News Yan Naung (Bo Ta Htaung)

Media Storm Co.Ltd. ၏ စက်ရုံသစ် ဖွင့်ပွဲ ကျင်းပပြုလုပ်

Media Storm Co.Ltd. ၏ စက်ရုံသစ် ဖွင့်ပွဲ ကျင်းပပြုလုပ်
ရန်နောင်(ဗိုလ်တထောင်) မိုးမခ ဇန်နဝါရီ ၁၁ – ၂၀၁၆

Media Storm Co.Ltd. ၏ စက်ရုံသစ် ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၊ ရွေပြည်သာစက်မှုဇုန်(၁) ၊ စက်မှုလမ်းသွယ် (၉) ၊ အမှတ်(၁၂၄/ စ ) တွင် ဇန်နဝါရီလ (၉) ရက် စနေနေ့ ၊ နေ့လယ် (၂) နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စက်ရုံသစ်အား တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ခဲ့ကြပြီး မန်နေဂျင်းဒါရိုက်တာ ဦးအောင်မျိုးထွဋ် မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

ဦးအောင်မျိုးထွဋ်

ဆက်လက်၍ ဧည့်သည်တော် ဒဂုန်အဖျော်ယမကာ ကုမ္ပဏီလီမိတက်မှ အကြီးတန်းမန်နေဂျာ ဦးဇော်ဦးငြိမ်း မှ မုဒိတာစကား ပြောကြားပေးခဲ့သည်။

ဦးဇော်ဦးငြိမ်း

ထို့နောက် တေးရေးဆရာ နိုင်းနိုင် မှလည်း ဂုဏ်ပြုစကားပြောကြားပေးခဲ့သည်။


တေးရေး နိုင်းနိုင်

ဂျီလတ်


လင်းလင်း

ဆက်လက်၍ Dream Lovers Band နှင့် အဆိုတော်ခင်စုစုနိုင်၊ ဂျီလတ်၊သအို နှင့် လင်းလင်းတို့မှ တေးသီချင်းများဖြင့် ဖျော်ဖြေပြီး တက်ရောက်လာသူများအား ကံစမ်းမဲများ ဖောက်ပေးခဲ့ပြီး စက်ရုံဖွင့်ပွဲ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

Media Storm Co.Ltd စက်ရုံတွင် ဗီနိုင်းများကို ပုံနှိပ်နိုင်ခြင်း အပြင် စတေ့ခ်ျရှိုးများ၊ ပြပွဲများ ၊ပရိုမိုးရှင်းပွဲများတွင် ထည့်သွင်းအသုံးပြုသော LED Display Unit P7 နှင့် P3 များကို အင်ဒိုး၊အောက်ဒိုး လိုအပ်သလို ငှားရမ်းအသုံးပြုနိုင်သော ဝန်ဆောင်မှုလုပ်ငန်းကိုလည်း ဈေးနှုန်းသင့်တင့်စွာဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရပါသည်။

Media Storm သည် ၂၀၀၇ ခုနှစ်ကတည်းက လုပ်ငန်းစတင်လည်ပတ်ခဲ့ကြောင်းလည်း ထပ်မံသိရှိရပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts