ဂျုနီယာဝင်း စာစုတို

ဂျူနီးယာဝင်း – ခရစ်စမတ်သစ်ပင် ဘယ်တုန်းကစမိတ်ဆက်ခဲ့သလဲ?

 
ဂျူနီးယာဝင်း – ခရစ်စမတ်သစ်ပင် ဘယ်တုန်းကစမိတ်ဆက်ခဲ့သလဲ?
(အကယ်ဒမစ်ဝီကလီတွင် အပတ်စဉ်ရေးသားနေသော ဂျူနီယာဝင်း အမေးအဖြေစွယ်စုံကျမ်း
(မိုးမခ) ဒီဇင်ဘာ ၂၆၊ ၂၀၁၅
 
မြောက်အမေရိကတိုက်၊ ဂျာမဏီ နှင့် ဥရောပ စသဖြင့်သော တိုင်းပြည်တော်တော်များများ တို့တွင် ခရစ်စမတ်သစ်ပင်ကို ခရစ်စမတ်ရာသီအတွက် အမှတ်တရအဖြစ်သော်၎င်း၊ အမှတ်အသားအဖြစ်သော်၎င်း သတ်မှတ်ခဲ့ကြသည်။ အစိမ်းရောင်သည် ရှင်သန်ခြင်းဟု အဓိပ္ဗါယ်ဖော် ကြသည်။ ခရစ်စမတ်သစ်ပင်သည် တခြားသော အပင်များ ညှိုးနွမ်းနေစဉ်မှာ သူက စိမ်းလန်းနေသောကြောင့် ယင်းသည် နွေဦးကာလကို ကြိုဆိုသည့်သဘောဟုလဲ သတ်မှတ်သည်။ 
 
တချို့သော ဥရောပသားများသည် ခရစ်စမတ်သစ်ပင်ကို တံခါးဝမှာထားခြင်းဖြင့် ကံကောင်းသည်ဟု မှတ်ယူသည်။ ခရစ်စမတ်သစ်ပင်အဖြစ် စတင်မိတ်ဆက်လာတာ နှစ် ၅၀၀လောက်တော့ အနည်းဆုံးရှိပြီ ဖြစ်ပါသည်။ ထိုအပင်သည် ဘာသာရေးအရလည်း သက်ဆိုင်လျက်ရှိကာ ကောင်းသော နိမိတ်များကို သယ်ဆောင်လာသည်ဟု ယနေ့တိုင် ယုံကြည်နေကြဆဲ ဖြစ်လေသည်။ 

 

 
ပုံတွင် လှပစွာ တန်ဆာဆင်ထားသော ခရစ်စမတ်ပင်။ ပုံတွင် အိမ်ရှိစာအုပ်များဖြင့် ခရစ်စမတ်သစ်ပင် ပုံဖော်ထားပုံ။ သင်တို့အိမ်က စာအုပ်တွေနဲ့ ခရစ်စ်မတ်သစ်ပင်တစ်ပင် လုပ်ကြည့်ရအောင်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts