Cartoon Box News

Cartoon show in the 50th St

သီတင်းကျွတ်နှင့်အတူ တွေ့ရသော ရန်ကုန်မြို့ လမ်း ၅၀ ကာတွန်းပြပွဲ
ဓာတ်ပုံသတင်း
အောက်တိုဘာ ၁၈၊ ၂၀၁၃

ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် ရေကျော်အရပ်တွင် သီတင်းကျွတ်ပွဲတော်ကြီး ကျင်းပလျက်ရှိရာ ထိုဒေသရှိ လမ်း ၅၀ အထက်လမ်းတွင် ကာတွန်းပြပွဲတစ်ခုကိုလည်း ယခု ညနေပိုင်းက စတင် ပြသထားသည်ကို တွေ့ရှိရသည်။
ကာတွန်းဆရာကြီးငယ်တို့၏ လက်ရာစုံကို သီတင်းကျွတ်ပွဲတော်လာရောက်သူများ၊ ဒေသခံများ အားပေးကြည့်ရှုနေသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။

ကာတွန်းမီးထွန်းပွဲ စီစဉ်သူများက ညဘက် မှောင်ရီမပျိုးခင်ရောက်လာသော  ကာတွန်းဆရာများ ဧည့်သည်များကို ဧည့်ခံနေကြသည်။
 ပုဇွန်တောင်မြို့နယ် ရေကျော်သီတင်းကျွတ်ပွဲသည် ရန်ကုန်မြို့၏ အထင်ကရပွဲတော်ကြီးဖြစ်ပြီး ယခု ပြုလုပ်သော ကာတွန်းပြပွဲသည် လမ်း ၅၀ မိသားစု၏ တတိယမြောက် ကာတွန်းပြပွဲဖြစ်ကြောင်း သိရှိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts