.. ဒါမှမဟုတ်ကမ္ဘာတလွှား အခြားခြားသော အရပ်ရပ်က အဖြစ်လားဆိုတော့  မဟုတ်ပါ မဟုတ်ရပါခင်ဗျား ၊ အမိရွှေနိုင်ငံ မဟာရန်ကုန်မြို့ ကြီးအတွင်းက မယုံချင်စရာ ဒဏ္ဍာရီဆန်ဆန် ပုံပြင်ဆန်ဆန် အဖြစ်အပျက်လေးပါလေ…၊၊

၂၀၁၆ ခု -ဖေဖေါ်ဝါရီလ ရ ရက်နေ့  ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့ နယ် ထောက်ကြန့်  ၊ ပျဉ်းမပင်ကျေး ရွှာအုပ်စုအပိုင်နယ်မြေမှာ ထပ်ပြီး တွေ့ လိုက်တာက  သိန်းချီတဲ့  မူးယစ်ဆေးပြားတွေပါ ၊ သတင်းအဆိုက ရှာဖွေဖမ်းဆီးရမိတာမဟုတ် ၊ ဆင်ကန်းတောတိုးရင်းတွေ့ ခဲ့ တာလဲမဟုတ် ၊ တွေ့ သင့်  တွေ့ နိုင်မဲ့ နေရာမှာ  တန်ဘိုး သိန်းသောင်းချီတန်တဲ့  မူးယစ်ဆေးပြားအထုတ်တွေ စွန့် ပစ်ထားတာကို
ပြည်သူတယောက်က တွေ့ ပြီး သတင်းပို့ ရင်း ပိုင်ရှင်မဲ့ မူးယစ်ဆေးဇာတ်လမ်း  ပြန်ပေါ်လာတာက ဒီနှစ်အတွက် ပထမ အစ ဖြစ်ရပ်လေး ဆိုပါစို့ လား…..၊၊

တခါလာလဲ မဲပြာပုဆိုးလို အခုလို ပိုင်ရှင်မဲ့မူးယစ်ဆေးဖမ်းမိတာမဟုတ်ဘဲ တွေ့ ခဲ့ ရတယ်ဆိုတဲ့ ဇာတ်လမ်းကနဦးအဖြစ်က ပြီးခဲ့ တဲ့  ၂၀၁၅ ခု မှာပါခင်ဗျ။ ၂၀၁၅ ခုနှစ် ၃ လကာလ ( ဇူလိုင် ၊သြဂုတ် ၊ စက်တင်ဘာ ) အချိန်တိုအတွင်း…. ကမ္ဘာ့ဒုတိယအများဆုံးစံချိန်မှတ်တမ်းနဲ့အတူ တပတ်ခြားကျော်ကျော်အချိန်တိုလေး ဆက်တိုက်လိုလို တွေ့ ရှိလိုက်တဲ့  ပိုင်ရှင်မဲ့ မူးယစ်ဆေးပြား အရေအတွက်ကလဲ ကြောက်ခမန်းလိလိ ၊ တန်ဘိုးသင့် ငွေကြေးပမာဏကလဲ အံ့မခန်း မယုံနိုင်စရာ ၊  အဲဒီလို စံချိန်သစ်တွေနဲ့ အတူ တအံ့တသြ ဖြစ်ရတာနဲ့  မပြီးသေး…အခင်းဖြစ် အမှုအခြေအနေကိုက ကျိုးကြောင်းမဲ့ လွန်း ၊ ယုတ္တိတန်လွန်းလှပါတယ်….၊၊

ကမ္ဘာ့ ဒုတိယအများဆုံးစံချိန်ရယ်လို့  ဆိုထားတဲ့ မူးယစ်ဆေးပြား ၂၆ သန်းကို ကွန်တင်နာကားတစီးထဲ ထည့်  ၊ လမ်းမနံဘေးမှာရပ်တန့် စွန့် ပစ်ထားတယ်ဆိုတဲ့  ဇာတ်လမ်းအစက ပြည်သူတွေအဖို့  ပြုံးတုံတုံ ၊ မချို မချဉ်…..၊၊

အဲဒီ ဒုတိယ အများဆုံးစံချိန်သစ်နဲ့ ၇ ရက်တပတ်အကြာမှာတော့  လူနေရပ်ကွက်တခုက လူမနေတဲ့  အီမ်တအီမ်မှာ ထပ်ပြီးတွေ့ ရပြန်ပြီ မူးယစ်ဆေးအလုံးပေါင်း ၁၅ သိန်းတိတိ၊ လူမရှိ လူမနေတဲ့  အီမ်တွင်းမှာတွေ့ ရတယ်ဆိုတော့လဲ ပိုင်ရှင်မဲ့  ပစ္စည်းရယ်လို့ ဘဲ ခပ်လွယ်လွယ်သမုတ်လိုက်တော့  နားအေး ပါးအေးပါဘဲ..၊၊

ဒီလို ပထမအကြီမ် ၊ ဒုတိယအကြီမ်အပြီး ရက်တပတ်ကျော်ကျော်လောက်မှာ  ထပ်တွေ့ လိုက်ရတဲ့ နေရာက လူနေရပ်ကွက်အတွင်းက ရေမြောင်းတခုထဲမှာပါ ၊ အရင်က လူသူမရှိတဲ့ နေရာစွန့် ပစ်ရင်းနဲ့  ဒီတတိယအကြီမ်မှာတော့  လူလူသူသူ ဥဒဟိုသွားလာနေတဲ့  ရပ်ကွက်တခုအတွင်းက ရေမြောင်းထဲ လာချထားတဲ့  မူးယစ်ဆေး အရေအတွက်ကလဲ မနည်း မနှော ၊ပြောင်ပြောင်တင်းတင်း ဆေးလုံးပေါင်း ၆ သိန်းတိတိ…၊၊

ဖြစ်စဉ် ဖြစ်ရပ်တွေက အချိန်တိုကာလအတွင်း ခပ်စိတ်စိတ် ဆက်တိုက်ဆိုသလို  တွေ့ ရှိခဲ့ တဲ့  ပိုင်ရှင်မဲ့ လို့ ဆိုထားတဲ့  မူးယစ်ဆေး ပမာဏကလဲ များ ၊ တန်ဘိုးသင့်ငွေကြေးကလဲ မြင့်လာတော့  ပြည်သူတွေအဖို့  မရယ်နိုင် မပြုံးနိုင်တော့ ၊ စိတ်ဝင်တစား အတွေးကိုယ်စီ၊ အမေးကိုယ်စီ နဲ့  သို့ လော သို့ လော ၊၊

ဆိုတော့  ကျေး ဇူးရှင်လူကြီးမင်း တွေလဲ မနေသာတော့  မနေနိုင်တော့  ၊ ရန်ကုန်မြို့ တော်အတွင်းကိုဘဲ  ကွက်ပြီး အချိန်တိုအတွင်း ဆက်တိုက်ဆိုသလို ပိုင်ရှင်မဲ့ မူးယစ်ဆေးထုပ်တွေ ပစ်ပစ်ချပေးနေတာက ကတုံးပေါ် ထိပ်ကွက်ဆိုသလို..၊ အရေးအကြောင်းတွေနဲ့  ဘဲဥအစရှာမရတဲ့ အထဲ နိုင်ငံတကာမူးယစ်နှမ်နှင်းရေးအဖွဲ့ တွေ၊ အီမ်နီးချင်းနိုင်ငံတွေကလဲ အကူအညီပေးပါရစေ ၊ အတူတူ ပူးပေါင်း ဆောင်ရွှက်ပါရစေ ဆိုတော့ လဲ မျောက်အုန်းသီး ကိုင်မိသလို အများနဲ့  အတူလဲမခွဲနိုင် ၊ ကိုယ်ကိုယ်တိုင်လဲ ခွဲမရ ၊ အခြေအနေက ဘေးကြပ်နံကြပ်ဖြစ်နေချိန် အရင်ပုံသေနည်း အတိုင်း  တွေ့ မိတွေ့ ရာ၊တွေးမိတွေးရာ၊ ဆွဲမိဆွဲရာ မျက်နှာလွဲခဲပြစ် ကံနီမ့် သူထိ ဆိုသဘောမျိုး  နီးရာ ကြိုး တစကို လှမ်းဆွဲလိုက်တော့  အမေရိကန်နိုင်ငံကပြန်လာခါစ ပူပူနွေးနွေးဘွဲ့ ရလူငယ်တယောက် ကမျောကသော ဝရုန်းသုန်းကားထွက်ပြေး တီမ်းရှောင်လိုက်ရတဲ့ အဖြစ်ထိတော့  ပုံမှန်လေးဆိုပါစို့  …၊၊

ဒေါ်လာသန်းရာကျော်တန်ဘိုးရှိတဲ့  ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးတွေက – မနေ့ တနေ့ ကမှ အမေရိကန်တက္ကသိုလ်တခုက မာစတာဘွဲ့ ပြီးလာတဲ့ လူငယ်တယောက် ပိုင်ဆိုင်ပါတယ်လို့  ကျေညာပြီး အပူတပြင်း မြေလှန်ရှာဖွေနေရင်းမှာမှ အဲဒီလူငယ်တယောက်က ထွက်ပြေးတမ်းရှောင်နေတဲ့  တဖက်နိုင်ငံကနေ  “တွေ့ ဆုံဆွေးနွေး မေးမြန်းစရာရှိတယ် ” လို့  အများက အသိပေးပြီး  ရဲစခန်းမှာ လာအဖမ်းခံခဲ့ တာကလဲ ဒီပိုင်ရှင်မဲ့ ဇာတ်လမ်းရဲ့  ဇတ်ရှိန်အမြင့် ဆုံးပါ ၊၊

လုပ်ရိုးလုပ်စဉ်လုပ်နေကြ ၊ တခါလာလဲမဲပြာပုဆိုးလို အရင်နည်းလမ်းဟောင်းအတိုင်း ပရိသတ်တွေ မျက်တောင်မခတ် အသက်ရူမေ့ လုမတတ် စိတ်ဝင်တစားနေတဲ့  ပိုင်ရှင်မဲ့ ဇာတ်လမ်းအဆုံးကိုတော့  သက်ဆိုင်ရာကျေး ဇူးရှင် ဘဘ တွေ  ဇတ်သိမ်းပေးလိုက်တာက ဒီလိုလေးပါခင်ဗျ..၊၊

ဆိုခဲ့ တဲ့ အတိုင်း ” တွေ့ ဆုံ ဆွေးနွေး မေးမြန်းစရာရှိတယ် ” ဆိုပြီး သကာလ  ကိုယ်တိုင်ကိုယ်ကျ ရဲစခန်းမှာ လာအဖမ်းခံခဲ့ တဲ့ လူငယ်တယောက် အဖမ်းခံပြီးတဲ့ နောက်ရက်သတ္တပတ် တပတ်အကြာမှာမှ  အဲဒီအဖမ်းခံလူငယ်နေထိုင်တဲ့  အိမ်ထဲ ထပ်တွေ့ လိုက်ပြန်ပါသတဲ့ လေ ၊ မူးယစ်ဆေးအလုံးပေါင်း ၂ သန်းတိတိ ၊၊

အဲဒီအဖြစ်တွေက ၂၀၁၅ ခုနှစ်အတွက် ရယ်စရာအကောင်းဆုံး ပိုင်ရှင်မဲ့ မူးယစ်ဆေးဇာတ်လမ်းအဖြစ်ပါ….။ အခု ၂၀၁၆ ခုအစမှာ  ပေါ်လာပြန်ပြီ စလာပြန်ပါပြီ ပိုင်ရှင်မဲ့ မူးယစ်ဆေး ၊

တယောက်ယောက်ကို ချကြွေးမှာလား…….၊
တယောက်ယောက်ကို တွန်းချမှာလား……..၊
အဝေမတဲ့ လို့  စားပွဲကိုမှောက်လိုက်တာလား…..၊
တပွဲပြီးလို့  အစအနဖျောက်လိုက်တာလား……၊

အော်….

ဇာတ်လမ်းက ရှုပ်မှ ရှုပ်သဘိနဲ့  ၊၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မောင်မောင်လတ် ( ရွှေအင်းလေးစာပေ) – တခါလာ မဲပြာပုဆိုး
  1. ဟုတ်ပါတယ်။ ထူးဆန်းပါတယ်။
    အေရှားဝေါဆိပ်ကမ်းဖွင့်ပြီး မြန်မာ့မူးယစ်ဆေးဝါးတွေ ဒလဟော အစစ်ဆေးမရှိ ထွက်နေတာ ထိန်းချုပ်လိုက်ပါပီ။ သမ္မတဥိးသိန်းစိန်အစိုးရ ခေတ်တုန်းက မသိချင်ယောင်ဆောင် ဖမ်းဆီး အရေးယူလို့လုံးဝမရပါဘူး။ (အချင်းချင်းဖြစ်နေလို့ပါ)။ ရွေးကောက်ပွဲရလဒ်နဲ့အတူ မူးယစ်နဲ့ဝိသမစီးပွားရေးသမားတွေ မြန်မာပြည်က ရပ်တံ့ဖို့ အစပျိုးခြင်းပါ။…. ကြိုဆိုရပါမယ်။

    မူးယစ်ဆေးဝါး ဝိသမစီးပွားသမားတွေ မူးရစ်၊ အရက်၊ ဘီယာ၊ ဆေးလိပ် ကုမဏီပိုင်ရှင်တွေ ဖြစ်လာတယ်။ အသစ်တက်လာမဲ့ အင်အယ်ဒီနဲ့တပ်မတော် ညွန့်ပေါင်းအစိုးရ ကိုင်တွယ်ရမဲ့ အမျိုးသားရေးလုပ်ငန်းကြီးဖြစ်ပါတယ်။ တရုပ် ဗီယက်နမ် စင်ကာပူမှာတော့ သေဒဏ်ပါပဲ။

Comments are closed.