စာစုတို

လင်းသက်ငြိမ် – မိုးကာအင်္ကျီ (အက်ဆေး)

 လင်းသက်ငြိမ် – မိုးကာအင်္ကျီ (အက်ဆေး)
(မိုးမခ) ဒီဇင်ဘာ ၂၉၊ ၂၀၁၅
ကျွန်​​တော့်​အ​ဖေမှာ မိုးကာအင်္ကျီကြီးတစ်​ထည်​ရှိတယ်​။ ထိုမိုးကာအင်္ကျီဟာ အ​ဖေတို့ရုံးက မိုးရာသီအတွက်​ထုတ်​​ပေးတဲ့ မိုးကာအင်္ကျီကြီးပဲဖြစ်​တယ်​။ကျွန် ​​တော့်​အ​ဖေက မီးရထားဝန်​ထမ်းတစ်​​ယောက်​ဖြစ်​ပါတယ်​။ သာမာန်​အောက်​​ခြေအဆင့်​ ဝန်​ထမ်း​တစ်​​ယောက်​ပါပဲ။ အ​ဖေဟာ ကျွန်​​တော်တို့မိသားစုကို အလုပ်​မျိုးစုံနဲ့ ရှာ​ဖွေ​ကျွေး​မွေးခဲ့သူလည်းဖြစ်​တယ်​။ အခု​မီးရထားဝန်​ထမ်းအလုပ်​ဟာ အ​ဖေ့ရဲ့ နောက်​ဆုံးလုပ်​ငန်းပဲဖြစ်​ပါတယ်​။ အ​ဖေ​ပြော​လေ့ရှိတဲ့စကားတစ်​ခွန်းက​တော့ ​ယောက်ျားဆိုတာ​ ဒေါင်​ကျကျ ပြား ကျကျ ​နေရမယ်​ဆိုတာပါပဲ။ အ​ဖေ့အသက်​သည်​ ငါးဆယ်​​ကျော်​ခဲ့ပြီ။ ပင်​ပန်း​တဲ့အလုပ်​​တွေကို ကျွန်​​တော်​မလုပ်​​စေချင်​​တော့ဘူး။

အ​ ဖေ့ကိုအလုပ်​မလုပ်​​စေချင်​တဲ့ ကျွန်​​တော်​ကိုယ်​တိုင်​က အခုချိန်​ထိတည်​ငြိမ်​တဲ့လုပ်​ငန်းတစ်​ခုနဲ့ မရပ်​တည်​နိုင်​​သေး ဘူး။ ကျွန်​​တော်​လည်း အ​ဖေတူသားလို့ပဲဆိုရမလားမသိပါ။ အလုပ်​အမျိုးမျိုး​ပြောင်းလဲခဲ့ရပြီး မိသားစုရဲ့ဝန်​ကို တည်​တည်​ငြိမ်​ငြိမ်​ထမ်းနိုင်​မယ့်​လုပ်​ငန်းနဲ့ အခုထိမတိုးခဲ့​သေးဘူး။ စီးပွား​ရေးအသိအမြင်​နည်းပါးခြင်းလို့​ တွေးမိတိုင်း ကိုယ့်​ကိုယ်​ကို အကြိမ်​ကြိမ်​စိတ်​ပျက်​ခဲ့ရတယ်​။ အ​ဖေနဲ့ အ​မေကို မပူမပင်​​လေးထားနိုင်​ဖို့စိတ်​ကူးဟာ ​လေကိုကြိုးနဲ့ချည်​မိတဲ့အိပ်​မက်​အဖြစ်​ပဲရှိ​နေဆဲပါပဲ။ အသက်​ကသုံးဆယ်​နားကပ်​​နေပြီ အခုထိအသိအမြင်​အ​တွေးအ​ခေါ်မရင့်​ကျက်​​သေးဘူးလို့လည်း ကိုယ့်​အ​ကြောင်းကိုယ်​​ရေးသားထားမိတယ်​။ ငွေဟာ ကျွန်​​တော့်​အတွက်​ ကျွန်​​တော်​တို့အတွက်​ တကယ်​လိုအပ်​​နေတဲ့အရာဖြစ်​တယ်​လို့ စာအိတ်​တစ်​ခုထဲထည့်​​ရေးပြီး ​ရေထဲ​မျှောချဖူးတယ်​။

မိုးကာအင်္ကျီအ​ ကြောင်းပဲ​ပြောပါ​တော့မယ်​။ မိုးကာအင်္ကျီဟာ အပြာ​ရောင်​။ ဆိုဒ်​ကလည်းအကြီးကြီးပဲ။ သူ့ပုံစံဟာ စက်​ဘီး တို့ ဆိုင်​ကယ်​တို့စီးတဲ့အချိန်​ ဝတ်​ဖို့ထုတ်​လုပ်​ထားခြင်းပဲဖြစ်​တယ်​။ လမ်း​လျှောက်​သွားရင်​ ဘယ်​လိုမှကြည့်​လို့ အဆင်​မ​ပြေ၊ ပုံစံကလည်းအ​တော်​တုံးတယ်​လို့ ကျွန်​​တော်​ထင်​တယ်​။ အ​ဖေဟာ မိုးကာအင်္ကျီကိုသတိရတိုင်း​မေးတယ်​။ အ​မေကရှိပါတယ်​ဆိုတဲ့အ​ကြောင်း မကြာခဏထုတ်​ထုတ်​ပြရတယ်​။ အ​ဖေက မိုးကာအင်္ကျီ​မေးတဲ့အခါ အ​မေ့ရဲ့ မြည်​တွန်​​​တောက်​တီးသံကို ကျွန်​​တော်​နဲ့အ​ဖေ ပြုံးပြီးကြည့်​​နေခဲ့ရတယ်​။

မိုးရာသီအစမှာ မိုးဟာ ထုံးစံအတိုင်းပဲ သူ့အ​ကြောင်း သူပြ​တာ​ပေါ့။ တဖွဲဖွဲကျလိုက်​၊ သည်းသည်းထန်​ထန်​ရွာသွန်းလိုက်​။ အ​ဖေဟာ သူ့မိုးကာကြီးကို ထုတ်​မဝတ်​ပါဘူး။ အ​မေက အ​ဖေ့ကို မိုးကာဝတ်​သွားဖို့​ပြောတိုင်း အ​ဖေဟာ မဝတ်​ဘူးလို့ငြင်း ပြီး သူ့ထီးအနက်​​ရောင်​ကြီးကိုပဲ​ ဆောင်း​ဆောင်းသွားပါတယ်​။ ဒီမှာ​ပြောဖို့ကျန်​ခဲ့တာတချက်​က အ​ဖေက အလုပ်​ကို​ခြေလျင်​ပဲ သွားတယ်​။ ကျွန်​​တော့်​ကို​တော့ ဆိုင်​ကယ်​နဲ့ပဲသွားခိုင်းပါတယ်​။ ကျွန်​​တော်​အပြင်​သွားတဲ့အချိန်​​တွေမှာ မိုးရွာ​နေတဲ့အခါ အ​ဖေက သူ့မိုးကာအင်္ကျီကြီးကိုဝတ်​သွားခိုင်းပါတယ်​။ အ​ဖေ့မိုးကာအင်္ကျီကပုံတုံးကြီး ကျွန်​​တော်​မဝတ်​ချင်​ဘူးလို့​ပြောပြီး အမြဲ ငြင်းခဲ့တယ်​။

တစ်​ မနက်​​မှာ​တော့ မိုးကသည်းသည်းမည်းမည်းကြီး  ရွာ​နေတယ်​။ကျွန်​​တော့်​အလုပ်​ချိန်​ကလည်း ​နောက်​ကျ​နေပြီ။ ထီးတစ်​ဖက်​ဆိုင်​ကယ်​တစ်​ဖက်​နဲ့လည်း အဆင်​​ပြေမှမဟုတ်​ဘူး ။အ​ဖေက သူ့ထုံးစံအတိုင်း သူ့မိုးကာအင်္ကျီကြီးကို ဝတ်​ခိုင်းပါ​တော့တယ်​။ ကျွန်​​တော်​ငြင်းတယ်​။ အ​ဖေကဝတ်​သွားဖို့ ထပ်​ထပ်​​ပြော​နေတယ်​။ အ​မေကလည်း ဝတ်​သွားဖို့ဝင်​​ပြော​တော့ ​နောက်​ဆုံး မအီမလည်​နဲ့ပဲ အ​ဖေ့ရဲ့မိုးကာအင်္ကျီကြီးကိုဝတ်​သွားမယ်​လို့​ပြော​တော့ အ​ဖေ့မျက်​နှာဝင်းခနဲဖြစ်​သွားပြီး သူကိုယ်​တိုင်​ သူ့မိုးကာအင်္ကျီကြီးကို ကျွန်​​တော့်​ကိုဝတ်​​ပေးတယ်​။ အ​ဖေ့မျက်​နှာက ထူးခြား​နေသလိုပဲ။ အ​ဖေ့မိုးကာကြီးဟာ ကျွန်​​တော့်​နဲ့အရမ်းကြီး​နေ​ပေမယ့်​ အ​ဖေက​တော့ ကျွန်​​တော်​ခြံဝဘက်​​ရောက်​တဲ့အထိကို ​ကျေ​ကျေနပ်​နပ်​ကြီး​ ငေးကြည့်​လို့။

ဆိုင်​ကယ်​စီး​နေရင်း ရင်​ထဲမှာတစ်​မျိုးကြီးပဲ။ လမ်းတလျှောက်​လုံး အ​ဖေ့ရဲ့မျက်​နှာကိုပဲမြင်​​ယောင်​​နေမိတယ်​။ အ​ဖေ့ရဲ့ပုံတုံး တုံး မိုးကာအင်္ကျီဖားရားကြီးက အလွန်​လုံခြုံပါတယ်​။ မိုး​ရေ​တွေ တစ်​စက်​မှမစိုခဲ့သလို ဖြတ်​​မောင်းသွားတဲ့ကားဘီး​တွေဆီ ကရွံ့​ရေ​တွေလည်း မစင်​​အောင်​ကာကွယ်​နိုင်​ခဲ့ပါတယ်​။ နောက်​ရက်​ ​နောက်​ရက်​​တွေမှာ​တော့ ကျွန်​​တော်​အပြင်​သွားတိုင်း ဆိုင်​ကယ်​တူး​ဘောက်​ထဲအ​ဖေ့ရဲ့အင်္ကျီကြီးကို မ​မေ့မ​လျော့အမြဲယူယူသွား​တော့ ကျွန်ေ​တာ့်ကိုကြည့်​​နေတဲ့ အ​ဖေရဲ့မျက်​နှာ​ပေါ်မှာ ကြည်​နူးမှု​လား၊ ပီတိ​တွေလား ကျွန်​​တော်​မခွဲခြားတတ်​တဲ့အပြုံး​တွေတွဲခို​နေတာ ကျွန်​​တော်​မြင်​​နေရတယ်​။

လင်းသက်​ငြိမ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts