သမဂ္ဂဂျာနယ်သတင်းထောက်ချုပ် မရွှေမှုံအား ပြစ်ဒဏ်အဖြစ် ဒဏ်ငွေတစ်သောင်းချမှတ်
ဟန်သစ်နိုင်၊ မိုးမခ၊ ဒီဇင်ဘာ ၁၈၊ ၂၀၁၅
ကမ္ဘာတဝန်းတွင် မီဒီယာသမားများအား အကြမ်းမဖက်သောနေ့ နိုဝင်ဘာလ ၂ရက်၊ ၂၀၁၄တွင် သတင်းမီဒီသမားများစုပေါင်းပြီး
ဆူးလေစေတီတော်ရင်ပြင်တွင် ဝတ်ပြုဆုတောင်းခဲ့ရာ ကျောက်တံတား ရဲစခန်းမှ ၂၀၁၅ခုနှစ်ရောက်မှ တရားစွဲခဲ့သည်။
သမဂ္ဂဂျာနယ် သတင်းထောက်ချုပ် မရွှေမှုံနှင့် သတင်းမီဒီယာသမားများစုပေါင်းပြီး ဆူးလေစေတီတွင် ဖမ်းဆီးထားသော မီဒီယာသမားများအား လွှတ်မြောက်ဖို့အတွက် ဆုတောင်းပွဲပြုလုပ်ရန် ကျောက်တံတား ရဲစခန်းတွင် ခွင့်ပြုမိန့်တင်ခဲ့ကြောင်း၊ ဆုတောင်းခဲ့သည့်အတွက် မရွှေမှုံအား ပုဒ်မ ၁၉ဖြင့် တရားစွဲခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၈ရက် ၂၀၁၅ခုနှစ်တွင် ထောင်ဒဏ် ၁၅ရက်သို့မဟုတ်
ဒဏ်ငွေ တစ်သောင်း ကို ကျောက်တံတား တရားသူကြီးမှ အမိန့်ချမှတ်ခဲ့ကြောင်း၊ မရွှေမှုံမှ ဒဏ်ငွေတစ်သောင်း ကို လက်မခံသော်လည်း သတင်းမီဒီ ယာအဖွဲ့များမှ ဒဏ်ငွေတစ်သောင်းပေးဆောင်ခဲ့သဖြင့် အမှုမှလွတ် မြောက်ပြီးစီးခဲ့သည်။

“လာမည့်အစိုးရလက်သစ်ထက်မှာ သတင်းမီဒီယာတွေ ဘယ်လောက်ထိပွင့်လင်းစွာနဲ့ လွတ်လပ်စွာ ရေးသားခွင့်ရှိမလဲဆိုတာကို ကျမတို့စောင့်ပြီးတော့ကြည့်ရတော့မယ်” ဟု သမဂ္ဂဂျာနယ် သတင်းေ်ထာက်ချုပ် မရွှေမှုံက ပြောသည်။