ရသဆောင်းပါးစုံ

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – ကျေးဇူးရှင် ဆေးရိုး သယ်ကြီး

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – ကျေးဇူးရှင် ဆေးရိုး သယ်ကြီး
(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၅

ရှေးရှေးက စကားဆိုရိုးတခုကို  သတိရမိပါရဲ့။ “ထိုင်နေအကောင်းသား ထသွားမှ ကျိုးမှန်းသိ” ဆိုတာနဲ့ ပြောင်းပြန် ဒီကနေ့ မြန်မာပြည်သူအဖို့ အောင်ပန်းလှမ်းဆွတ်နိုင်လို့ အမောပြေထိုင်နေတုန်း၊ အနာဂတ်ပဉ္စမမြန်မာနိုင်ငံတော်သစ်အတွက်    စိတ်ကူးနဲ့မျှော်နေတုန်း၊    တပင်တပန်း ခဲရာခက်ဆစ်နဲ့ စိုက်ပျိုး၊ ပျိုးထောင်ပေးရမဲ့ပဒေသာပင်ကြီးအတွက်    ပြင်ဆင်နေတုန်း၊  မဖိတ်မခေါ်၊ မတောင်းတ မတမ်းတဘဲရောက်ရောက်လာတဲ့ ပေါ်ပေါ်လာတဲ့ကျေးဇူးရှင်တွေက တယောက်ပြီးတယောက် မိုးဦးကျ မှိုပွင့်အလား၊  “ဗူးသီးမှ အရီးတော်ချင်” ဆိုသလို စားနေကြကြောင်ပါးက ကျေးဇူးရှင်ကြီးသဖွယ် ခန့်ခန့်ညားညား နေရာဝင်ယူလာတာကိုက လက်သင့်ခံစရာမရှိ၊၊

နှစ်ပေါင်းများစွာ အစဉ်အဆက် ပြည်သူတွေရဲ့ အသက်သွေးချွေးပေါင်းများစွာ ပေးဆပ်စွန့်လွှတ်ခဲ့၊ ဘ၀ပေါင်းများစွာ ပျက်စီး ခဲ့၊ ဖျက်ခံခဲ့၊ ရေစုံမျှောခဲ့ရတဲ့ အကြောင်းတရားအပေါ် ထောင်သောင်းများစွာသော လူတန်းစားအလွှာအသီးအသီးက ပြည် သူတွေရဲ့ နာကျည်းတောက်ခေါက်သံ၊ ၀မ်းနည်းငိုရှိုက်သံ၊ စိုးတထိတ်ထိတ် တုန်လှုပ်ခြောက်ခြားခြင်းတို့အပေါ် အခြေတည်  အခြေခံပြီး အလံမလှဲစတမ်း၊ မလျှော့စတမ်း၊ မဆုတ်မနစ် တွန်းလှန်ခဲ့လို့သာ ရောင်ခြည်တွေပေါ်လာတော့မယ့် အခိုက်အ တန့်၊ အကောင်အထည်ပေါ်လာတော့မယ့် ဒီမိုကရေစီအပြောင်းအလဲကြီးက ကမ္ဘာ့သမိုင်းစာမျက်နှာအလယ် မြန်မာ့သမိုင်း စာမျက်နှာထဲ ရောက်ခါနီးဆဲဆဲ၊ ပေါ်ပေါက်လာတဲ့ကျေးဇူးရှင်တွေက မေခလာနတ်သမီလည်းမဟုတ်၊ ၀ တလုံးပိုင်ရှင် တန်ခိုးရှင်လည်းမဟုတ်၊ ထုတ်သုံးမယ့်လက်သည်းကို အသာဝှက်ထားတဲ့ သူတော်ကောင်း အယောင်ဆောင် ကြောင်သူ တော်တွေပါ။

ဆိုခဲ့ ဆိုမြဲ ဆိုစကားအတိုင်း အတိတ်ကို သင်ခန်းစာအဖြစ် အသုံးချရမယ်ဆိုရင် ရှည်ရှည်ဝေးဝေး၊ တပင်တပန်း ဇာတ်ကြောင်း ပြန်စရာမလို၊ အနီးဆုံးနှစ်အပိုင်းအခြားကို လှမ်းမျှော်လိုက်ရင်ဖြင့် အဖြစ်အပျက်တွေက ရှင်းရှင်းလင်းလင်း၊ ခြေလှမ်းတွေက သဲသဲကွဲကွဲ၊ မြင်ကွင်းပြတ်ပြတ်သားစား၊ အစပထမ အာဏာပါဝါ၊ လက်နက်အားကိုးနဲပ ဖိနှိပ်ကြည့်တယ်။
ဒုတိယအလယ်ပိုင်းမှာတော့ အယောင်ဆောင်ဟန်ပြ အလျှော့ပေးတယ်။ တတိယအဆုံးမှာတော့ ချော့မြှူ ဖျားယောင်းမယ်။ အဲဒီဆေးစပ်နည်းနာတွေနဲ့ ဒေါင်ဒေါင်မည်တဲ့ အမာခံတွေ၊ သံမဏိအသည်းပိုင်ရှင်တွေ အရည်ပျော်သွားတခဲ့တဲ့ ဥပမာတွေ က ဒုနဲ့ဒေး။ လူထုခေါင်းဆောင်ကြီးရဲ့အနောက် ပြည်သူတရပ်လုံး တစုတဝေးထဲ ရပ်တည်ခဲ့တဲ့အဖြေ၊ ဆန်းစစ်သုံးသပ်စရာ မလိုအောင် ခိုင်မာထင်ရှားနေပြီဆိုတော့ အမာကို အမာချင်း မတိုက်တော့။ အပျော့နည်းနဲ့ ဖျားယောင်းရင်း ခွဲမယ်။ သပ်လျှိုမယ်။ သူ့လူ ကိုယ့်ဘက်သား ရောထွေးအောင်လုပ်မယ်။ ပြည်သူနဲ့ တိုင်းရင်းသားတွေအကြားေ၀၀ါးစေမယ်။ အဆုံးမှတော့ ရွှေအိုးကို လက်ညှိုးထိုး ထမ်းခိုင်းရုံ။

ဒီကနေ့မြန်မာ့ဒီမိုကရေစီအခင်းအကျင်းက သီးသီးသန့်သန့် တစုတပေါင်းတည်း။ အရောင်အသွေး အတူတူ တရောင်တည်း။ အားလုံးကို တစ်ကနေပြန်စကြမယ်ဆိုတဲ့ ကြွေးကြော်သံက တခုတည်း တသံတည်း။ ကမ္ဘာသိ မြန်မာသိအောင် ကြေညာထားတဲ့ အမှန်တကယ်ပြောင်းလဲဖို့အတွက် လူထုခေါင်းဆောင်၊ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦး ဆောင်မှုအောက် ပြည်သူအပေါင်းက အောက်ခြေကအစ အပေါ်အဆုံးအထိ ပြောင်းလဲမယ့်ဆဲဆဲ ဆေးရိုးသယ်က ကန့်လန့် ကန့်လန့်ပုံစံမျိုးနဲ့ နှမ်းဖြူးသယောင်ယောင်၊ အနောက်ကနေ ခြေလှမ်းချိတ်မှာလား ? … စိတ်ချ သွေးအေးချိန်ရောက်မှ နောက်ကျော ဓားထိုးမှာလား …? .. ကမ္ဘာ့သမိုင်းထဲက  … သြော် မင်းလည်းပါသကိုး … ဆိုတဲ့စကားတခွန်းကို မမေ့စေချင်သ လို၊ သတိရရှိစေချင်သလို နောင်လာမယ့် မြန်မာ့သမိုင်းမှာလည်း  … သြော် … ဒီလိုပါလား …. ဆိုတဲ့စကားကို မဖတ်ရ မမြင်ရစေချင်။ သမိုင်းက ထပ်တူထပ်မျှ မဟုတ်ပေမယ့် ဆင်တူရိုးမှားပါလေ ….။

မောင်မောင်လတ် (ရွှေအင်းလေးစာပေ)

photo source : cnn


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts