Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – မန္တလေး – ပုဂံ ဧရာဝတီ မြစ်ရိုးတလျှောက် ပြေးဆွဲမည့် The Strand Cruise

ရန်နောင် (ဗိုလ်တထောင်) – မန္တလေး – ပုဂံ ဧရာဝတီ မြစ်ရိုးတလျှောက် ပြေးဆွဲမည့် The Strand Cruise
(မိုးမခ) ဒီဇင်ဘာ ၈၊ ၂၀၁၅

ရန်ကုန်မြို့၏ နောက်ဆုံးပေါ် ဇိမ်ခံသင်္ဘောဖြစ်သည့် The Strand Cruise ကို  ဒီဇင်ဘာလ ၃ ရက်နေ့ ညနေခင်းတွင် တရားဝင်ဖွင့်လှစ်ခဲ့သည်။ ဒဏ္ဍာရီဆန်သော ဒီဇိုင်းပုံစံနှင့် The Strand Hotel ၏ ထူးခြားသည့် ပင်ကိုယ်ဒီဇိုင်းတို့ကို ပြန် လည်ပေါင်းစပ်တီထွင်ထားသော ဤသင်္ဘောသည်  The Strand ၏ ရွှေရောင်လွှမ်းသောခေတ်တခုကို  နှိုးထပေးမည့် ခေတ်နှင့်တပြေးညီ အတွေ့အကြုံကိုပေးစွမ်းနိုင်သော ဧရာဝတီမြစ်ကြောင်း ခရီးစဉ်တခု ဖြစ်လာမည်ဖြစ်သည်။

The Strand မှ အကြီးတန်းကိုယ်စားလှယ်များမှ သင်္ဘောသစ်ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောကြားခဲ့သည်။

‘The Strand  ရဲ့ သမိုင်းကြောင်းမှာ အားလုံးနဲ့အတူ အခုလို ဆုံစည်းပြီး စာမျက်နှာသစ်တခုကို ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် အမှန်တကယ်ကို ဝမ်းသာပျော်ရွှင်မိပါတယ် ´ ဟု Vice President of The Strand Hotel & Strand Cruise ဖြစ်သူ Olivier Trinquand  မှ ပြောကြားခဲ့သည်။ “လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုလောက်  The Strand Hotel ကိုစီမံခန့်ခွဲပြီးတဲ့နောက် ဧရာဝတီရေကြောင်းမှာ ဇိမ်နဲ့ ခရီးသွားပြီး မြန်မာနိုင်ငံရဲ့ ရှေးဟောင်းအထိမ်းအမှတ်တွေကို သွားရောက်လေ့လာလိုသူတွေ များပြားလာတာကိုတွေ့ရပါတယ်။ ဒီလိုများပြားလာတဲ့အတွက် မြန်မာနိုင်ငံမှာ ထူးခြားပြီး ခမ်းခမ်းနားနားနဲ့ အားလပ်ရက် ခရီးထွက်ချင်သူတွေကို ဖြည့်ဆည်းပေးမယ့် နည်လမ်းသစ်တခုအဖြစ် သက်တောင့်သက်သာရှိမှုနဲ့ ဇိမ်ခံမှု အပြည့်ရှိတဲ့ ဝန်ဆောင်မှုကို ပေါင်းစပ်စီစဉ်လိုက်တာ ဖြစ်ပါတယ်။ ´´

The Strand Cruise သည် ဧရာဝတီမြစ်ကြောင်းတလျှောက်တွင် ခရီးသည် ၅၄ ယောက်ကို အခန်း ၂၇ ခန်းဖြင့် ပို့ဆောင် သွားမည်ဖြစ်သည်။ ကနဦးပိုင်းတွင် ပထမဦးဆုံးခရီးစဉ်များအဖြစ် ခရီးစဉ် ၂ ခုကို ခရစ်စမတ်နှင့် ၂၀၁၅ နှစ်သစ်ကူး ကာလများတွင် ပြေးဆွဲသွားမည်ဖြစ်သည်။ ထို့နောက် ပုံမှန်ခရီးစဉ်ဖြစ်သည့် ၄ ညအိပ် ခရီးစဉ်များကို ပုဂံနှင့်မန္တလေးကြား ပြေးဆွဲသွားမည်ဖြစ်သည်။

ခရီးသည်များအနေနှင့် စထရင်း၏ အစဉ်အလာအတိုင်း ပထမတန်းဝန်ဆောင်မှုများဖြစ်သည့် အပြစ်အနာအဆာမရှိသော ဝန်ဆောင်မှု၊သာလွန်ကောင်းမွန်သော စားသောက်ဖွယ်ရာများကို ခံစားရရှိမည့်အပြင် ခရီးသွားများ အစဉ်ဆုံစည်းရာ စထရင်း၏ အထင်ကရ နေရာလေးတခုဖြစ်လာသည်အထိ အကောင်းဆုံးဝန်ဆောင်မှုများကို ရရှိသွားမည်ဖြစ်သည်။

ဖွင့်လှစ်ပွဲတွင် အမှုဆောင်အရာရှိချုပ်များ၊ သံအမတ်များပါဝင်သည့် ဧည့်သည်တော် ၁၅၀ ခန့် တက်ရောက်ခဲ့ပြီး ပွဲကို သင်္ဘော၏ အဓိကနေရာဖြစ်သော အပေါ်ဆုံးထပ်ရှိ လသာဆောင်တွင် ကျင်းပခဲ့သည်။ ဖျော်ဖြေတင်ဆက်မှုအနေဖြင့် ဒေါ် အေမီဖိုးစိန်အဖွဲ့မှ မြန်မာမှု မြန်မာဟန် ပုဂံအကဖြင့် တင်ဆက်ခဲ့ပြီး အထူးအစီအစဉ်အနေနှင့် ခေတ်သစ် မြန်မာပေါ့ (ပ်) အဆိုတော် ဖြူဖြူကျော်သိန်းမှ ဖျော်ဖြေတင်ဆက်ခဲ့သည်။

သင်္ဘောဒီဇိုင်းအားလုံးနှင့် ဝန်ထမ်းများကို ကြီးကြပ်ရသည့်  The Strand Hotel and Cruise ၏ အထွေထွေမန်နေဂျာဖြစ်သော Jerome Seban မှ  `The Strand Cruise က တကယ်ကို စစ်မှန်တဲ့ဇိမ်ခံခရီးစဉ်ဖြစ်ပြီး မြစ်ကြောင်းတလျှောက် အထင် ကရနေရာတွေနဲ့ နီးစပ်တဲ့ သီးသန့် ရပ်နားရာ နေရာတွေလည်း ရှိပါတယ်။ ပုဂံ၊ မန္တလေး ခရီးစဉ်အနေနဲ့ အင်းဝမှာ တညအိပ် ရပ်နားမယ့် အစီအစဉ်ပါဝင်ပြီး ခရီးသည်တွေ သွားရောက်လည်ပတ်နိုင်ဖို့အတွက် အလွန်လှပတဲ့ မဟာအောင်မြေဘုံစံ အလည်အပတ်ကိုလည်း သီးခြားစီစဉ်ထားပါတယ်။ ကျနော်တို့ရဲ့ ဧည့်သည်တွေအနေနဲ့ အလွန်ကောင်းမွန်ခမ်းနားတဲ့ ခရီး စဉ်နဲ့ အတွေ့အကြုံကို ပေးစွမ်းနိုင်မယ်လို့ ယုံကြည်ထားပြီး အခြားခရီးစဉ်တွေနဲ့ယှဉ်ကြည့်ရင် သာလွန်ထူးခြားနေမှာ ဖြစ်ပါ တယ် ´´ ဟု ပြောကြားခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts