Han Thit Naing ဓာတ်ပုံသတင်း

Midea ကုမ္ပ္ပဏီမှ အိမ်သုံးပစ္စည်းအမျိုးမျိုးမိတ်ဆက်ရောင်းချပွဲပြုလုပ်

Midea ကုမ္ပ္ပဏီမှ အိမ်သုံးပစ္စည်းအမျိုးမျိုးမိတ်ဆက်ရောင်းချပွဲပြုလုပ်
ဟန်သစ်နိုင်၊ မိုးမခ၊ ဇန်နဝါရီ ၁၂ရက်၊ ၂၀၁၅

ဇန်နဝါရီ ၉ရက်နေ့ မန္တလေး ရတနာ Shopping mall တွင် Midea ကုမ္ပ္ပဏီမှ အိမ်သုံးပစ္စည်းများကို မိတ်ဆက်ရောင်းချပေးခဲ့သည်။  Midea ကုမ္ပ္ပဏီမှအဓိကထုတ်လုပ်ရောင်းချသောပစ္စည်းများ မှာ လေးအေးပေးစက်၊ အဝတ်လျှော်စက်၊ ရေခဲသေတ္တာ၊ လေထုသန့်စင်ရေးစက်များ၊ ရေပူပေး စက်များ၊ ရေသန့်စင်စက်၊ သန်ရှင်းရေးစက်များ၊ အလင်းပေးပစ္စည်းစက်များ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် အပိုပစ္စည်းများဖြစ်သည်။

“ရန်ကုန်နှင့် မန္တလေးမြို့များတွင် Midea အရောင်းပြခန်း ၉ခုဖွင့်လှစ်ထားပြီး အရောင်းကိုယ်စား လှယ်ပေါင်း ၅၀၀ကျော်ဖြင့် ထုတ်ကုန်များကိုဖြန့်ချိလျက်ရှိနေတယ်၊ Midea ကုမ္ပ္ပဏီက ထုတ်လုပ်ရောင်းချသော ပစ္စည်းများဟာ အရည်အသွေးအဆင့်မှီပြီး ဈေးနှုန်းတန်ဖိုးသက်သာခြင်းသည် အခြားအမှတ်တံဆိပ်များထက် အာသာချက်ဖြစ်တယ်” ဟု Midea ကုမ္ပ္ပဏီ၏ ဒါရိုက်တာ Mr. Liu Hao ပြောသည်။

မန္တလေး ရတနာ Shopping mall တွင် အိမ်သုံးပစ္စည်းများရောင်းချသောနေ့တွင် Midea ကုမ္ပ္ပဏီမှ မိဘမဲ့ကလေးများနှင့် ကျောင်းအတွင်းနေထိုင်သော ဆရာ၊ဆရာမများအတွက် အိမ်သုံးပစ္စည်းအမျိုးမျိုးကို လှူဒါန်းထောက်ပံ့ခဲ့သည်။ အခြေခံကုန်ကြမ်းပစ္စည်းများထုတ်လုပ်သည့် အကြီးမားဆုံးကုမ္ပဏီဖြစ်သည့် Midea ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ နံပါတ် (၁)အိမ်သုံးကုန်ပစ္စည်းများ ထုတ်လုပ်တင်ပို့ရောင်းချနေသည့် ကုမ္ပ္ပဏီ တစ်ခုဖြစ်သည်ဟုသိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts