Photo – Aung Htet |
ဟေမန်သဇင် – ခရီးသွားခြင်း
(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၅
ခရီးသွား တယ်ဆိုတဲ့ နေရာမှာ အမျိုး မျိုး ရှိတယ်။ အလုပ်ကိစ္စ စီးပွားရေး ကိစ္စ ပညာရေး ကိစ္စ စတဲ့ ကိစ္စ ၀ိစ္စ တွေ ကြောင့် သွားရတဲ့ ခရီး တွေ အပြင် အပျော် ခရီး အပန်းဖြေ ခရီးဆို တာတွေ လဲ ရှိသေးတာပဲ။
ဟိုးငယ်ငယ်တုန်း ကတော့ ခရီးသွားဖို့ ဆိုတာ အင်မတန် မလွယ်တဲ့ ကိစ္စ တခုလိုပဲ။ လမ်းပန်း ဆက်သွယ်ရေး မကောင်းတဲ့  အပြင် သွားဖို့ လာဖို့  ယာဉ်ရထား တွေ ကလည်း မလွယ်ကူ တော့ အလုပ်ကိစ္စ မဖြစ်မနေကိစ္စ က လွဲ လို့ ခရီး သိပ် မသွားကြဖူး။
နှစ်အတော် လောက်ကြာမှ အထက်မြန်မာပြည် ဘုရားဖူး ဆိုပြီး မိသားစု တွေ မိတ်ဆွေတွေ စု ကားငှား ပြီး တပတ်တန်သည် နှစ်ပတ်တန်သည် သွားခဲ့ ကြတယ်။ မိသားစု တွေ မိတ်ဆွေတွေ စု ပြီး သွားကြတာဆိုတော့ တည်းခိုခန်းတွေ ဘာတွေ ငှား ငှက် မနေ တော့ ပဲ အဆင်ပြေ တဲ့ ဘုန်းတော်ကြီး ကျောင်း တွေ မှာတည်းခို ကြတယ်။ ပါလာတဲ့  အခြောက်အခြမ်း အကြော်တွေ နဲ့  အဆင်ပြေ သလို စားကြ သလို တခါတလေ အဆင်သင့် လို့ အစိမ်းအစို လေး တွေ ၀ယ်လို့ ခြမ်း လို့ ရတဲ့ အခါမျိုး တွေမှာ တေါ့ သင့် သလို ချက်ပြုတ် စားနိုင်တဲ့ အခါတွေ လည်း ရှိတယ်။
အဲ ဒီလို ကိုယ့်တိုင်းကိုယ့် ပြည် မှာ ကိုယ့် မိသားစု ဆွေမျိုးမိတ်ဆွေ တွေ နဲ့ လည်ပတ် တဲ့ အခါတိုင်း ကျောပိုးအိတ် အကြီးကြီးတွေ လွယ်ပြီး ဆွေမပါ မျိုးမပါ ကိုယ့် တိုင်း ကိုယ်ြ့ပည် မဟုတ်ပေမဲ့ တကိုယ်တည်း ပေါ့ ပေါ့ ပါးပါး သွားလာ လည်ပတ်နေ တဲ့ တိုးရစ် လို့ ခေါ် တဲ့  နိုင်ငံခြားသား ဧည့်သည် တွေ ကို တွေ့ တိုင်း အတွေး တချို့  ၀င်ဝင်လာတတ်တယ်။သူတို့ တွေ ဟာ အင်မတန် ကို ၀န်ပေါ့ လွန်းတာပဲဆိုတဲ့ အတွေးပဲ။
သူတို့ တွေ ၀န်ပေါ့ ပြီး ကမ္ဘာ အနှံ့  ခြေဖြန့် နိုင်နေ ချိန် မှာ ကိုယ်တွေ ကတော့  ကိုယ့် မြေ ကိုယ့် ပြည် အတွင်းမှာ တောင် ၀န်ထုပ်ဝန်ပိုးတွေ ထမ်း ပြီး အပန်း ဖြေ ခရီး ဆို တာ ထွက်ရတယ်။ ဒါ့ အပြင် မြတ်စွာဘုရား က သူ့  ရဲ့  သံ ဃာတော်တွေ များကို ၀န်ကျဉ်းကျဉ်း နဲ့  သာသနာ့  ၀န် ထမ်းနိုင်စေ ဖို့ အတွက် ငှက် တွေဟာအတောင်ပံ ကို သာ အခြေပြု ပျံ သန်း တာ ကို ပမာပြု ပြီး ဆုံးမ တော် မူတဲ့  အေ ကြာင်း တရားတပုဒ်မှာ နားကြားရပြန် တယ် ။ ဒါ ကြောင့်  မို့  လို့ ထင်ရဲ့ .. ကိုယ့် ဖာသာ သွားရ လာရ ပြီ ဆို ရင် တော့ ချုံ့  လို့  ရ မဲ့ ၀န် ကို တတ်နိုင် သလောက် ချု့ံ ဖို့  ကြိုးစား မိတော့တာပဲ..
ခရီးသွား တယ်ဆို တဲ့ အခါမှာ လည်း ကားနဲ့ သွားရတာ ရှိသလို ရထားနဲ့ လည်း သွားရတာရှိတယ်။ တခါ တလေ မှာ တော့ သင်္ဘော နဲ့ လည်း သွားရ ပြန်တယ်။ အရမ်းဝေးပြီး ခရီးလည်းတွင် ချင် ရင်တော့  လေယာဉ် စီး ရပြန်တာပေါ့။
ကား နဲ့ သွားခဲ့ တဲ့ ခရီးတွေ ထဲမှာ တော့ ဟိုးငယ်ငယ် က သွားခဲ့ တဲ့  ခရီး ကို သတိရမိတယ်။ ငယ်ငယ် က ရန်ကုန် အနီးတ၀ိုက် ပဲခူး တို့  ပြည် တို့  ကို ကား နဲ့ မကြာမကြာ သွားရဖူးတယ်။ မနက် စော စော ကားရှင်း နေတဲ့  ကတ္တရာ လမ်း မှာ ဖြတ်ခနဲ ရိပ်ခနဲ ကျန် ခဲ့တဲ့ သစ်ပင် တွေ ချုံ ပုတ်တွေ ကို ကား ထဲ ကနေ ငေးပြီး လိုက်ရ တဲ့ အရသာ ကို တွေးမိတိုင်း သတိရမိတယ်။ တခါတခါ ကားအရှိန် နဲ့ ခပ်မြင့်မြင့် ကုန်း ကလေးတွေ ကို ဖြတ်တိုင်း ရင်ထဲ လှပ် ခနဲ လှပ်ခနဲ ကျန်ခဲ့ တဲ့  ခံစားချက် ကို လည်းသတိရမိတယ်။ အဲ လို အချိန် မျိုးဆို အသည်းအေး လွန်း လို့  ဟေး ကနဲ သံပြိုင် အော် ကြတာ ဟာ ကလေးဘ၀ အတွက် ဘာနဲ့  မှ လဲမရ နိုင် တဲ့  အရသာ ပေါ့။
ဟိုနားဒီနား ကားနဲ့ သာ ခရီးသွားဖူး ပေမဲ့  သဘောင်္ နဲ့ တော့  မသွားဖူး တာ အတော် ကြီး တဲ့ အထိပဲ။ တက္ကသိုလ် စတက် လို့  ကျောင်းစာမေးပွဲ အပြီး မှာ မြောင်းမြ နေ တဲ့ သူငယ် ချင်းကောင်းမှု့ နဲ့  ကျောင်းပိတ်ရက် အလည် ခရီး ကို သဘောင်္နဲ့  သွားဖူးလိုက်တယ်။ ဆိပ်ကမ်းမှာ ဆိုက် ထား တဲ့  သဘောင်္ ပေါ် တက် လိုက်တာနဲ့ တင် ကိုယ့်အတွက် အတော့ ကို အံ့သြသွားတာ ကို အခု ထိ မှတ်မိနေ တုန်းပဲ။ စီးနေတဲ့  ရေပြင် ပေါ် မှာ ရပ်ထား ရ လို့  လှုပ်ရမ်းနေတာ ကို အထူးအဆန်း ဖြစ်ပြီး အံ့ သြ နေလိုက်တာ ဟာ သဘောင်္ တကယ် ထွက် သွား တာ ကို တောင် သတိမမူ လိုက်မိတဲ့ အထိပဲ.. နောက် မှ ကမ်းနဲ့  တဖြည်းဖြည်း ဝေးဝေး သွားမှပဲ သဘောင်္ထွက်သွား တာ ကို သတိပြုမိတော့တယ်။ ကမ်းစပ် မှာ ရှိတဲ့ သက်ရှိ သက်မဲ့ ပစ္စည်း တွေ ဟာ တလှုပ် လှုပ် နဲ့ တဖြည်းဖြည်း ဝေးဝေး ပြီး ကျန် ရစ်ခဲ့ တာ ကိုကြည့်ပြီး ခပ်ဆွေးဆွေး လေး ခံစားရသလို ပါပဲ။ သဘောင်္ အတက်အဆင်း ကို ယိုင်ထိုးယိုင်ထိုး နဲ့ တက်ရ ဆင်းရ တဲ့ အရသာ ဟာ သဘောင်္စီး မှ ပဲ ရ နိုင်တဲ့ အရသာ တခုပါပဲ။
ရထားနဲ့  ခရီးဝေးဝေး သွားဖူး တာ ပြန်တွေး မိတော့ တက္ကသိုလ် ရဲ့  ဆရာမ ဘ၀ကိုလည်း ပြန် အမှတ် ရ မိစေတယ်။ ၉၇၊ ၉ ၈ တုန်း က ကျောင်းသားတွေ နွေကျောင်းပိတ်ရက်မှာ စက်ရုံတွေမှာ လက်တွေ့  ၁လ ဆင်း ကြရတယ်။ နောက်ဆုံးနှစ်ကျောင်းသား တွေ အတွက် ရန်ကုန်နဲ့  နဲနဲ လှမ်းတဲ့ ပျဉ်းမနား သကြားစက် ရေတာရှည် သကြားစက် ရေနီ စက္ကူ စက် တွေ ဆီ မှာ လေ့လာဖို့  သက်ဆိုင်တဲ့ ဆရာ ဆရာမ တွေ က လိုက်ပို့  ပေးပြီး စက်ရုံ က တာဝန်ရှိတဲ့ သူတွေ ဆီ လိုက်အပ်ပေးကြရတယ်။ အဲဒီတုန်းက ပျဉ်းမနားသကြားစက် အတွက် တာဝန် ယူရတော့ ရန်ကုန်ဘူတာကြီး က နေ ပျဉ်းမနား ကို ရထားစီး ရတာပေါ့။ ရန်ကုန်ဘူတာကြီး ရဲ့  အဆောက်အဦး ဟာ ခန့်ခန့် ထည်ထည် နဲ့ နာမည်ကျော် သလို.. တချိန်က ဒေါ်အောင်ဆန်းစုကြည် ရဲ့  မန္တလေး ခရီးစဉ် အထမမြောက်ဖို့  သူမ ပါတဲ့ ရထားတွဲ ဖြုတ်ချ ထားခဲ့ လို့  ကမ္ဘာကျော်ခဲ့ တဲ့ ဘူတာကြီး လည်းဖြစ်တယ်။
ရထား စထွက်တာ နဲ့  ပြူတင်းပေါက် က နေ မြင်ရတဲ့ မြင်းကွင်း တွေဟာ ကားတွေ သင်္ဘောတွေ ကနေ မြင် ရတဲ့  မြင်ကွင်း နဲ့ မတူပြန်ဘူး။ အရှိန်က မနှေး မမြန် ဆိုတော့ မြင်ရသမျှ ပြတ်ပြတ်သားသား မြင်ရပြီး မြင်ကွင်းကျယ် ရုပ်ရှင် ကြည့်ရသလိုပါပဲ။ ရန်ကုန်နယ်နမိတ် မကျော် ခင်မှာတင် လုမှု့  ရှု့ ခင်း မျိုးစုံ ကို တွေ့ နိုင်တယ်။ ကဇွန်း ခင်း တွေ တွေ့ နိုင်သလို လက်ဝှေ့ ယမ်း နှုတ်ဆက်နေတဲ့ ကလေးတွေ လယ်ကွင်း ကျယ်တွေ..ကိုလည်း မျက်စိတဆုံး တွေ့ နိုင်တယ်။ တချို့  ဘူတာတွေမှာ ခပ်ကြာကြာရပ်တော့ ဈေး ရောင်းတဲ့ သူတွေ ရဲ့ ဘ၀ တွေ.. အတက်အဆင်း ခရီးသည်တွေ စတဲ့ သက်ရှိ ရှု့ ခင်းတွေ ကို ပါ ငေးမောခွင့် ရစေပါတယ်။ ပျဉ်းမနား ကနေ ရန်ကုန်ပြန်တော့ ကြားဘူတာ ဖြစ်လို့  ခန ပဲ ရပ်ပေးတယ်။ အတက် အဆင်း လုပ် တဲ့ ခရီးသည်တွေ အလုအယက် တက်ကြဆင်းကြ ရတယ်။ အဲဒီတုန်း က ရထားပေါ် မရောက် ပဲ ကျန် ခဲ့ မှာ ကို စိုးရိမ်ခဲ့ တာ တောင် မှတ်မိသေးတယ်။ ရထား စီးပြီး ခရီးသွား ရတာ ဟာ သက်ရှိ သက်မဲ့ မျိုးစုံ ကို စုတ်ချက် ကြမ်းကြမ်း ချယ်ထားတဲ့ ပန်းချီ ကားချပ်ကြီး ထဲမှာ တမေ့တမော တစိမ့်စိမ့် ကြည့်နေ ရ တဲ့ ခံစားမှု့ ကို ရစေပါတယ် ။
လေယဉ်ပျံ နဲ့ ပထမ ဆုံး ခရီး သွား ခဲ့ တာ ကတော့  ဟဲဟိုး မြို့ ဆီ ကို ပေါ့။ တောင်ကြီး ဟဲဟိုး ကလော ပင်းတယ ခရီးစဉ် အတွက် ဟဲဟိုး ကနေ စခဲ့ တဲ့ ခရီးစဉ်လေး တခု သွားရတုန်း ကပေါ့။ ဟိုးငယ်ငယ်တုန်း ပြည်တွင်း ခရီးစဉ် အတွက် ပို့ တဲ့  ကြိုတဲ့ သူတွေ ဟာ လေဆိပ်အတွင်း ထဲ ထိ ၀င်ခွင့် မရဘူး။ ဟိုးအပြင်က နေ ပဲ ကြိုရ ပို့ ရတယ်။ ပြည်ပ ခရီးသွား သူ တွေ အတွက် ကြို ချင် ပို့ ချင် သူတွေ ဟာ တရက် လောက် စော ပြီး ခွင့် ပြု ချက် တောင်း ယူရတယ်။ ဒါကြောင့် ကိုယ်တိုင် ခရီးသည် အနေနဲ့  လေဆိပ်ဆင်း ရတော့ မယ်ဆို တော့ လေယဉ်စီး ဖို့ အတွက် စိတ်လှုပ်ရှား ရသလို ၀င်ခွင့် မလွယ်တဲ့ လေဆိပ်ထဲ တရားဝင် ၀င်ရတော့ မဲ့အတွက် ပိုပြီး စိတ်လှုပ်ရှား စေမိတယ်။ ခရီးတို သွား ရ တဲ့  လေယဉ်ခရီးစဉ် ဟာ ဟိုငေးဒီငေး နဲ့  မသိသာလိုက်ပေမဲ့  မိုင်သောင်းချီ ခရီး အတွက် စီးရတဲ့  အချိန်မှာ တော့ စိတ်လှုပ်ရှားရတာထက် သက်တောင့် သက်သာ ဖြစ်စေဖို့  ပို ပြီး အာရုံစိုက်မိတယ်။ တခါတလေ မုန်တိုင်း နဲ့  ကြုံ လို့  လေယဉ် တစီးလုံး လှုပ်ခတ်နေ ချိန် ဆို တော့  အသည်းတထိတ်ထိတ် နဲ့  ။ လေယာဉ်ဘီး နဲ့  မြေပြင်ထိ မှ ပဲ စိတ်လွတ် လက်လွတ် ဟင်းချ နိုင်တော့ တယ်။
သွားရတဲ့ ခရီး အမျိုး မျိုး ရှိသလို ခရီးပေါက်ဖို့ သုံးရတဲ့ ယာဉ်တွေလည်း အမျိုးမျိုးပါပဲ..
တကယ်တော့ ကိုယ်တို့ တွေဟာ တသံသရာလုံး ခရီးသွားနေတဲ့ သံသရာခရီးသည် တွေပါပဲ။ သံသရာ ခရီး ကို ဘယ်လို ဆက်ပြီးသွားကြမလဲ ဆိုတာဟာလည်း ကိုယ်တွေ အတွက် မဖြစ်မနေ ပြင်ဆင် ထားရ မဲ့  ခရီးစဉ်တခု လည်း ဖြစ်တယ်မဟုတ်လား….
၀၅ ဒီဇင်ဘာ ၂၀၁၅