ဇော်အောင် (မုံရွာ)

ဇော်အောင် (မုံရွာ) – မြန်မာလူငယ်များ၏ အနာဂတ်

မြန်မာလူငယ်များ၏ အနာဂတ်
ဇော်အောင် (မုံရွာ)
အောက်တိုဘာ ၁၈၊ ၂၀၁၃

အာအက်ဖ်အေ RFA လူငယ်အကြောင်းစကားဝိုင်းကို ဗကသဒုဥက္ကဌလင်းထက်နိုင်၊ ကျောင်းအုပ်ကြီးမျိုးရန်အောင်သိန်း၊ အက္ခရာအဖွဲ့ မချိုချိုသိန်းတို့နဲ့ ဆွေးနွေးခဲ့ပါတယ်။ လူငယ်တွေမလိုအပ်တဲ့နေရာများမှာ အချိန်ဖြုန်းနေတာ အမှန်ပဲ၊ ဒါပေမဲ့လူငယ်တွေကို အပြစ်တင်ဖို့ မလိုကြောင်း၊ ဘယ်လိုနေရာမျိုးမှာဂင်လုပ်မလဲ နိုင်ငံရေး၊လူမှုရေးအဖွဲ့များမှာ ပါဝင်လုပ်ဆောင်ဖို့၊ အင်တာနက်မှ ပညာရေးဆိုင်ရာ ပါဝင်လုပ်ဆောင်ရန် ကိုမျိုးရန်အောင်သိန်းကပြောကြားသွားပါတယ်။  ရန်ကုန်မန္တလေးလူငယ်များနဲ့မြို့နယ်များကလူငယ်များ ၂ခုဟာ အရမ်းကွာခြားနေတယ်လို့ အက္ခရာအဖွဲ့အစည်းမှပြောကြားသွားပါတယ်။ နိုင်ငံခြားသားလူငယ်များ လာရောက်တဲ့အခါ နိုင်ငံခြားဘာသာ စကား နားလည်၊ ပြောနိုင်သူများလိုကြောင်း အာအက်အေမှပြောကြားပါတယ်။ ကိုလင်းထက်နိုင်က ပညာရေး စနစ်ပြုပြင်ပြောင်းလဲမှု၊ သင်ကြားမှုပုံစံအထူးလိုအပ်ကြောင်း အရေးတကြီးလိုအပ်ကြောင်း၊ ကိုမိုးရန်အောင်သိန်းက မတူညီသော စိမ်ခေါ်မှုများ ရတဲ့အချိန်မှာအကောင်းဆုံးလုပ်ကိုင်ကြပါရန်ပြောကြားသွားသည်။ မချိုချိုသိန်းအနေနှင့် စကားဝိုင်းတစ်ခု မှလူငယ်များ သာ အခွင့်လမ်းရသွားတာမျိုးထက် တပြည်လုံးလူငယ်များလည်း ရစေလိုကြောင်း နိဂုံးချုပ်ပြောကြားသွားပါတယ်။ 
သူတို့ရဲ့ဆွေးနွေးပြောဆိုမှုများကို လေ့လာသုံးသပ်ပြီး မြန်မာ၊နိုင်ငံတကာလူငယ်အခြေအနေများကို စဉ်းစားမိပါတယ်။
မြန်မာလူငယ်များ ဘာလုပ်နေကြပါသလဲ..မေးခွန်းကို အသက်၂၀အောက်၊ အသက်၂၀-၂၅ ဆိုပြီး ၂မျိုးခွဲလေ့လာချင်ပါတယ်။ နိုင်ငံရဲ၂၅%လောက်ရှိတဲ့လူဦးရေဖြစ်ပါတယ်။ ကျောင်းသားအရွယ်လဲဖြစ်၊ အခမဲ့လုပ်အားပေးတဲ့အရွယ်တွေဖြစ်ပါတယ်။ 
ပထမဆုံး မြန်မာပြည်လူငယ်များကိုကြည့်ရင် အသက်၂၀အောက် မိဘအဆင်ပြေသူများပဲ ကျောင်းတက်ကြပါတယ်။ လဘက်ရည်ဆိုင်မှာ အသက်၁၀နှစ်သားကတည်းက ၁၀နှစ်ကျော်အလုပ်လုပ်နေတဲ့ အသက်၂၀အရွယ် ရေးတတ်ဖတ်တတ် လူငယ်လေးများစွာရှိပါတယ်။ မြန်မာပြည်မှာ စရင်းဇယားမရှိတော့ လူငယ်များဘာလုပ်နေသလဲ အတိကျမသိနိုင်ပါဘူး။ မိဘများကလည်း အသက်၂၀ကျော်တဲ့အထိ ကျောင်းထားပေး၊ အိမ်မှာနေထိုင်စားသောက်ခွင့်ပေးတဲ့အပြင် အိမ်ထောင်ကျရင်တောင် ခေါ်ထားကြပါတယ်။ သားသမီးများကလည်း မိဘအိမ်မှာပဲကပ်နေရပါတယ်။ ကျောင်းနေတဲ့လူငယ်များကတော့ ဘွဲ့ရတဲ့အထိ အိုကေပါတယ်။ ကျောင်းအားလပ်ချိန်မှာ သူငယ်ချင်းများနဲ့ အပျော်အပါးများ လိုက်သွားကြပေမဲ့ အပျက်စီးကြီးမဟုတ်ပါဘူး။ တစ်ချို့လည်း မူးရစ်ဆေးဝါး၊ ပျက်စီးသေကျေသူများရှိပါတယ်။
မြန်မာပြည်၂၀၀၅ လူဦးရေ ၅၅သန်းမှာ အမေရိကန်ပြုစုထားတဲ့ ပိရမစ်လူဦးရေစာရင်းအရ
အသက်၁၅-၂၅ စုစုပေါင်း ၁၀သန်းခန့် (၁၈.၆%) ရှိပါတယ်။
0-14 years: 26.7% (male 7,514,233/female 7,227,893)
15-24 years: 18.6% (male 5,183,653/female 5,060,385)
25-54 years: 42.8% (male 11,724,297/female 11,879,420)
55-64 years: 6.7% (male 1,754,397/female 1,963,051)
65 years and over: 5.2% (male 1,244,758/female 1,615,243) (2013 est.)
● စင်ကာပူ (သို့မဟုတ်) ပြည်ပရောက်လူငယ်များကို လေ့လာပါမယ်။
မနေ့ကပဲ စင်ကာပူကို တစ်လဒေါ်လာ၄၅၀လစာနဲ့ အလုပ်လာလုပ်မဲ့လူငယ်၁၇ဦးကို တွေ့ဆုံခဲ့ပါတယ်။ ဘွဲ့ရ၅ယောက်လောက်ပါတယ်။ ကျန်တာတော့ ၁၀တန်းအောင် ၅ယောက်နဲ့ ဆယ်တန်းမအောင်တဲ့ အခြေခံပညာမူလတန်း၊အလယ်တန်းအဆင့် ၁၀ယောက်ကို တွေ့ရပါတယ်။ သူတို့မိဘ၊အဒေါ်များက အေးဂျင့်ဖိုးငွေ ဒေါ်လာ၃၀၀၀ (ကျပ်သိန်း၄၀ခန့်) စိုက်ထုတ်ရင်းနှီးပြီး အဖိုးတန်လှတဲ့လူငယ်ဘဝကို လုပ်ငန်းခွင်ပညာရှာနိုင်သူများဖြစ်ပါတယ်။ အလားတူပဲ မိန်းကလေးများဟာ အိမ်ဖေါ် Domestic Worker အဖြစ် လစာငွေ ဒေါ်လာ၃၅၀ လောက်နဲ့ စင်ကာပူကို ရောက်လာကြပါတယ်။ သတင်းစာများမှာပါတဲ့ အချက်လက်များအရ မြန်မာလူငယ် WP workers တသိန်းကျော်ရှိပါတယ်။ မိန်ကလေးလူငယ်များ ၂သောင်းခန့် အိမ်များ၊ လူကြီးဂေဟာများမှာ အလုပ်လုပ်နေကြပါတယ်။ ဒီလူငယ်များဟာ အေးဂျင့်ဖိုး ၄လစာလောက် ရင်းနှီးပြီး အလုပ်လာလုပ်ခွင့်ရပါတယ်။ သူတို့ မိဘ၊အဒေါ်ဦးလေး၊ အကိုအမ များက ငွေစိုက်ထုတ်ပေးနိုင်လို့ဖြစ်ပါတယ်။ မြန်မာပြည် လဘက်ရည်ဆိုင်၊ ဟိုတယ်၊ စက်ရုံ၊ ဆောက်လုပ်ရေး စတဲ့နေရာများမှာ အခြေခံပညာအဆင့်ပဲရှိတဲ့ မြန်မာလူငယ်၊ အမျိုးသား၊ အမျိုးသမီးငယ် များစွာရှိနေပါတယ်။ စင်ကာပူကို လာတဲ့လူငယ်များဟာ တတ်နိုင်သူများပဲဖြစ်ပါတယ်။ မတတ်နိုင်တဲ့ လူငယ်များကတော့ ဟိုး… ထိုင်းနိုင်ငံကို ရောက်သွားပါတယ်။ လူငယ်ပေါင်း ၆သန်းခန့် ထိုင်း၊ မလေးရှား နိုင်ငံများမှာ အလုပ်ကြမ်းလုပ်ငန်းများ သွားရောက်လုပ်ကိုင်နေကြပါတယ်။ 
ဒါတွေကတော့ အခြေခံပညာအဆင့်ပဲရှိတဲ့ မြန်မာလူငယ်များရဲ့ ဖြစ်ပျက်နေပုံပါပဲ။ သူတို့အတွက် အလုပ်ကိုင် ရှာပေးရပါမယ်။ ပြည်တွင်းမှာ စက်ရုံ၊အလုပ်ရုံများစွာ ဖြစ်ထွန်းလာဖို့လိုပါတယ်။
နောက်တစ်အုပ်စုကတော့ အေးဂျင့်ကောင်းရတဲ့လူငယ်များ၊ ပညာတတ်ပြီး အဆက်သွယ်ကောင်းသူ၊ ငွေလည်းများများရှိစရာမလိုပါဘူး။ စင်ကာပူကို ကျပ်၂သိန်းအကုန်ခံပြီး လေယာဉ်စီး၊ လာနိုင်ပါတယ်။ မိတ်ဆွေများအိမ်မှာနေထိုင်ပြီး အလုပ်ကိုင်ရှာဖွေ၊ စင်ကာပူနဲ့ နိုင်ငံတကာတွေမှာ အလုပ်ကိုင်ရရှိ၊ ကျောင်းတက်ခွင့်ရရှိသွားသူများဖြစ်ပါတယ်။ နောက်နှစ်အနည်းငယ်မှာ သူတို့ဘဝ ပိုပြီးအဆင်ပြေလာမှာပါ။ ရောက်ကာစတော့ လစာငွေ ဒေါ်လာတစ်ထောင်ကျော်လောက်ပဲ ရပါတယ်။ စင်ကာပူမှာ အချိန်ပိုင်းကျောင်းတက်ပြီး၊ လူမှုရေး၊ ဘာသာရေးအဖွဲ့များနဲ့ အဆက်သွယ်ရှိသူလူငယ်များဟာ မကြာခင်မှာပဲ လစာကောင်းတဲ့အလုပ်များကို ပြောင်းရွှေ့နိုင်ပါတယ်။ သို့မဟုတ် လက်ရှိအလုပ်မှာပဲ အလုပ်ရှင်က လစာပိုပေး၊ ရာထူးပေးပါတယ်။ အထူးသဖြင့် စင်ကာပူလူမျိုးပိုင်ကုမ္မဏီမဟုတ်တဲ့ အင်္ဂလိပ်၊ဂျာမန်၊နယ်သာလန်၊အမေရိကန် စတဲ့နိုင်ငံခြားသားပိုင် ကုမ္မဏီမှာ အလုပ်လုပ်ခွင့်ရသူများ ပိုပြီးအခွင့်လမ်းကောင်းရကြပါတယ်။ ကျောင်းဆက်တက်နိုင်သူများလည်း ဘွဲ့၊ဒီဂရီများရရှိပြီး အနာဂါတ်အတွက် မျှော်လင့်ချက်ပိုကောင်းလာပါတယ်။
● မြန်မာပြည်တွင်းမှ လူငယ်များကိုလေ့လာမယ်ဆိုရင်
မိန်းကလေးအများစုကတော့ အိမ်ဖေါ်အလုပ်နဲ့ ရောက်လာကြတယ်။ မြန်မာမိသားစု တော်တော်များများက သူတို့ဆွေမျိုးများကို အိမ်ဖေါ်အလုပ်နဲ့ခေါ်ပြီး အိမ်မှာကလေးထိန်း၊ ကူညီလုပ်ကိုင်ပေးကြတယ်။ လင်မယား၂ယောက်စလုံး အလုပ်လုပ်ကြတော့ အိမ်ဖေါ်ပေါင်း တစ်သန်းကျော် စင်ကာပူမှာရှိပါတယ်။ ဖိလစ်ပိုင်အိမ်ဖေါ်များက တစ်လ ဒေါ်လာ၆၀၀ပျမ်းမျှရကြတယ်။ သူတို့က ပညာမတတ်၊ ဖိလစ်ပိုင်တောသူဖြစ်ပေမဲ အင်္ဂလိပ်စကားနားလည်တယ်။ ခေတ်ပေါ် အဝတ်လျှော်စက်၊ ရေခဲသေတ္တာ၊ အပူပေးစက်၊ လျှပ်စစ်ပစ္စည်းများကို သုံးတတ်၊နားလည်တတ်တော့ လစာပိုရပါတယ်။ ဒုတိယအများဆုံးအိမ်ဖေါ်များက အင်ဒိုနီးရှားမိန်းကလေးများ အင်္ဂလိပ်စကားတော့ ဗမာလိုပဲ မကောင်းဘူး။ တစ်လ ၃၅၀ဒေါ်လာနှုန်းရတယ်။ မြန်မာ၊ သီရိလင်္ကာ၊ အီနိယ အိမ်ဖေါ်များလည်း တစ်လ၃၅၀ဈေးနှုန်းပဲပေးပါတယ်။ မြန်မာအမျိုးသမီး ၂သောင်ငးကျော် အိမ်ဖေါ်အလုပ်လုပ်နေတယ်လို့ ဆိုပါတယ်။ Worker အဆင့်တွေကို အလုပ်ရှင်တွေက အစိုးရကို Levy ဆိုတဲ့ အခွန်ငွေ ဒေါ်လာ၃၅၀ လစဉ်ဆောင်ရတယ်။ 
ဒီမြန်မာအလုပ်သမား၊ အလုပ်သမတွေရဲ့ အားလပ်ချိန်ကတော့ တယ်လီဖုန်းဆက်ရုံပဲရှိပါတယ်။ အလုပ်ရှင်ကောင်းကောင်းနဲ့ တွေ့ရင်တော့ အင်္ဂလိပ်စကားပြော၊ စာသင်မှုအခွင့်ရေးများရပါတယ်။ အများစုကတော့ အနိုမ့်ဆုံးအဆင့်တွေပဲ။ တိရိစ္ဆာန်သာသာ အလုပ်လုပ်လိုက်၊ စားလိုက်၊ အိပ်လိုက်၊ အနီးနားလျှောက်သွားလိုက်၊ တယ်လီဖုန်းပြောလိုက် …တနင်္ဂနွေအားလပ်ရက်ဆို ပင်နီစူလာပလာစာ ထွက်လာပြီး မိတ်ဆွေများကို စကားနောက်တစ်မျိုးကတော့ S-pass, EP, Studentpass ဆိုတဲ့ ဘွဲ့ရများပဲလုပ်ရတဲ့ အလုပ်နဲ့ စာင်ကျေင်းများဖြစ်ပါတယ်။ သူတို့ကတော့ ဘွဲ့ရပြီးသူများဖြစ်တော့ လစာပိုကောင်းပါတယ်။ တိုးတက်ဖို့အခွင့်လမ်းပိုများပါတယ်။
● မြန်မာပြည်ကိုကြည့်ရင်တော့ 
လူငယ်များ၁၀သန်းကျော် ၁၅နှစ်မှ၂၅နှစ် လူငယ်များစွာရှိပါတယ်။ အများစုဟာ ကျောင်းတက်နေကြပါတယ်။ အသက်၂၅နှစ်အရွယ်အောက် လူငယ်များဟာ ကျောင်းတက်သင့်ပါတယ်။ ရာနှုန်းဘယ်လောက်က ကျောင်းတက်နေသလဲဆိုတာ Data မရှိတဲ့ မြန်မာပြည်မှာ စာရင်းကောက်ဖို့ NGO , UN စတဲ့အဖွဲ့များက ကြိုးစားနေပါတယ်။ မြန်မာဗဟိုစာရင်းရုံးနဲ့လူဝင်မှုကြီးကြပ်ရေး လ.ဝ.က များမှာလည်း စာရင်းရှိနိုင်ပါတယ်။ စာရေးသူ မှန်ဆချက်ကတော့ ၃၀%  ၃သန်းလောက်ပဲ ကျောင်းတက်နေဆဲလို့ မှန်းပါတယ်။ အသက်၁၅နှစ်မှ ၂၅နှစ်လူငယ်များမှာ ၉တန်း၊ ၁၀တန်းကျောင်းသားများနဲ့ တက္ကသိုလ်၊ အသက်မွေးကောလိပ် ကျောင်းသားများ ဖြစ်ပါတယ်။ 
● ၁၅-၂၅နှစ် လူငယ်၁၀သန်း
– ကျောင်းနေဆဲ ၃သန်း (၃၀%)
– စစ်တပ်၊ ရဲ၊ သံဃာ  ၁သန်း (၁၀%)
– ထိုင်းနိုင်ငံ (အချို့မှာ မလေးရှား၊ စင်ကာပူ) အလုပ်သွားလုပ်သူ ၃သန်း (၃၀%)
– မြန်မာပြည်တွင်းအလုပ်လုပ်နေသူများ ၃သန်း (၃၀%)
မှတ်ချက်။ မြန်မာပြည်တွင်းအလုပ်လုပ်နေသူများစွာမှာ ကလေးအလုပ်သမားများဖြစ်ပါတယ်။ စားသောက်ဆိုင်၊ တည်းခိုခန်း၊ ဆောက်လုပ်ရေးများတွင် ကြည့်ပါ။ အသက်၁၅နှစ်အောက် ကလေးသူငယ်များစွာ ကျောင်းမတက်ပဲ အလုပ်ဝင်လုပ်နေရပါတယ်။ လူငယ်များမှာ စွန့်စားလိုသူများပါတယ်။ ဒါကြောင့် လစာပိုရသော ပြည်ပနိုင်ငံများ (ထိုင်း၊မလေး၊စင်ကာပူ) သွားရောက်အလုပ်လုပ်ကိုင်ကြပါတယ်။
မြန်မာပြည်မှာ ၄သိန်းခန့်ရှိတဲ့ စစ်သားလူငယ်များ၊ ၄သိန်းကျော်ရှိတဲ့ သဃာလူငယ်များဟာ ဝါသနာပါလို့ အဲဒီနေရာများကို ရောက်သွားတာမဟုတ်ပါဘူး။ အခုဆို ရဲတပ်ဖွဲ့များကို လူငယ်များစွာ ဝင်ရောက်နေပါတယ်။ စုစုပေါင်း တစ်သန်းကျော်ဟာ နိုင်ငံတော်နဲ့သာသနာဘောင်ထဲမှာ ရှိနေတဲ့အတွက် မဆိုးဘူးလို့ ဆိုနိုင်ပါတယ်။ အဲဒီလူငယ်အားလုံးနီးပါးဟာ အခြေခံပညာပဲရှိပါတယ်။ ရေးတတ်ဖတ်တတ်အဆင့်လို့ ပြောရင်ပိုမှန်ပါတယ်။ ငယ်စဉ်ကတည်းက မိဘလယ်ယာလုပ်ငန်းမှာ အခိုင်းခံရပြီး၊ လွတ်မြောက်ရလမ်း ရှာဖွေရင်းနဲ့ ပြည်ပ (ထိုင်းနိုင်ငံ) ထွက်ဖို့လည်း ရင်းနှီးရမဲ့ကျပ်ငွေ တစ်သိန်းဂဏန်းတောင် မရှိရှာတော့ စစ်တပ်၊ သဃာ၊ ရဲတပ်ဖွဲ့များကို ဝင်ရောက်သွားကြခြင်းဖြစ်ပါတယ်။ လိမ္မာရေးခြားရှိသူ လူငယ်များလို့ ပြောနိုင်ပါတယ်။
● မြန်မာလူငယ်များရဲ့အနာဂါတ်
လူငယ် ၁သန်းခန့် စစ်တပ်၊ ရဲတပ်၊ သံဃာများဖြစ်နေပြီး၊ ၃သန်းခန့် ကျောင်းတက်နေရတယ်။ ကျန်တဲ့ ၆သန်းကျော် လူငယ်များမှာ ပညာမသင်နိုင်ပဲ ပြင်တွင်း၊ ပြည်ပမှာ အလုပ်လုပ်ကိုင်နေကြပါတယ်။

ထိုမှန်းဆချက်ဟာ လက်ရှိပကတိအခြေအနေနှင့် နီးစပ်ပါတယ်။ အစိုးရမှ တရားဝင်အချက်လက်များ ထုတ်ပြန်သင့်ပါတယ်။ ရှက်ရွံ့၊ မပွင့်မလင်းလုပ်မှု မရှိသင့်တော့ပါ။ နိုင်ငံတော်အနာဂါတ် ၁၅-၂၅ လူငယ်အင်အားများစွာ ပညာမသင်နိုင်ပဲ ပြည်ပအလုပ်သမားများဖြစ်နေ သည်မှာ အလွန်အရုပ်ဆိုးလှပါတယ်။ ကျနော်ဟာ အသက်၂၅နှစ်အရွယ်ထိ ပညာသင်နိုင်သော ကုသိုလ်ကံ ထူးသူတစ်ဦးဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ လူငယ်ဦးရေ ၇၀%ခန့် ပညာမသင်နိုင်တော့ပဲ လုပ်ငန်းခွင်ဝင်ကြရပါတယ်။ ပိုဆိုးနေပါတော့သည်။ တိုင်းပြည်အနာဂါတ်ဟာ လူငယ်များဖြစ်လို့ အခုကတည်းက အသက်၁၅-၂၅ အရွယ်လူငယ်များ ကျောင်းဆက်တက်နိုင်ရေးအတွက် ကလေးပညာရေးစနစ်ကို ဘတ်ဂျတ်ချပေးပြီး၊ အထူးစီမံကိန်းများနဲ့ ပျိုးထောင်ဖို့၊ စာရိတ္တပညာသင်ပေးမဲ့ ကျောင်းဆရာများကို စားဝတ်နေရေးပြေလည်အောင် လုပ်ပေးဖိှု့Special National Plan အဖြစ်လုပ်ဆောင်ရပါမယ်။ တိုင်းပြည်ကို တကယ်ပြုပြင်ပြောင်းလဲဖို့ ၂၀% ဘတ်ဂျတ်ကို ပညာရေးမှာသုံးပြီး၊ အခြေခံပညာရေးကို ပိုပြီးသုံးပေးတဲ့ အမျိုးသားပညာရေးစနစ်သစ်ကို သူငယ်တန်းမှ စတင်ဖို့ဖြစ်ပါတယ်။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts