ဝေဖန်ရေးရာ

သားဝင့်ကျော် – ရှယ်ယာစုံပူပူနွေးနွေး ရမယ်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 
သားဝင့်ကျော် – ရှယ်ယာစုံပူပူနွေးနွေး ရမယ်
(မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၁၅

အကြော်ဗန်းထဲ အေးစက်စက် အကြော်သုံးလေးခုနဲ့ ပါးစပ်ကအော်သွားတယ်အကြော်စုံ ပူပူနွေးနွေးရမယ်တဲ့ ။  တစ်ရပ်ကွက်လုံး လှည့်ရောင်းတာ သူခမျာ ဝယ်သူမရှိလေတော့…..
 
Stock exchange အစုရှယ်ယာဈေးကွက်ဖွင့်ပြီတဲ့ ။ ရှယ်ယာစုံပူပူနွေးနွေးရပြီလို့ အော်ရောင်းရင် ကောင်းမလားတွေးမိတယ်။
 
Stick exchange စတော့ဈေးကွက် အစုရှယ်ယာဈေးကွက် တစ်ခု ဖြစ်တည်ဖို့ အများနှင့်သက်ဆိုင်သော ပေးရန် တာဝန်ကန့်သတ်သည့်ကုမ္ပဏီ(Public Limited Company) များ များစွာရှိရန်လိုအပ်ပါသည်။


ယင်း ကုမ္ပဏီများရှိယုံနှင့်လည်း မပြီးသေးပါ။ ယင်းကုမ္ပဏီများသည် နှစ်ပေါင်းများစွာ ခိုင်ခိုင်ခံခံ ဖြောင့်ဖြောင့်မှန်မှန် ပွင့်လင်းမြင်သာစွာ ရပ်တည်နိုင်ခဲ့သည့် အတိတ်သမိုင်းကြောင်းကောင်းရန်လည်းလိုအပ်ပါသည်။


ထို့အပြင် ယင်းကုမ္ပဏီများကို ဦးဆောင်ဦးရွက်ပြုကြသော ဒါရိုက်တာအဖွဲ့ဝင်များသည် ငွေကြေးကြွယ်ဝချမ်းသာသောသူများ တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့ကို တရားမဝင်နည်းလမ်းများဖြင့် ဆက်ဆံ၍ အရှိန်အဝါသုံးပြီး ဖြစ်လာသောဒါရိုက်တာများ မဖြစ်စေရပါ။ ကိုယ်ကျင့်သိက္ခာကောင်းမွန်သော သမိုင်းကြောင်းကောင်းသူများဖြစ်ရန်လိုပါသည်။
 
အများနှင့်သက်ဆိုင်သော ကုမ္ပဏီများတွင် ဒါရိုက်တာအဖြစ်ပါဝင်ဆောင်ရွက်သောသူတို့သည် မိမိတို့အကျိုးစီးပွားထက် အများအကျိုးကို တတ်နိုင်သမျှ ဖြည့်စွမ်းလိုသော ပုဂ္ဂိုလ်မျိုးဖြစ်ရန်လိုပါသည်။
 
ယင်းကုမ္ပဏီများသည် ပွင့်လင်းမှု့ရှိရမည့်အပြင် တိကျမှန်ကန်မှု့ ရိုးဖြောင့်မှု့ ရှိရန်လည်း လိုပါသည်။ ကုမ္ပဏီ၏လုပ်ငန်းဆောင်တာများ ကိန်းဂဏန်း စာရင်းဇယားများကို ပြဋ္ဌာန်းထားသော စာရင်းကိုင်စံ အခြေခံမူများအတိုင်း ရေးဆွဲ၍ အများပြည်သူ မည်သူမဆို အကဲဖြတ်ခြင်းခံနိုင်သော ကုမ္ပဏီများဖြစ်ရန်လိုပါသည်။

 

 
ထို့ကြောင့် အေးစက်စက် အကြော်လေး သုံးလေးခုဖြင့်

 

ရှယ်ယာစုံ  အဲလေ  အကြော်စုံ ပူပူနွေနွေးရပြီလို့” …

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts