ကဗျာ

မြဒေါင်းနွယ် – ကျည်​ဆန်​​တွေအစား ပန်းများပွင့်​​စေ

မြဒေါင်းနွယ် – ကျည်​ဆန်​​တွေအစား ပန်းများပွင့်​​စေ
(မိုးမခ) ဇန်န၀ါရီ ၂၁၊ ၂၀၁၆

အ​ဖေ​ပျောက်​သူ အ​မေ​ပျောက်​သူ
သား​ပျောက်​သူ သမီး​ပျောက်​သူ
ဒီလူ ဒီလူ​တွေထဲ အပူ​တွေနဲ့
စာသင်​ခန်းမဲ့တဲ့ ​ကျောင်း​တွေအတွက်
အိုးမဲ့ အိမ်​မဲ့ အ​ခြေအ​နေမဲ့​တွေ
မိုင်းထိလို့ ပြတ်​သွားတဲ့​ခြေလက်​​တွေ။

ဒါ​တွေ ဒါ​တွေအတွက်​…..
လို​နေတာက ငြိမ်းချမ်း​ရေး
ဖယ်​ဒရယ်​ပြည်​​ထောင်​စု
တည်​​ထောင်​ပြုလို့ ညီ​နောင်​တစု
သွေးစည်းကြ​စေ။

ဧရာဝတီ မခမ်းသ​ရွေ့
တို့တတွေ ချစ်​ခြင်းတရား
အသည်းကြားမှာ။

ဗမာ၊ ရခိုင်​၊ ကရင်​၊ ချင်း
ရှမ်းနှင့်​ ပအို့ဝ်​၊ ကိုးကန့်​၊ ဝ
စုံညီစွာ​သေချာ
ဘုံမဟီ​မြေမှာ ​ရေရာလာပြီငြိမ်းချမ်း​ရေး
တို့တ​​တွေ ဆက်​​ဆွေး​နွေးမယ်​။

တချိန်​မှာ​တော့ ငါတို့ရဲ့ပြည်​တွင်းစစ်
ရပ်​တန့်​ပစ်​နိုင်​မယ်​​လေ၊
နောင်​​ရေးကို​မျှော်​ ​အောင်​​တေးသံတ​ကြော်​ကြော်​နဲ့
မြန်​မာပြည်​ ငြိမ်းချမ်း​ရေးအတွက်
ကဲ … ကျည်​ဆန်​​တွေအစား ပန်းများပွင့်​​စေ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts