ကဗျာ

အောင်ကျော်သွင် – အဖြစ်သနစ်

အောင်ကျော်သွင် – အဖြစ်သနစ်
(မိုးမခ) ဇန်န၀ါရီ ၈၊ ၂၀၁၆

လေဟာနယ်များများ
အလေးချိန်ပေါ့ပါးပါး အိတ်တစ်ခု
ခါးကြားထိုးပြီး
ထပ်ကြပ်မကွာအနှောင်အဖွဲ့ တွေနဲ့
ပွဲတော်ထဲ လည်ခဲ့ဖူးတယ်။

ရှေးစကားထဲမှာ
“အမေး နွားကျောင်းသား
အဖြေ ဘုရားလောင်း” တဲ့
ငါ
လူသာမန်လေ…

အဟောအပြောကောင်း ဖုန်လုံးထဲ
ဘာမှမမြင်ခဲ့ရဘူး။

ဒါပေမဲ့
တစ်ခုခုတော့ကြားလိုက်တယ်
ဒါမှမဟုတ်
တစ်ခုခုတော့ရလိုက်တယ်…
ငါတို့ လမ်းကိုဆုံးအောင်
လျှောက်ရလိမ့်ဦးမယ်ဆိုတာ…။    ။

အောင်ကျော်သွင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts