ကဗျာ

လင်းသက် ငြိမ် – မှော်အောင် (သို့) သတ္တိ ကောင်းတဲ့ကဗျာ

 
လင်းသက် ငြိမ်  – မှော်အောင် (သို့) သတ္တိ ကောင်းတဲ့ကဗျာ
(မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၁၅
လက် မှတ် က သေချာတယ် 
တစ် နည်းအားဖြင် မပြန် လို့မရတဲ့ ခရီး ပေါ့
လောကကြီးထဲငါတို့ ရောက် ကတည်းက
အစီအစဉ် တကျ ရရှိထားခဲ့ ပေါ့။
 
သေခြင်းတဲ့ ငါတို့ရဲ့အခန်းနက် ကြီး
တွင်းမည်းကြီး
 
သမ္မတကြီးလည် သေတယ် 
ပြည့် တန် ဆာမလည် သေတယ် 
ဘုရားတကာလည် သေတယ် 
ကဗျာဆရာ တွေလည် သေကြတယ် 
မြတ် ဗုဒ္ဓလည် ပရိနိဗ္ဗာန် ပြုရတယ် 
ယေရှုလည် သေတယ် 
မိုဟာမက် လည် သေတယ် 
 
ဟစ် တလာ ကောအိုင်းစတိုင် ကော
ထူးအိမ် သင် ကော မောင် ချောနွယ် ကော
ဘယ်သူမှ မလွတ် ကြဘူး
ဘယ်သူမှ လွတ်မှာမဟုတ် ဘူး
ခန္ဓာရဲ့သစ္စာဟာ တစ် ဆင့် ချင်းပြိုကွဲပျက် စီး
 
ငါ ကြောက် တယ် 
ကျွန် တော် ကြောက် တယ် 
ခင် ဗျားကမ ကြောက် ဘူး
ခင် ဗျားရဲရင့် တယ် 
ခင် ဗျားကသတ္တိရှိတယ် 
ကင် ဆာတဲ့ အဲဒီမိစ္ဆာနဲ့ ပျော် ပျော် ကြီး နေတယ် 
 
အပြုံးမပျက် ပိုက် ဆံမရှိဘူး
ဆေးသွင်းဖို့မ သေချာဘူး
စိတ် ဓာတ် မကျဘူး
 
ကဗျာ တွေပဲ ရေးတယ် 
ကဗျာ တွေပဲပို့တယ် 
ကဗျာအလုပ် တွေပဲလုပ် တယ် 
 
ငြင်းခုံတယ် ၊ရန် ဖြစ် တယ် ၊ပြဿနာတက် တယ် 
အရင်အတိုင်းပဲ အရင် က မှော် အောင် ပဲ
သေခြင်းကို မှော်အောင် ထားတဲ့အတိုင်းပဲ။
 
ခေါင်းတုံးဖြစ် နေတဲ့ဦးခေါင်းကို
ဦးထုပ်ဆောင်းပြီး ကဗျာရွတ် တယ် 
ပိန် လှီတဲ့ခန္ဓာကိုယ်နဲ့ လရောင်လမ်းချိုး မဂ္ဂဇင်းကို
အယ်ဒီတာ လုပ်တယ် 
မဂ္ဂဇင်တွေမှာ ခပ်စိပ်စိပ် ကဗျာတွေပါခဲ့တယ် 
ရသအလင်းက ထောက် ပံ့ ကြေး ပေးတယ် 
ကျွန် တော့်ကဗျာတွေကို ဖတ်တယ် 
ကျောင်းသားတွေနိုင်ကြောင် ပြောတယ် 
လက်ပတ်ဖြူ ပတ်ခဲ့တယ် 
ဖက်ဒရယ်ကြောင်းကို လူတိုင်းနဲ့ ငြင်းခုံတယ် 
 
ခင်ဗျားကို ကျွန်တော် အကုန်လုံး မကြိုက်ပါဘူး
ခင် ဗျားကို တော်တော်များ ကြိုက်ပါတယ် 
သေခင်က သရဏဂုံလာတင်တဲ့
ကဗျာတစ်ပုဒ်ကို ခွင့်လွှတ် ပေးတာကအစ
ဖတ်သမျှ စာကဗျာတွေကို
မှတ်မိနေတတ်တာက အဆုံး
ခင်ဗျားဟာ လူသားဆန် သူကဗျာဆရာပါပဲ
 
သင်္ကြန်တွင်း ကျွန် တော် လူ့ဘောင်က ခဏခွာတယ် 
ပြန် ရောက်လာတော့ ခင်ဗျားဆေးရုံတက်နေတဲ့
သတင်းကြားတယ် 
ဆေးရုံမှာ ညသွားစောင့်ပေးတော့လည်
ခင်ဗျားက အမာ … 
လင်းသက် ငြိမ် 
အချိုရည်တွေ မုန့်တွေရှိတယ် ကြိုက်တာစားတဲ့
ကျွန်တော်က ခင်ဗျားရဲ့အဆုတ်ထဲ ထုတ်ထားတဲ့
သွေးပုလင်တွေကိုကြည့်ရင် သွေးပျက် 
ခင်ဗျားကိုကြည့်တော့ မာ မြဲ မာလျှက် 
ခင်ဗျားကို ကဗျာတွေ ရွတ် ပြခဲ့တယ် 
ခင်ဗျားက ကဗျာကို စူးစူးစိုက်စိုက် နားထောင် နေတယ် 
ခင်ဗျား မသေသေးဘူးလို့ ကျွန်တော် ယုံတယ် 
ကဗျာဆရာ မှော်အောင်    
ရောင် လမ်းချိုး ခေတ် ပေါ်ကဗျာအဖွဲ့မှ ကွယ် လွန် သူ ကဗျာဆရာ မှော် အောင် အတွက် 
သတိရခြင်းအားဖြင် ရေးဖွဲ့ပါသည်

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts