Han Thit Naing ဓာတ်ပုံသတင်း

ဖမ်းဆီးထိန်းသိမ်းခံကျောင်းသားများနှင့်ဝန်းရံသူများ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသခံယူ

ကိုမင်းသွေးသစ်

ဖမ်းဆီးထိန်းသိမ်းခံကျောင်းသားများနှင့်ဝန်းရံသူများ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသခံယူ

 ဟန်သစ်နိုင်၊မိုးမခ၊ ဒီဇင်ဘာ ၉ရက်၊ ၂၀၁၅

ကိုထိန်လင်းအောင်
၂၀၁၅  မတ်လ ၁၀ရက်နေ့ လက်ပံတန်းတွင် ကျောင်းသားများ ပညာရေးအတွက်တောင်း ဆိုခဲ့မှုကြောင့် သာယာဝတီထောင်တွင်
ဖမ်းဆီးထိန်းသိမ်းခံထားရသော သံလျင်ဗကသ ကျောင်း သားခေါင်းဆောင် ကို
မင်းသွေးသစ်၊ ကိုအမာနော် မြစ်ကြီးနားခရိုင် ဗကသ၊ ကိုထိန်လင်းအောင် သံလျင် NLD၊ ဦးမြကြီး တိုက်ကြီး NLD တို့သည် ဖမ်းဆီးစဉ်ကာလတွင်ရိုက်နှက်ခံထားရမှုနှင့် ထောင်အာဏာပိုင် များ၏ ညင်းပမ်းမှုများကြောင့် ဒီဇင်ဘာ ၈ရက်နေ့ညတွင် ရန်ကုန်ဆေးရုံကြီးသို့ ဆေးကုသ ရန်ရောက်ရှိလျက်ရှိသည်။

 

ကိုအမာနော်

         ဗကသကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်သည် အစာအိမ်ရောဂါဖြစ်နေပြီး ဖမ်းဆီးချိန်ကာလတွင် ရိုက်နှက်ခံထားရသောကြောင့် ခြေထောက်များတွင် အရိုးများထိနေကြောင်း၊ ကိုထိန်လင်းအောင် သံလျင်NLD သည် အစာအိမ်ရောဂါနှင့် ခေါင်းများရိုက်ထားခံရခြင်းကြောင့် အာရုံကြောအားနည်းနေကြောင်း၊ ကိုအမာနော် မြစ်ကြီးနားခရိုင် ဗကသသည် အစာငတ်ခံဆန္ဒပြမှု တွင် ထောင်အာဏာပိုင်များမှ ရေဖြတ်တောက်ထားမှုကြောင့် ကျောက်ကပ်ရောဂါနှင့်  ဆီးသွားလျှင် သွေးများပါနေမှုများရှိနေကြောင်း၊ ဦးမြကြီး တိုက်ကြီး NLDသည် ဦးခေါင်းခွံအက်နေ  သည့်အတွက် ခြေထောက်နှင့် လက်များ  ထုံနေကြောင်း၊  ၄င်းတို့ လေးဦးသည် သာယာဝတီ ခရိုင်တရားသူကြီး၏ ခွင့်ပြုချက်ဖြင့် ဆေးရုံတက်ခွင့်ရရှိခဲ့ကြောင်းများကို ကိုမင်းသွေးသစ်မှ ပြောပြသည်။

ဦးမြကြီး

          ကျောင်းသားများဆန္ဒပြရာတွင် ရဲများတားဆီးနှိမ်နှင်းခြင်းနှင့်ပတ်သက်၍ ကိုမင်းသွေးသစ် မှ ပြောပြရာ အီးယူနည်းနဲ့ တခြားနိုင်ငံဖြစ်သော ဂရိနိုင်ငံတွင်ရဲများနှိပ်နှင်းရာ ကျောင်းသားများက ရဲများကိုကျောက်စရစ်ခဲ နှင့်ပစ်ခတ်ခြင်း၊ ဆိုင်းဘုတ်များရိုက်ချိုးခြင်းများ၊ ဓာတ်ဆီဗုံးဖြင့်မီးရှို့ခြင်း များပြုလုပ်သော်လည်း ရဲများက လိုအပ်မှ သေနတ်များမိုးပေါ်ထောင်ဖောက်ခြင်း၊ ဆန္ဒပြကျောင်းသားများ ထက် ရဲများက အင်အားနည်း နည်းဖြင့် တားဆီးခြင်းများရှိကြောင်း၊ မြန်မာနိုင်ငံတွင် အီးယူနည်းဖြင့် ရဲများက ကျောင်းသားများကို နှိမ်နှင်းရာတွင် ကျောင်းသားနှင့် ဝန်းရံပြည်သူ
နှစ်ရာလောက်မှာ ရဲများက အဆ ၂၀ရှိနေကြောင်းများပြောပြသည်။

          ဆက်လက်ပြီး “သူတို့ဆီမှာက ဆန္ဒပြရင် ဥရောပနည်းအတိုင်း နှိမ်နှင်းတယ်၊ ကျနော်တို့ဆီမှာက သူတို့ရဲ့ရဲတပ်ရင်းနှစ်ဆသုံးဆဖြစ်နေတယ်၊ ကျနော်တို့ဆီမှာက ကျောင်းသားနှင့်ဝန်းရံပြည်သူ နှစ်ရာလောက်ရှိတယ်၊ ဖြိုခွဲတဲ့တပ်ရင်းက ရဲတပ်ရင်းက ၃ရင်း၊ ရဲတပ်ရင်းတစ်ရင်းမှာ ၇၀၀ရှိတယ်၊ ဒီ ၂၁၀၀ကျော်ရဲတွေက ကျနော်တို့ကို ဝင်ရိုက်တယ်၊ အင်အားက အဆ ၂၀လောက်ကွာတယ် ပြန်ကြားရေး ဝန်ကြီးပြောသလို  ဥရောပသမဂ္ဂ နည်းဟာ ဘယ်လိုမှမဟုတ်ပါ ကျနော်တို့မြန်မာနိုင်ငံက သုံးနေတဲ့ပုံစံအ တိုင်းတာဖြစ်တယ်” ဟုပြောသည်။
          ယခင်အစိုးရလက်ထက်တွင် ပညာရေးနှင့်ပတ်သက်၍ ပြုပြင်ရန်အချက် (၁၁)ချက်တောင်း ဆို ဆွေးနွေးခဲ့သော်လည်း  အစိုးရမှ ပညာရေး၏တွေ့ဆုံဆွေးနွေးရေးရဲ့သဘော သဘာဝတွေကိုနားမလည် ခဲ့ကြောင်း၊ ယခုတက်မည့်အစိုးရသည် ပညာရေး၏သဘောသဘာဝတွေကို နားလည်ပေးနိုင်မည် ထင်ကြောင်း ကိုမင်းသွေးသစ်မှပြောပြခဲ့သည်။
         

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts