ကဗျာ

မင်းသုဝဏ် – ဗိုလ်အောင်ကျော် နတ်သံ

 

မင်းသုဝဏ် – ဗိုလ်အောင်ကျော် နတ်သံ
(မိုးမခ ပြန်လည်ဆန်းသစ်) ရန်ကုန်တက္ကသိုလ် နှစ်ပေါင်းငါးဆယ်စာစောင် (၁၇၇-စာ)

ဒီဇင်ဘာ ၂၁၊ ၂၀၁၅

စာအုပ်ကယ်မှ ကလောင်လေ …
သိပ္ပံအပေါင်း ဝိဇ္ဇာအောင်းသည့်
ကျောင်းများ ခေါင်က
ဗိုလ်အောင်ငယ်မှ မည်တင့်
ကျော်တဆင့်နှင့်၊ မင်းမင့်နောင်ညီ။

ငါ-ဇာနည်ကို၊ လာပြီကြိုကြ။

သပြေပန်းနှင့်၊ ရေချမ်းဆောင်ကာ
အောင်စည် စလော့။

နှမငယ်ဖြူဖြူ၊
ပညာစီးပွား၊ စွမ်းအင်အားနှင့်
အင်းလျားသူတို့
ငါမူအစ၊ ရှေးဘဝက
နှမတို့နှယ်
ပျော်ပျော်ပါးပါး၊ ဟိုသည်သွားလို့
ကြွားခဲ့တယ်။  ။

နောင်ဝယ်သောအခါ
ငါ့မိငါ့ဘ၊ ကျွန်ဘဝကို
မြင်မရလျော်၊ စိတ်မပျော်၍
ရဲဘော်အများ၊ သစ္စာအားနှင့်
ကြိုးစားရာတွင်၊ ကြမ္မာငါ့ကံ။

တလူ့ဘဝ၊ ရှုမလှအောင်
ငါ့ကိုယ်ခံ၍၊ ရန်မူလက်နက်
ဆံတိုဆံတောင်း၊ ဘာမဆောင်းသည့်
ငါ့ခေါင်းထက်မှာ၊ ဆက်ကာဆက်ကာ
ဝင်းဝင်းလျှံတောက်၊ မူးမော် နောက်အောင်
ကျရောက်လာသော်၊ ငါ့မှာ မချိ
ဘုရားကယ်ပါ၊ အော်မြည်ပါလဲ
ကွာသတိနှင့်၊ င့ါမိရင်ခွင်
ဤမြေပြင်တွင်၊ ငါလျှင်လဲ၍
အောင်ပွဲခံသည်၊ နိုင်ငံသာကြောင်း
ငါဆုတောင်းမည်၊ သိန်းသောင်းသန်းကျော်
တို့ရဲဘော်တို့။  ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts