ကဗျာ

သင်ခါ- လောကအကြည့် ခါးခါး

သင်ခါ- လောကအကြည့် ခါးခါး

(မိုးမခ) ဇန်န၀ါရီ ၁၇၊ ၂၀၁၆

ခေါက်ရိုးကျိုးကျမတတ် ဘ၀တွေ

သေ၀ပ်ကျန မျက်စပစ်ပြ

ထုံထိုင်းအေးစက် ဒီဇာတ်ခုံပေါ်မှာ

ထုံထိုင်းအေးစက် ရာသီအလိုက်

လောက၀တ်ပြုရတာကလည်း နှစ်နဲ့ချီလို့ အမော ….။

အမောစို့ ချိနဲ့ စေးထန်း

ခပ်ဆန်းဆန်းနိတိတွေ

ဒီကမ္ဘာ့ရွာ

ဒီရာစုနှစ်ကြီးအပေါ်မှာ

ခုန်ခုန်ပြီး လိုက်ကနေရတာကလည်း

ပုံမကျ ပန်းမကျ။

အံကျလာတဲ့ ယဉ်ကျေးမှုတွေမှာ

အတ္တတွေ တလဟောနဲ့

စီးမျှောပုံခြင်းက မတူလေတော့

အယုတ္တ အနတ္တတွေသာ

ဖောချင်း သောချင်းနဲ့

ခုဆို

တကွင်းလုံးပြည့်လို့ ….။

တိမ်တွေပြိုသောလမ်းဟာ

မမြင်မကမ်း စမ်းတ၀ါးဝါးနဲ့

တစ်ဝမ်းတစ်ခါးကို လှစ်လှပ်ပြတော့

ခိုးလမ်းတွေသာ

တဖြည်းဖြည်း ..ရွေး ..ထွန်းကားလာတယ်..

မသေမသပ်လှတဲ့

အကြည့်ခါးခါးတွေမတော့

ပုံစီ ရုပ်လုံးကြွဖို့

တစိမ့်စိမ့် ထုဆစ်လို့ ….။

သင်ခါ (မေ၊ ၇၊ ၂၀၁၀)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts