ကဗျာ ခင်လွန်း

ခင်လွန်း – အခန်းဝင် အခန်းထွက်

 ခင်လွန်း – အခန်းဝင် အခန်းထွက်
(မိုးမခ) ဇန်န၀ါရီ ၂၊ ၂၀၁၆

…………………

၁၅ ကို လက်ထဲက တောက်ထုတ်လိုက်တော့
၁၆ က မီးထပေါက်တယ်
မကြောက်ပါနဲ့
နှစ်သစ်ကူးချိန်ဗျောက်အိုးလေးပါမိတ်ဆွေ
ကျွန်ုပ်တို့ကောင်းကင်မှာ
ကြယ်ရောင်ဆောင်တဲ့
မီးရှူး မီးပန်းတွေငြိမ်းသွားပြီဆိုရင်
ပြတင်းအပြင်ကို ရဲရဲကြည့်လိုက်ပါတော့
အလင်းဖြူ ဖြူ တို့ရဲ့အစဆိုတာ
အရုဏ်ဦးမီးကျည်တို့နဲ့ တညီးညီးနီစွေးနေကြ။

…………….

၁.ဇန်န၀ါရီ.၂၀၁၆
ည- ၁၀ နာရီခွဲ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts