ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ – ဒီဇင်ဘာလမ်းခွဲပေါ်က အတွေး

ဆောင်းယွန်းလ – ဒီဇင်ဘာလမ်းခွဲပေါ်က အတွေး
(မိုးမခ) ဇန်န၀ါရီ ၁၊ ၂၀၁၆

ဒီဇင်ဘာညအလွန်တဖက်
နှစ်ထောင်ဆယ့်ခြောက် မနက်ကို
ကိုခင်ဝမ်းရဲ့ ပြည်မှာဆောင်းသီချင်းနဲ့
တွန်းဖွင့်ကြည့်လိုက်မိတယ်…

ဆောင်းက အကြောင်းလွဲနေတော့
အိမ်ရှေ့လမ်းမထက်ကို
နှင်းတစက်မှရောက်မလာခဲ့ဘူး…

လူက ဌာနေနဲ့ကွဲနေတော့
ဘယ်ဘက်ရင်အုံ လမ်းဆုံကို
သီချင်းရောက်မလာခဲ့ဘူး…

ကွဲလွဲနေတဲ့
လွဲခြင်း ကွဲခြင်းတွေနဲ့အတူတူပဲ
ယာယီနေထိုင်ရာ အင်ဒီယာနာ ဆောင်းက
အမေရိကန်နှင်းနဲ့ မပေါင်းနိုင်ခဲ့သေးဘူး…

တကယ်တော့
နှင်းမရှိတဲ့ ဆောင်းဟာ
သတင်းမမိတဲ့ ရေဒီယိုတလုံးလိုပဲ
အနိုင်ရပြီး ဖလားမရသေးတဲ့ အသင်းတသင်းလိုပါပဲ…

ဒီဇင်ဘာလမ်းခွဲအလွန်မှာ
သဇင်တွေဝေတဲ့ ဆောင်းနဲ့ပေါင်းချင်တယ်….။

ဆောင်းယွန်းလ (ဇန်န၀ါရီ ၁ရက်၊ ၂၀၁၆)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts