ကဗျာ

ခက်ဦး – သမီးစကား – ၂

Ni July – Illustration
 
ခက်ဦး – သမီးစကား  – 
(မိုးမခ) ဒီဇင်ဘာ၂၄၊ ၂၀၁၅
 
မောမောနဲ့

ကျောပိုးအိတ်ပိုက် ထိုင်ချ

စကား စပြောတယ်

သမီး မကတော့ဘူး မေမေ

ဆရာမကို ပြောခဲ့လိုက်ပြီ

ဘာလို့လဲ သမီး

………………………

…………………………..


သမီးတို့အဆင့်တွေ သိရပြီ

သမီး ဘယ်လောက်ရလဲ

ဆယ့်ရှစ်

သမီးက ဒါကြောင့် မကတော့တာလား

ဟုတ်….

သမီးဘာသာ သမီး ဆရာမကို သွားပြောတာပေါ့

ဟုတ်

သမီးပဲ ကချင် လှချည့်ဆို

မကတော့ဘူး မေမေ

နောက်နှစ်မှ…….

အဆင့်ကောင်းအောင်လုပ်ပြီးမှ….

ကတော့မယ်……

……………………….

……………………….

ပြောရင်းပြောရင်း

မျက်ဝန်းညိုးလေး တကျော့ပြန်စွတ်စို

အရောင်ပြန်လက်လာ

စကားနဲ့ အမူအရာ

ပြန်ပေါ့ပါးလာ

ရယ်ကာ မောကာ

ပြန်အေးချမ်းလာ

…………

……

…………

……

ကျွန်တော့်ရင်ထဲ

နွေးကနဲ

ကလေး ဆိုတာ..

တခါ တခါ……..

လူကြီးတွေရဲ့ ဆရာ   

 

 
 
၂၂ . ၁၂ . ၂၀၁၅

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts