မိုးမခ မဂ္ဂဇင်း ၂၀၁၆ ဖေဖော်ဝါရီ ဆိုင်တွေပေါ် ရောက်နေပါပြီ
ပန်းချီ သန်းဌေးမောင်၏ Nude Art လက်ရာမျက်နှာဖုံးဖြင့် မိုးမခလစဉ်မဂ္ဂဇင်း အတွဲ-၃၊ အမှတ်-၂၊ ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီလထုတ်ကို ရန်ကုန်၊ မန္တလေး နှင့် အခြားမြို့ကြီးများရှိ စာအုပ်အရောင်းဆိုင်ကြီးများမှာ ဝယ်ယူနိုင်ပါပြီ။
ပြည်ထောင်စုအရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်များအပေါ် လေ့လာသုံးသပ်ချက်၊ ၂၀၁၆ အစိုးရသစ် NLD ပါတီ ခေါင်းဆောင်မှုအပေါ် ဆွေးနွေးချက်၊ မြန်မာ့ပညာရေး၊ အထွေထွေ လူမှုရေး၊ စီးပွားရေး သုံးသပ်ချက်၊ အမေရိကန်နိုင်ငံရေးသမိုင်း၊ ရွေးကောက်ပွဲ အကြို ပါတီတွင်းမဲဆွယ်မှု မျက်မှောက်အခြေအနေ ဆွေးနွေးချက် စသည့် သုတ ဆောင်းပါးများ၊ ကဗျာ၊ အက်ဆေး၊ ဝတ္ထုတို၊ ရသလူမှုရှုခင်းဆောင်းပါးများ၊ မှတ်စုမှတ်တမ်း၊ စာစုတို၊ ကာတွန်းနှင့် မိုးမခပင်တိုင် သရော်ဆရာများဖြစ်သည့် ရန်လိုကျွဲ၏ အစိုးရသစ် ခေတ်စနစ်မှာ ပြန်ကြားရေးဝန်ကြီးဌာန ရှိသင့်သည့် သရော်စာ ဆောင်းပါး၊ ဂျော်ဒီး ၏ ခွေးသေကောက်ပုပ် အခြေခံဥပဒေ၊ ခရိုနီ အမှိုက်များ အရင် ရှင်းရမလား၊ အမှိုက်အရင် ကောက်မလား မေးခွန်းထုတ် သရော်ချက် ဆောင်းပါးများ အစရှိသည့် ရသ၊ သုတ စာပဒေသာ စုံလင်စွာဖွဲ့စည်း တင်ဆက်ထားပါသည်။
Wun Zin Android App:
Wun Zin iOS App:
နှင်းဆီဖြူ စာပေ
ဆက်သွယ်ရန် – အမှတ် ၇၊ ၅ လွှာ၊ အောင်ဇေယျလမ်း၊ ကျောက်ကုန်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း – ၀၉ – ၂၅၂၂၁၀၁၉၇ ၊ ၀၉ – ၄၂၁၁၇၅၅၃၅ ၊ ၀၁ – ၈၅၅၁၃၄၇ ၊ ၀၉ – ၄၂၁၁၇၅၅၃၅
မိုးမခ မဂ္ဂဇင်း
ဆက်သွယ်ရန် – မိုးမခ ရုံးစားပွဲ Home ရုံးခန်း၊ အမှတ် (၅၈/၆၀)၊ ဗိုလ်အောင်ကျော်လမ်း (အောက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း – ၀၉ ၉၆၃၀၈၉၈၂၂ ။ လျှပ်စစ်စာပို့ လိပ်စာ – editors@moemaka.net