ကဗျာ

အေအမ်တီ – ဝါး

 အေအမ်တီ – ဝါး
(မိုးမခ) ဒီဇင်ဘာ ၂၈၊ ၂၀၁၅

မသိနားမလည်မှုတွေ ပြုတ်တို့ခံလိုက်ရတာကအစ
စိမ်းသစ်ဖြောင့်စင်းခြင်းတွေလည်း
နှီးလိုအဖျာခံရ

အမြင့်ဆီလွှင့်ထူထားတဲ့
လွတ်လပ်ဆန္ဒဆိုတာ
သွားကြားထိုးတံဘူးထဲ ဇောက်ထိုးမိုးမျှော်

တဘ၀လုံးကြေမွသွားတောင်မှ
အနင်းခံရဆဲ
“တဲပွတ်” နှယ် “တိုင်းပြည်”

ဒဏ်ရာ ဒဏ်ရာချင်းထိခတ်တိုင်း
ကုလားတက်တခုလို “တောက်” ခေါက်မိတယ်

အချင်းချင်း
ထိုးသွင်း … နဖားထိုး
ဥပဒေမဲ့ ချောင်းရိုးအတိုင်း မျှောချ

ကြည့်လိုက်စမ်း … ဟိုဘက်ကမ်း
ကိုယ့်အသားညှော်နံ့နဲ့ ကိုယ်ပြန်ရှူသွင်းနေရတဲ့
မှိုင်းဝ ကျပ်စင်တွေလိုပ

ဝေဒနာတွေကိုသာ ဖောင်ဖွဲ့နေရရင်
အဲဒီဒဏ်ရာဆိုတာတွေနဲ့
တဲတလုံးအပြင် အဖီတခုထပ်ထိုးလို့ရတယ်

ဝါး ….
သူတို့ဟာ ၀ါးပေပဲ
သို့ပေမယ့် ….. မျှားဝါး …. လှံဝါး
သစ်ချောင်း …. သံချောင်းမဟုတ်ပေမယ့်
လှံရှည်တချောင်းလို ဖြောင့်မတ်စိုက်ဝင်နေကြတယ်။ ။

တဲပွတ် = ဝါးကြမ်းခင်း
Made in Nupoe Camp
By AMT

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts