ကြော်ငြာကဏ္ဍ

ဒုတိယအကြိမ်မြောက် ကာတွန်းစကားဝိုင်း (ပန်းဆိုးတန်းဂယ်လရီ)

(ပထမအကြိမ် ကာတွန်းစကားဝိုင်းတုန်းက ပုံ)

ဒုတိယအကြိမ်မြောက် ကာတွန်းစကားဝိုင်း (ပန်းဆိုးတန်းဂယ်လရီ)

(မောင်မောင်ဖောင်တိန်ဖေ့စ်ဘွတ်) ဖေဖော်ဝါရီ ၇၊ ၂၀၁၆

ကာတွန်းပညာရှင်တွေ ဆွေးနွေးပြောဆိုတဲ့ ကာတွန်းစကားဝိုင်းကို ပထမအကြိမ်အဖြစ် ဆရာကြီးဦးခင်မောင်လတ်နဲ့ ဆရာမကြီးဒေါ်ခင်မျိုးချစ်တို့ ပြခန်း(လှည်းတန်းစင်တာ)မှာ ကျင်းပပြီးပါပြီ။ ဒုတိယအကြိမ်မြောက် စကားဝိုင်းကိုတော့ ပန်းဆိုးတန်းဂယ်လာရီမှာ ကျင်းပမှာပါ။ ကာတွန်းပညာရှင်ငါးယောက်က ဆွေးနွေးမယ့် စကားဝိုင်းဖြစ်ပါတယ်။ ဝိုင်းဝန်းကူညီကြတဲ့ ပန်းဆိုးတန်းဂယ်လာရီ၊ ကိုကျော်စွာမင်း၊ ကိုငြိမ်းချမ်းအေး (မိုးမခ)၊ ကာတွန်းနာဝါ၊ ကာတွန်းဇီးရိုး တို့ကိုလည်း ကျေးဇူးတင်ပါတယ်။

အခုအကြိမ် ဆွေးနွေးမယ့် ပညာရှင်များကတော့ ကာတွန်းစိုးစံဝင်း၊ ကာတွန်းအာကာ၊ ကာတွန်းဟတ်ကော့၊ကာတွန်းဘီရုမာနဲ့ ကန်တော့ခံ ကာတွန်းပညာရှင်ကြီး တစ်ဦးပါ။
နေရာ – ပန်းဆိုးတန်းဂယ်လာရီ၊
နေ့ရက် – ၁၄ ဖေဖော်ဝါရီ ၁၆ တနင်္ဂနွေန့
အချိန် – ၁း၀၀ မှ ၃း၀၀

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts